spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

    -

    ဂျူရီချိုင်း – ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီဌာနချုပ်ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း၌ ဖွင့်လှစ်လိုက်သည်။

    SNLD ဥက္ကဌ ဦးခွန်ထွန်းဦး
    ရုံးချုပ်ဖွင့်ပွဲအခမ်းအနားသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ ရခိုင်၊ မွန်၊ ဇိုမီး၊ ကရင်၊ ချင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဒီမိုဂရက်တစ် မြန်မာ၊ ၈၈ ကျောင်း သားများအဖွဲ့နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စုစုပေါင်း ပါတီဝင် ၃၀ ခန့် တက်ရောက် ခဲ့ကြသည်ဟု ပါတီ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

    ၎င်းက “ဗဟိုဌာနရုံးချုပ်ကို ကျနော်တို့ ဒီမနက်ပိုင်းမှာ ဖွင့်လှစ်ခဲ့တယ်၊ နောက်ကျန်တဲ့ မြို့နယ်တွေမှာ ကျနော်တို့ ဌာနရုံးခွဲဆက်ဖွင့်ဖို့ ရှိသေးတယ်” ဟု ပြောသည်။

    အခမ်းအနားကို ယနေံနံနက် ၉ နာရီအချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များက ပါတီသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နေ့လည် ၁၁ နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

    အလားတူ ရှမ်းပြည်နယ်တစ်ခုလုံးမှအစရှိသည့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းလူမှုအဖွဲ့အစည်းတို့ အပါအဝင်တက်ရောက်သူ ၂၀ဝ ကျော် ရှိသည်ဟုလည်း စိုင်းလိတ်က ပြောသည်။

    ယခု ဖွင့်လှစ်လိုက်သည့် ရုံးခန်းမှာ ပင်မဗဟိုဌာနရုံးချုပ်အဖြစ် ထားရှိသွားမည်ဖြစ်ပြီး မန္တလေး၊ တောင်ကြီး၊ လာလျှိုး၊ ကျိုင်းတုံမြို့များတွင် ပါတီရုံးခွဲများအဖြစ် ထပ်မံဖွင့်လှစ်သွားမည်ဟု သူက ပြောသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်မခံသဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံတင်ခြင်း မပြုသည့်အတွက် ဖျက်သိမ်းခံထားရသည့် SNLD သည် ပါတီပြန်လည်တည်ထောင်ခွင့်ရရန် မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ရကာ ပြီးခဲ့သည့်မေလ ၂၃ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားဆဲဖြစ်သည်။

    ၂၀ဝ၃ ခုနှစ်က စတင်ခဲ့သည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေးကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၂၀ဝ၄ ခုနှစ်တွင် ညီလာခံမှ နှုတ်ထွက်ခဲ့သည်။

    ၂၀ဝ၄-၅ ခုနှစ်တွင် ပြည်ထောင်စုမှ ခွဲထွက်လိုမှု၊ မတရားအသင်းဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှု စသည့် အမှုပေါင်းများစွာဖြင့် ယခင်စစ်အစိုးရ၏ စွပ်စွဲခြင်းကို ခံရပြီး၊ ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှုး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှေအာင်တို့အား ဖမ်းဆီး ကာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရသည်။

    အလားတူ ၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က မွန်ဒီမိုကရေစီပါတီအမည်ဖြင့်လည်းကောင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်က ဇိုးမီးတိုင်းရင်းသား ကွန်ဂရက် အမည်ဖြင့်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့က မူလ အမည်ဖြင့်လည်းကောင်း ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် အသီးသီး ပြန်လည် မှတ်ပံတင်ခဲ့ကြသည်။

    SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မွဲဆန္ဒနယ် ၂၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အတွင်း မဲအများဆုံးရရှိခဲ့ကာ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts