spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းတက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ

    တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ

    -

    အဇာတာ – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက်တန်းကျောင်းတွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ခွင့်လျှောက်လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

    ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား(Photo- ဘုရားသုံးဆူ)
    ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း လျှောက်လွှာကြေးတစ်စုံအတွက် မြန်မာငွေ ၂၅၀ဝ- ကျပ်နှုန်းပေးသွင်းကြရသော်လည်း ဘုရားသုံးဆူမြို့နယ်ခွဲတွင် မြန်မာကျပ်ငွေ ၇၀ဝ၀-တန်ဖိုးနှင့်ညီမျှသော ထိုင်းဘတ်ငွေ ၂၅၀ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

    “ကျောင်းက ဒီတနင်္ဂနွေနေ့ဆို ကြာအင်းဆိပ်ကြီးကို လျှောက်လွှာသွားတင်ကြတော့မယ်လို့ပြောတယ်၊ မနေ့ကအပြီးပေးသွင်းခဲ့ပြီးပြီ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    တက္ကသိုလ်ဝင်တန်းလျှောက်လွှာများကို ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက်ပေးပို့ရသည့်အတွက် လမ်းခရီးဝန်ဆောင်ခစရိတ်ပါ အပိုကြေးငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    အဆိုပါလျှောက်လွှာများကို နေပြည်တော်ရုံးအမှတ် ၅၂- မြန်မာနိုင်ငံစာစစ်(ရုံးချုပ်) နှင့် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ရှိ မြန်မာနိုင်ငံစာစစ်အဖွဲ့(ဇွဲကပင်ဆောင်)၌ ယခုလစက်တင်ဘာ ၃ ရက်နေ့မှစတင်ရောင်းချခဲ့ပြီး လျှောက်လွှာပိတ်ရက်မှာ ယခုလ ၂၈ ဖြစ်သည်ဟု သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။

    ဘရားသုံးဆူမြို့ အထကတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေ ၈၀ ကျော်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts