spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်ရဲစခန်းက ဓမ္မသတ်ရွာသားများကိုဆန္ဒပြခွင့်မပြု

    ကျိုက်မရောမြို့နယ်ရဲစခန်းက ဓမ္မသတ်ရွာသားများကိုဆန္ဒပြခွင့်မပြု

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာ မူလတန်းစာသင်ကျောင်း မြေရောင်းစားခဲ့သည့် ရွာဥက္ကဌဟောင်းကိစ္စတိုင်ကြားသူအား အသရေဖျက်မှုဖြင့်ထောင်ချခဲ့ သည့် ကိစ္စရပ်အပေါ် မကြေနပ်ကြသော ရွာသားများဆန္ဒပြခွင့်ပြုတောင်းဆိုမှုကို ကျိုက်မရောမြို့နယ် ရဲစခန်းက ခွင့်မပြုဟု သိရသည်။

    ထိုသို့ဆန္ဒပြခွင့်ပြုမိန့်မရှိသဖြင့် မော်တော်ကားများဖြင့် လူခြောက်ရာခန့်လိုက်ပါလာသော ဓမ္မသတ် ရွာသားများသည် ယမန်နေ့၊ နေ့လည်ပိုင်း၌ မော်လမြိုင်ခရိုင်တရားရုံးသို့ ၄င်းအမှုအယူခံစီရင်နေချိန် သွားရောက်နားထောင်ခဲ့ကြသည်။

    မြို့နယ်ရဲစခန်းတစ်ခု၏ ဆန္ဒပြခွင့်ငြင်ပယ်သည့်အမိန့်စာ(Internet)
    “မူလတန်းစာသင်ကျောင်းမြေ ခိုးရောင်းစားတဲ့လူကို အရေးမယူပဲနဲ့ တိုင်ကြားတဲ့သူကို ထောင် ခြောက်လချလိုက်တယ်၊ ဒါကိုရွာသားတွေမကြေနပ်တော့ ကျိုက်မရောမြို့ပေါ် ဆန္ဒပြခွင့် တောင်း ဆိုခဲ့တယ်၊ ဒါကိုလည်းခွင့်မပြုဘူး၊ အမှုကိုခရိုင်တရားရုံးမှာ ကျနော်တို့အယူခံဝင်ထားဆဲပဲ၊ ဆန္ဒပြခွင့်မရတဲ့အတွက် မနေ့ကအမှုစီရင်နေတဲ့အချိန်သွားနားထောင်ခဲ့ကြတယ်” ဟု ဦးဆောင် လှုပ်ရှားသူတစ်ဦးဖြစ်သည့် မင်းစိုးမြင့်က ပြောသည်။

    ရွာဥက္ကဌဟောင်း ဦးထွန်းလင်း မူလတန်းကျောင်းမြေအချို့ရောင်းစားခဲ့သည်ဟု ဆိုသည့် ကိစ္စရပ် တွင် သက်ဆိုင်ရာသို့မမှန်မကန်တိုင်ကြားသည်ဟု ဓမ္မသတ်ကျေးရွာနေ ဦးစိုးသိန်းအား ကျိုက် မရောမြို့နယ်တရားရုံးက ယခုလ ၂ ရက်နေ့တွင် အသရေဖျက်မှုပုဒ်မ ၅၀ဝ ဖြင့် ထောင်ခြောက် လကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ယင်းအမှုကို မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်လျှက်ရှိရာ လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် အပြီးသတ်စီရင်ချက်ချမည်ဟု သိရသည်။

    “ရွာဥက္ကဌအကြီးအကဲဟောင်းတွေက မြို့နယ်အဆင့်အာဏာပိုင်တွေနဲ့ ရင်းရင်းနှီးနှီးရှိကြတယ်၊ အပေးအယူတွေရှိခဲ့တယ်၊ ကျနော်တို့တရားရေးလောကမှာ ခြစားမှုတွေရှိခဲ့တာကိုဘယ်သူမှလည်း မငြင်းနိုင်ပါဘူး၊ ဒါပေမယ့် ဒီအမှုကို ဆက်ပြီးလေ့လာစောင့်ကြည့်သွားမှာပါ၊ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခွင့် တရားဝင်တောင်းဆိုတာကို ခွင့်မပြုတာကလည်း စဉ်းစားစရာဖြစ်နေတယ် ” ဟု မော်လမြိုင်မြို့မှ အမှုလိုက်ရှေ့နေတစ်ဦးက ပြောသည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းလိုက်ပြီးနောက် မကျေနပ်မှုများ၊ နစ်နာမှုများအား ဆန္ဒထုတ် ဖေါ်ခွင့်များရရှိခဲ့သည်။

    ယခုလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဓမ္မသတ်ကျေးရွာသားများက ကျိုက်မရောမြို့နယ် တရားရုံး ရှေ့၌ ဆန္ဒထုတ်ဖေါ်ရန် ရဲစခန်းသို့ကြိုတင်လျှောက်ထားရာ၌ ဆန္ဒပြမည့် လူအရေအတွက်၂၀ဝ မှ ၁၀ဝ၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

    ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၅ အရ သက်ဆိုင်ရာရဲစခန်းမှ ခွင့်ပြုမိန့်ငြင်းပယ်နိုင်သော်လည်း ၄င်းဥပဒေပုဒ်မ ၉ အရအယူခံဝင်နိုင်သည်ဟု သိရသည်။

    ပြီးခဲ့သည့်ဇူလိုင်လတွင် ကျရောက်သောအာဇာနည်နေ့အခမ်းအနားများ မွန်ပြည်နယ်မြို့နယ်အသီးသီးတွင် ငြိမ်းချမ်းစွာစုဝေးခွင့်တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းများက ကျင်းပခွင့်မပြုခဲ့ပေ။

    [vslider name=”dhanmasa”]

    ဆက်စပ်သတင်း

    6 COMMENTS

    1. လူကြီးမင်းတို့ uploaded လုပ်ထားတဲ့ ဓမ္မသရွာက သတင်းနှင့်ပတ်သက်ပြီး သေသေချာချာ ပြန်လည်သုံးသပ် စေခြင်တယ်။ အဲဒီမြေကို ရောင်းလိုက်တဲ့ ကျောင်းကော်မတီမှာ ဦးထွန်းလင်း ပါဝင်ခြင်းလုံးဝ မရှိပါ၊ နောက်ကွယ်မှာ နိုင်ငံရေး ပရောဂ အများကြီးပါတယ်၊ တကယ်တမ်း တန်ပြန်တရား ပြန်စွဲတာ ဦးထွန်းလင်းမဟုတ်ဘူး ကျောင်းကော်မတီဟောင်းတွေ တဖက်သူရဲ့ စကားကိုမေးမြန်း ကြည်ဖို့လိုတယ်ဗျာ၊ ဒီမှာ ဦးထွန်းလင်းရဲ့ ဖုန်းနံပါတ် ဝ၀၉၅၉၈၇၀၂၀၈၂. မီဒီယာရဲ့ ကျဉ့်ဝတ်နဲ့ အညီ အလုပ်လုပ်စေချင်တယ်… အမျိုးသားရေးအတွက်ပေါ့ဗျာ

    2. ကျောင်းကော်မတီ ဦးထွန်လင်းအား ဦးဆောင်လျက် မူလတန်းကျောင်းကိုပြိုဖျက်စီး၍ ၎င်းမြေကွက်အား ရွှာသားများကို ရောင်ကာ ရသောငွေကို ဘောလုံးကွင်း အာဇာနည်နေ့ အထိမ်မှတ်ပြုလုပ်ရန်အစီစဉ်ခဲ့သည်မှာ အမှန်တကယ်မဟုတ်ပါ။ယခု ဓမ္မသရွှာရှိပညာသင်ကျောင်းမှာ ဘောလုံးကွင်းမရှိပါ ယခု ထပ်မံ ဆောက်လုပ်နေသော ကျောင်းမှာ အရင်က မူလတန်ကျောင်းထက်ပို၍ ကျဉ်းလာသည် ၎င်းကျောင်းမှာအခုထိမပြီးသေးပါ။

    3. ကျောင်းကော်မတီမှာ ဦးထွန်းလင်း ပါဝင်ပတ်သက်ခြင်း လုံးဝမရှိဘူးဆိုတာ မိမိအသိအကျ ပြောနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မိမိအနေနဲ့အမှုခွင်အတွင်း လျှောက်လွဲချက်များကို ဖတ်ခဲ့ရလို့ပင် ဖြစ်သည်။ ဘညလုံးကွင်းတို့ အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပရန်ဆိုတာ ဆန္ဒပြရန် လျှောက်ထားတဲ့နေရာ ကိုပြောတာဗျ။ ခင်ဗျားဟာက ခုတ်တာတခြား ရှရာတလွေ ဖြစ်နေပြီး ကိုယ့်လူ။ ပြီးတော့ အဲဒီဆန္ဒပြသွားတဲ့လူတတွေရော ဘာဖြစ်လို့ အရှေ့ကျောင်း(ဘုန်းကြီးကျောင်း) ကလူသက်သက်ဖြစ်နေရသလဲ။ ဆန္ဒသွားမပြယင် ဘုန်းကြီးကျောင်း မလာရဘူး ဆိုတာကိုရော ဘယ်လိုငြင်းချက်ပေးမလဲ၊ ရှင်းရှင်းပြောရယင် အဲဒီရှာက ဗဟုသုတ တော်တော်နည်းတဲ့ရွာ။

      • အဲဒါ အရင်တုန်က ဦးထွန်လင်း လူမဆန်တဲ့စိတ်နဲ့ ရွှာကို အုပ်ချုပ်ထားတာဖြစ်မှာပေါ့ နောက်ပြီတော့ ဦးထွန်းလင်းကကော ဘယ်ကျောင်းခင်ဗျာသိလား ဦးထွန်လင်းကျွေးတဲ့ထမင်းက ခင်ဗျာစားဖူးတယ်ထင်ပါတယ်နော်….ဒါပဲ လူဆိုတာ ကိုယ်ကျေးဇူးကိုသိသတ်ရမယ်..ခိခိခိ

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts