spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းနယ်စပ်သွားရောက်သူများအား မွန်ပြည်နယ်တွင်ရှောင်တခင်စစ်ဆေးနေ

    နယ်စပ်သွားရောက်သူများအား မွန်ပြည်နယ်တွင်ရှောင်တခင်စစ်ဆေးနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တဖက်နိုင်ငံ(ထိုင်း)သို့ နေ့စဉ်ဝင်ရောက်လျှက်ရှိသော မြန်မာနိုင်ငံသားများအား မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံ-ကြာအင်းဆိပ်ကြီးနှင့် မော်လမြိုင်-မြဝတီလမ်းကြောင်းများတွင် မွန်ပြည်နယ် လူကုန်ကူးမှုကာကွယ်တားဆီးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးနေကြောင်း သိရသည်။

    မြန်မာနိုင်ငံသားများဖြစ်ကြသည့် ကျား/မအရွယ် လူငယ်လူလတ်ပိုင်းများ ထိုင်းနိုင်ငံသို့ လူပို့ပွဲစားမှတဆင့် တရားမဝင်လမ်းကြောင်းမှနေစဉ်ဝင်ရောက်လျှက်ရှိရာ လူကုန်ကူးမှုအခြေအနေများဖြစ်ပေါ်စေနိုင်သဖြင့် ယင်းကဲ့သို့တားဆီးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်လူကုန်ကူးမှုကာကွယ်တားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

    လူကုန်ကူးမှုကာကွယ်တားဆီးရေးပညာပေး(Photo-MRTV-4)
    ၎င်းက “ဒီရက်အတွင်းမှာ ချင်းပြည်နယ်ဖက်ကနေဝင်လာတာအတော်များတယ်၊ နယ်စပ်မှာအသိမိတ်ဆွေတွေခိုင်ခိုင်မာမာရှိရင်တော့ သွားခွင့်ပြုပါတယ်၊ နယ်စပ်မှအသိဆွေမျိုးမရှိသူ၊ နိုင်ငံကူးလက်မှတ်ယာယီပတ်စပို့မရှိသူတွေကိုတော့ နေရပ်ပြန်ခိုင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်နိုင်ငံမှာ အရောင်းစားခံမှာစိုးရိမ်ရတယ်” ဟု ပြောသည်။

    ဇမိမြစ်အတွင်းပြေးဆွဲနေသော ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ချောင်းဆုံလှေလမ်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူလမ်းပိုင်းမှ အုပ်စုအလိုက် ချင်းလူငယ်အများအပြား ပြီးခဲ့သည့်သီတင်းပတ်များတွင် ဝင်ရောက်ခဲ့ကြသည်။

    ယင်းလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ နေ့စဉ်တရားမဝင်လမ်းကြောင်းမှဝင်ရောက်သူများ တစ်ရာယောက်ဝန်းကျင်ခန့်ရှိရာတွင် ချင်းတိုင်းရင်းသား ၂၀ ဝန်းကျင်ခန့်ပါရှိတတ်ကြောင်း ဘုရားသုံးဆူမြို့၊စစ်ဆေးရေးဂိတ်တစ်ခု၏မှတ်တမ်း အရသိရသည်။

    ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ င်ရောက်ခဲ့သူများအနက် အချို့မှာပွဲစား၏ ရောင်းစားခြင်းခံလိုက်ရပြီး ယောကျာ်းလူငယ်များသည် ပင်လယ်ငါးဖမ်းလှေများတွင်၄င်း၊ မိန်းကလေးများသည် အနှိပ်ခန်း၊ ကာရာအိုကေခန်းနှင့် ပြည့်တန်ဆာရုံများသို့ ရောက်ရှိနေကြသည့်သတင်းများ မကြာခဏဖတ်ရှုနေရသည်။

    မြန်မာနိုင်ငံသည် ၂၀ဝ၈-၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက် မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်းဆုံးနိုင်ငံဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြား ခဲ့ကြောင်း အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်းကို ချမှတ်ဆောင်ရွက်လျှက်ရှိပြီး လူကုန်ကူးမှုကိစ္စရပ်များအား ၂၄ နာရီတိုင်ကြားနိုင်သည့် အရေးပေါ်ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားခဲ့သည်။

    မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ္မ စေခိုင်းမှု ပပျောက်ရေးလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO နှင့် အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမြင့်သိန်းတို့ ပြီးခဲ့သည့် မေလအတွင်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. စစ်ဆေးရေးဂိတ်..ရဲ့အမည်ကိုဖေါ်ပြပေးပါ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts