spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်ရေး ထိုင်းအစိုးရစီစဉ်

    ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်ရေး ထိုင်းအစိုးရစီစဉ်

    -

    အဇာတာ – ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ရွေ့ပြောင်းအလုပ်သမားကလေးသူငယ်များနှင့် ထိုင်းနိုင်ငံ ကလေးများအပါအဝင် ၆ နှစ်အောက် အခြေခံကျန်းမာရေးစောင့်ရှောင့်ခွင့် ကဒ်ပြားထုတ်ပေးရန် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် Yingluck Shinawatra အစိုးရကစီစဉ်နေကြောင်း ယမန်နေ့ဘန်ကောက်ပို့(စ်)အင်တာနက် သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

    ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး မစ္စတာ ဝစ်တာယာ ဗရာနသီရိ
    ပြည်သူ့ကျန်းမာရေးဝန်ကြီး မစ္စတာ ဝစ်တာယာ ဗရာနသီရိ Witthaya Buranasiri က ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါဝင် တစ်ခြားပြည်ပမှ ရွေ့ပြောင်းအလုပ်သမားကလေးများအတွက် အခြေခံကျန်းမာရေးပြုစုစောင့်ရှောက်ခွင့် ဝန်ဆောင်မှုတစ်ရပ်ကို အစိုးရကပေါ်လစီလမ်းညွန်ချက်တစ်ခုက အဖြေရှာ ဖော်ထုတ်ခဲ့သည်ဟု သတင်းစာမျက်နှာတွင်ရေးသားဖေါ်ပြသည်။

    “အစိုးရဘက်က အခြေခံကျန်းမာရေးကဒ်ပြားတွေကို ထိုင်းနိုင်ငံသားအပါအဝင်၊ ပြည်ပအလုပ်သမားတွေရဲ့ ၆ နှစ်အောက်ကလေးတွေကို ကဒ်ထုပ်ပေးမယ်” ဟု ယင်းအင်တာနက်သတင်းစာမျက်နှာတွင် ဖေါ်ပြသည်။

    ထိုင်းနိုင်ငံကျန်းမာရေး စစ်တမ်းကောက်ယူလေ့လာချက်အရ ထိုင်းကလေးများနှင့် ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ၏ကလေးများအခြေခံကျန်းမာရေး ကုသစောင့်ရှောက်ခြင်းမရရှိခဲ့သည့်အတွက် ၇ % ခန့် မှတ်ဉာဏ်နောက်ကျခဲ့သည်ကို ရှာဖွေတွေရှိခဲ့ကြသည်ဟုလည်း ၎င်းသတင်းတွင် ဖော်ပြပါရှိ သည်။

    ကျန်းမာရေးစောင့်ရှောက်ခွင့်ကဒ်ပြားကို ၆ နှစ်အောက် ကလေးများရောဂါကုသရေးအတွက် အခမဲ့ကုသခွင့်ရှိပြီး တစ်ခြားကာကွယ်ဆေးထိုးခြင်းကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။

    တခြားဝန်ဆောင်မှုများဖြစ်သည့် ကိုယ်ဝန်ဆောင်စစ်ဆေးခြင်း၊ ကလေးဆေးရုံနှင့် ကလေး စောင့်ရှောက်ရေးကျောင်းများတွင်လည်း ဝန်ဆောင်မှုပိုမိုကောင်းမွန်အောင် မြှင့်တင်ရန် အစီအစဉ်ရှိသည်။

    “တကယ်လို့ ကျန်းမာရေးကဒ်ထုတ်ပေးလို့ရှိရင် ကျမတို့အတွက် အဆင်ပြေမယ်လေ သမီးလေးဖျား နားလာရင်ဆေးဖိုးခသက်သာတာပေါ့ ” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွေ့ပြောင်း အလုပ်သမား တစ်ဦးက ပြောသည်။

    ၂၀၁၁ ခုနှစ်စာရင်းအရ ထိုင်းနိုင်ငံတွင် ထိုင်းလုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တရာဝင်မှတ်ပုံတင်ထားသည့် အလုပ်သမားပေါင်း ၈ သိန်းခွဲကျော်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts