spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ရှေ့နေချုပ် မုံလာဥ မလုပ်နဲ့။

    ရှေ့နေချုပ် မုံလာဥ မလုပ်နဲ့။

    -

    ကိုလေးမောင်
    ကိုအေး ။ ။ မင်္ဂလာပါ ကိုဋ္ဌေး။

    ကိုဋ္ဌေး ။ ။ -ဟုတ်ကဲ့ မင်္ဂလာပါ ကိုအေး။

    ခုတလော ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးနှင့် ခုံရုံးအဖွဲ့ဝင်တွေကို လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက အရေးယူဖို့ လက်မှတ်ထိုးပြီး တင်ထားတာ၊ ခင်ဗျား ဘယ်လိုသဘော ရသလဲဗျို့။

    – ဒီနေရာမှာ ဖွဲ့စည်းပုံဆိုင်ရာ ခုံးရုံးရဲ့ အခန်းကဏ္ဍကိုတော့ နားလည်ဖို့ လိုလိမ့်မယ်နော ကိုအေးရေ။

    အေးဗျာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်လာမှ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကလဲ ပေါ်လာတာလေ။ ဟိုတုန်းက တရားလွှတ်တော်ချုပ်ကို သွားရမယ့်ကိစ္စကို ခုတော့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို သွားခိုင်းနေတာဗျ။

    -ဟုတ်တယ်လေ ကိုအေးရဲ့။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်ရမယ်လို့ ပါပါတယ်။ ခင်ဗျား မှတ်မိမလား မသိဘူး၊ အမေရိကန်မှာလဲ တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်ချက် ချမှတ်တာပဲ၊ သမ္မတ ကိုသော်မှ ဝါးတားဂိတ် အရေးအခင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်တယ်လေ။ တရားစီရင်ရေး လွတ်လပ်မှုရှိတဲ့ နိုင်ငံတိုင်းမှာ တရားရုံးချုပ်ရဲ့အခန်း ကဏ္ဍက သိပ်ကိုကြီးမားပါတယ်။

    အော် ဒါနဲ့ ခုတလော ဆရာမကြီး တဦးက စေတနာ အပြည့်နဲ့ပြတ်ပြတ်သားသား ထုတ်ဖော်သွားတာ ကြားလိုက်မပေါ့။ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်က ”စုတ်ပြတ်သတ်” နေတာပဲတဲ့ဗျာ။ ကျနော်တော့ ရှက်လိုက်တာ၊ ဒီနယ်ပယ်ကို ပြစ်တင်ရှုံ့ချကြတာ ကြာပြီလေ။ ကိုဋ္ဌေး ရဲ့။

    – ဟုတ်တယ် ကိုအေး၊ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဖျက်သိမ်း မခံရခင် ကာလက ကျနော်တို့ မြန်မာ့ တရားစီရင်ရေး စနစ် လွတ်လပ်ခဲ့ပုံကို ပြေးမြင်ယောင်မိတယ်ဗျာ။ အခြေခံဥပဒေထဲမှာလဲ အတိအလင်း ပြတ်ပြတ်သားသား ဖော်ပြထားပြီးသားရှိရဲ့နဲ့ဗျာ။နော်။

    ဟုတ်ပါ့ဗျာ။ ဒါကြောင့်ပေါ့။ ကျနော်တို့ တ က သ ရန်ကုန်တက္ကသိုလ်မှာ ပဉ္စမ အကြိမ်မြောက် တက္ကသိုလ် နှင့် ကောလိ်ပ် ပေါင်းစုံ ဆွေးနွေးပွဲ သဘောထား ထုတ်ပြန်ကြေညာချက် ထဲမှာပါတယ်လေဗျာ။

    -အော် အမျိုးသား လွှတ်လပ်ရေးနဲ့ ဖွဲ့စည်းုအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ကြရန်၊ ပန်ကြားလွှာ တစောင် ထုတ်ခဲ့တာကိုးဗျ။

    ဟုတ်တယ်။ ဟုတ်တယ်။ ၁၉၅၉ ခုနှစ်၊ ဇန္နဝါရီလ (၂-၃) ရက်နေ့မှာပေါ့။ န အ ဖ ထောင်ထဲမှာ ကျဆုံးသွားတဲ့ အကိုကြီး ကိုညိုဝင်း တို့ပါတယ်လေဗျာ။ အထွေထွေ အတွင်းရေးမှုးက ကျနော်တို့နောင်တော်ကြီး ကိုခင်အောင် ပေါ့။

    ကျနော်တို့ ကျောင်းသားတွေဟာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ခဲ့ကြတယ်။ ဥပဒေကို ဘယ်တုန်းကမှ မချိုးဖောက်ဘူး။ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိစေရန်နှင့် သမဂ္ဂ ဖျက်သိမ်းရေး အမိန့်ကို ရုပ်သိမ်းရန်အတွက်သာ သဘောတူ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျာ။

    အေးဗျ ။ ခု ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကတော့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက လူတိုင်းပြော နေကြတယ်။ အမှိုက်ပုံးတဲ့ ခင်ဗျား။ နိုင်ငံကိုယ်စား ရှက်လိုက်တာ။ ပြောကို မပြောချင်တော့ပါဘူးဗျာ။

    မဟုတ်သေးဘူးလေ ကိုအေးရေ။ ခင်ဗျားတို့ ကျနော်တို့မှ မပြောရင် ဘယ်သူတွေက ၈၈ မျိုးဆက်သစ် လူငယ်တွေကို ပြောပြမှာတုန်း။ ကျနော်တို့သေသည်အထိတော့ ပုခုံးပြောင်းတာဝန်တွေကို ထမ်းရအုံးမယ်လေ။

    -ခင်ဗျားပုခုံးလဲ မာပါတယ်။ထင်းထမ်းရင်း ကျင့်ပြီးသားပဲ မဟုတ်လား။ ညီလေး ညီမလေးတွေ၊ တူလေး တူမလေး တွေကို အမှောင်ထဲမှာ ပစ်ထားခဲ့မလား။ မတွေးရက်စရာကြီးဗျာ။

    အေးပါ။ ခုတလော အပြောင်းအရွှေ့ တွေနဲ့ပတ်သက်လို့ တောင်ပြောမြောက်ပြော ပြောနေကြတာကို အသာထားလို့၊ ခုပြဿနာကိုပဲ ပြောပါအုံး။

    – အင်္ဂလိပ် ဥပဒေ စနစ် အောက်မှာ ခေါက်ရိုးကြိုးလာတဲ့ ခုခေတ် မြန်မာနိုင်ငံမှာ ဥရောပ ဥပဒေ စနစ်ကို ထည့်သွင်း ပြဋ္ဌာန်းလာတဲ့ ကပြားဥပဒေစနစ်ကို တီထွင်လာတဲ့ ပြဿနာကြီးလို့ ကျွန်တော့် တဦးတည်း အမြင်၊ သဘောထားကို ပြောတာပါ။

    ဟုတ်ပြီ။ ဥပဒေစနစ်ဆိုတာ အပေါ်ထပ် အဆောက်အအုံလို့ နိုင်ငံရေး ဘောဂဗေဒမှာ ပါတယ်နော်။ ဘယ်အပေါ်မှာ အခြေခံလဲ ဆိုတော့ အခြေခံစီးပွား အဆောက်အအုံပေါ်ကမှ ပြဋ္ဌာန်းရတာ မဟုတ်ပါလား။

    -အေးပေါ့။ အခြေခံ စီးပွားရေး အဆောက်အအုံကို တိုးတက်ထွန်းကားအောင် ရွေ့နိုင်တဲ့ ဥပဒေမျိုး ဖြစ်ရမပေါ့။ ဒါမှ မဟုတ်ရင် အလုပ်မလုပ်ဘူးလို့ မရွေ့ဘူးလို့ ပြောရမယ်။ ဒီလောက် ဆင်းရဲနေတာ ဘုရားဆွမ်းကပ်ဖို့ ဘုရားစဉ်တောင် မရှိတဲ့အိမ်ကို ဘယ်ဘုရားက ဆွမ်းလာခံမှာလဲဗျ။

    ဟုတ်ပ ကဗျာဆရာကြီးရာ။

    -ကိုဋ္ဌေး စဉ်းစားကြည့်လေ။ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် ဖွဲ့ရာက စတဲ့ စနက်မီးပဲ မဟုတ်လား။

    အော ဟုတ်ပ။ သမ္မတကြီး အရှက်ရသွားတယ်လေဗျာ။ သူ့ကိုယ်ပွား ရှေ့နေချုပ်က ဝင်ချုပ်တယ်။ မဟုတ်တာ အနာလုပ်နေကြတယ်လေဗျာ။

    -ကော်မရှင်တွေ၊ ကောင်စီတွေဆိုတာ န အ ဖ ကြံ့ဖွံ့လှည်းအိုကြီးပေါ်ကနေ ”ဟေ့ – ရံတိုင်က ညိုကြီး ဖတ်စပ်ကလပ် ဂီရာ ထိုးလိုက်စမ်း”လို့ အမိန့်ပေးနေတာ တွေ့နေရတယ်လေ ဗျာ။

    ပြည်ထောင်စု တိုင်းရင်းသား ခေါင်းဆောင်ကြီးများကို ယဝယ ဝုဒ္ဓိ၊ ဂုဏ ဝုဒ္ဓိ လေးစားဖို့တော့ ကောင်းပါတယ်ခင်ဗျာ။ ရှေ့နေချုပ်ရုံးက မဟုတ်တရုပ် ဥပဒေတွေထုတ်၊ လွှတ်တော်မှာ ပြဿနာလုပ်၊ အလုပ်ရှုပ်ပြရုံဖြင့် ခတ်ကွင်းပြင်ရင်း ရွာသာကြီး ရောက်တော့ မလိုလို။

    – ခုလဲ ကော်မရှင်တွေ၊ ကောင်စီတွေ အမိန့်နဲ့ဖွဲ့။ လက်မခံတော့ ရပ်ဆိုင်းတာ၊ ရွေ့ဆိုင်းတာ၊ ခဏခဏ တွေ့မြင်နေရတယ်လေဗျာ။ အတားအဆီး ပြဿနာက ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အရှုပ်တော်ပုံပဲလေ။

    ပြောကို မပြောချင်တော့ပါဘူး။ သူ့များ အမှောင့်လုပ်ငန်းထဲ သူငယ်ချင်းရေ ဝင်မပါလေနဲ့။ ကိုယ့် အလုပ်ကိုယ်လုပ်ရအောင်နော။

    -ကျေးဇူး ကမ္ဘာပဲ သူငယ်ချင်း။ တလတခါတော့ တွေ့ရအောင်နော။

    ကိုအေးရေ ကျန်းမာ သက်ရှည်ဖို့သာပ။

    -နောက်တချီ ပြန်တွေ့ကြအုံးမယ်နော်။

    ကောင်းပြီ ကိုအေး ရေ့။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts