spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းနှစ်ပါတီဆိုင်းဘုတ် ယှဉ်တွဲတင်ထားပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဆိုင်းဘုတ်ပြန်ဖြုတ်ချ

    နှစ်ပါတီဆိုင်းဘုတ် ယှဉ်တွဲတင်ထားပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဆိုင်းဘုတ်ပြန်ဖြုတ်ချ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်တွင် နေအိမ်အဆောက်အအုံတစ်ခုတည်း၌ မွန်နှစ်ပါတီဆိုင်းဘုတ်နှင့် အလံများ အတူယှဉ်တွဲတင်ထားခဲ့ကြရာမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီAMDP က ဆိုင်းဘုတ်ဖြုတ်ချခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ MDP ဆိုင်းဘုတ်တစ်ခုတည်းသာ ကျန်ရှိနေသည်ကို ရွာခံများမြင်တွေ့ခဲ့ရသည်။

    နှစ်ပါတီဆိုင်းဘုတ် ယှဉ်တွဲတင်ထားစဉ်။(photo: IMNA)

    အဆိုပါ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဆိုင်းဘုတ်ကို ယမန်နေ့ညပိုင်းတွင် ကမာဝက်တိုက်နယ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်အချို့က ၄င်းတို့၏ပါတီဆိုင်းဘုတ်အား လာရောက်ဖြုတ်ချလိုက်သည်ကို အိမ်ရှင်ပြောပြသဖြင့်သိရှိခဲ့ရကြောင်း မွန်ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    AMDP က ဆိုင်းဘုတ်ဖြုတ်ချခဲ့ပြီး ယခုလက်ရှိပုံ
    ၎င်းက “ နှစ်ပါတီစလုံးဆိုင်းဘုတ်အတူတင်ကြဖို့ ကမာဝက်တိုက်နယ်အဆင့် နှစ်ဖက်ပါတီဝင်တို့ကသဘောတူထားကြတယ်၊ အခုတစ်စုံတစ်ရာ ဘာမပြောပဲနဲ့ ဘာလို့ သူတို့ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာကိုတော့ ကျနော်တို့လဲ နားမလည်ဘူး” ဟု ပြောသည်။

    ကမာဝက်ကျေးရွာ၊ ရွာလယ်ပိုင်း ဓါတ်တော်ကျောင်းအနီး မူလကဖွင့်လှစ်ထားရှိသော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နေအိမ်အဆောက်အအုံနေရာ၌ ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်နေ့တွင် နှစ်ပါတီဆိုင်းဘုတ်နှင့် အလံယှဉ်တွဲတင်ကြကာ ပါတီတစ်ရုံးတည်း၌ တစ်ပတ်ကြာအတူဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    မွန်နှစ်ပါတီတစ်ရုံးတည်း၌ အတူဖွင့်လှစ်ထားခြင်းကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုခွင့်မပြုသဖြင့် အဆိုပါကမာဝက်တိုက်နယ်ပါတီဆိုင်းဘုတ်ဖြုတ်ချပေးရန် မုဒုံမြို့နယ်ရုံးက အမိန့်ပေးဆောင်ရွက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကမာဝက်တိုက်နယ်ဥက္ကဌ နိုင်ဗညားချမ်းက ပြောသည်။

    နိုင်ဗညားချမ်းက“ မြို့နယ်ရုံးတာဝန်ရှိသူတွေပြောတာက တစ်ရုံးထဲမှာ ပါတီနှစ်ခုဆိုင်းဘုတ်ထောင် အလံတင်တဲ့အစဉ်အလာမရှိကြဘူးဆိုပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ရဲ့နည်းပဒေတွေမှာ နှစ်ပါတီဆိုင်းဘုတ်အတူ မထားရှိရဘူးဆိုတဲ့ တားမြစ်ချက်တွေကိုလည်း မတွေ့မိပါဘူး” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDPနှင့် မွန်ဒီမိုကရေစီပါတီ MDPနှစ်ပါတီတို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ တစ်ပါတီအမည်သစ်တစ်ခုတည်းဖြင့် ပေါင်းစည်းသွားကြမည်ဟု လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ်ပါတီခေါင်းဆောင်များက ပူးတွဲကြေညာချက်များထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts