spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာချက်ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာချက်ထုတ်ပြန်

    -

    မင်းသုတ – လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းလက်ငင်း လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့တို့က ယမန်နေ့ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

    ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၈ ရက်အထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများတွင် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သည့်အိမ် ၅၃၅၁ နှင့် လူဦးရေ ၃၂၂၃၁ တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်း၊ သာမန်ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင်သတင်း စာများမှတဆင့် သိရှိရပါသည်ဟု ကြေညာချက်နိဒါန်းတွင် ရေးသားဖေါ်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ကြေညာချက်ထုတ်ရန်ဆွေးနွေးခဲ့ကြစဉ်(Internet)
    လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီခေါင်းဆောင်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ ၅ ရက်နေ့၊ ညနေပိုင်းတွင် လွှတ်တော်ကိုယ်စား လှယ်များနားနေရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂) စားရိပ်သာတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ရန် သဘောတူခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်အရေးနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတြ်ပန်ရင် ဒုက္ခခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားများတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ အချက်အလက်တွေပါဝင်ရမယ်” ဟု ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းပါတီ၊ “ဝ”အမျိုးသားပါတီ၊ အင်းသားပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)နှင့် အမျိုးသားဒီမိုကရေစီအင်း အားစု(NDF)ပါတီများမှ ပြည်ထောင်စုလွှတ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    ယင်းဆွေးနွေးပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ရေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက “ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကြေငြာချက်တစ်စောင်ထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်အားလုံးကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူကြတယ်” ဟု ပြောသည်။

    ထိုထုတ်ပြန်ကြေညာချက်တွင် “ဤပဋိပက္ခဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေတိုင်း ရင်းသား ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ယခင်ကမှတ်ချက်ပေး ပြောဆိုခြင်းမပြုခဲ့ပေ။

    ရခိုင်ပြည်နယ်အရေးသည် ပြည်တောင်စုအရေးဖြစ်သောကြောင့် လွန်ခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အရေးတကြီးအဆိုတင်သွင်းမှုတစ်ရပ်ကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက တင်ပြခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts