spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်

    ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့ပေါင်းစည်းရေး အတွက် နှစ်ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်တို့ သဘောတူညီချက် ၄ ရပ်ကို လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    အထက်ပါ မွန်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်သောသဘောတူညီချက်များတွင် (၁)မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့သည် ပူးပေါင်းရန်သဘောတူညီကြသည်၊( ၂)၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံး ထား၍ တစ်ပါတီအဖြစ်ပူးပေါင်းရမည်၊ (၃)အဆင့်ဆင့်ညှိနှိုင်း သွားရန်အတွက် တစ်လတစ်ကြိမ် တွေ့ဆုံမည်၊ (၄)ပါတီနာမည်သစ်တစ်ရပ် ဖြစ်ပေါ်လာအောင် ဆက်လက်ဆွေးနွေးသွားမည်ဟု ဖေါ်ပြပါရှိသည်။

    အောက်တိုဘာ ၁၃ ရက်နေ့၊ အောင်စေတီကျောင်းတိုက် မွန် ၂ ပါတီဆွေးနွေးပွဲ

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “မွန် ၂ ပါတီပေါင်းစည်း ရေးကိုလက် မခံတဲ့လူတွေကို ချန်ထားခဲ့မယ်၊ ကျနော်က တာဝန်သိ တာဝန်ရှိတဲ့ခေါင်းဆောင်တစ်ဦး အနေနဲ့ ပေါင်းစည်းရေးအတွက် ရဲရဲကြီးဆုံးဖြတ်ထားတယ်” ဟု ပြောသည်။

    ၄င်းထုတ်ပြန်ကြေညာချက်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်း၊ မွန်လူမျိုးရေးရာညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးခေမာနန္ဒနှင့် မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၂) နိုင်တင်အောင် တို့လက်မှတ်ရေးထိုးထားသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့၊ အောင်စေတီဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော မွန်လူမျိုးရေးရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ (၆) ကြိမ်မြောက်ဆွေးနွေးပွဲ သဘောတူညီချက်ကို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ယင်း(၆)ကြိမ်မြောက်ဆွေးနွေးပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်း၊ တွဲဖက်အတွင်းရေးမှူး မင်းစံတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စိုက် တို့(၃)ဦးနှင့် မွန်ဒီမိုကရေစီပါတီက ဒု-ဥက္ကဌ(၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မွန်ရာဇာ(ခေါ်) မင်းစိုးဝင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ပန်းအောင်နှင့် နိုင်စိုးမြင့်တို့တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ရဟန်းသံဃာတော်များနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    [vslider name=”amdpmdp”]

    တစ်ပါတီအမည်သစ် မသတ်မှတ်ရသေးမီ လက်ရှိကြားကာလတွင် တစ်ပါတီစီမှ ၃ ဦးကိုယ်စား လှယ် စုစုပေါင်း ၆ ဦးဖြင့်ဖွဲ့စည်း၍ လူထုစည်းရုံးရေးများပြုလုပ်သွားသည့်အခါ အထက်ပါ သဘောတူညီမှုအချက် ၄ ချက်ကို အတူတကွရှင်းပြကြမည်ဖြစ်ပြီး ပါတီအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်ရေးဝေဖန်ပုတ်ခတ်မှုများ လုံးဝမပြုလုပ်ကြရန် တားမြစ်ထားသည်။

    “ကျနော်တို့ပါတီကတော့ ၂၀၁၄ ဒီဇင်ဘာအထိမစောင့်ချင်ဘူး၊ အခုချက်ချင်းပေါင်းလည်းရတယ် ကျနောတို့ပါတီက ပေါင်းစည်းဖို့ အတိအလင်းဆုံးဖြတ်ထားပြီးဖြစ်တယ်၊ ဥပမာတစ်ဖက်စီက ဗဟိုကော်မတီဝင် ၂၁ ဦးစီနဲ့ပေါင်းကြရင် ၄၂ ဦးဖြစ်လာမယ်၊ အဲဒီအထဲက လှို့ဝှက်မဲနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုရွေးချယ်တင်မြှောက်လိုက်ရင်ပြီးတာပါပဲ၊ ဒီလူနဲ့ဒီလူတွေပဲ ဟိုကွေ့ဒီဝိုက် ဘာမှရှည်ရှည်ဝေးဝေး လုပ်နေစရာမလိုဘူး”ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts