spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းသြစတေးလျအွန်လိုင်း အဝေးသင်တက္ကသိုလ် မြန်မာနိုင်ငံ တိုင်းရင်းသား ကျောင်းသားများအား ဘွဲ့တံဆိပ်ချီးမြှုင့်

    သြစတေးလျအွန်လိုင်း အဝေးသင်တက္ကသိုလ် မြန်မာနိုင်ငံ တိုင်းရင်းသား ကျောင်းသားများအား ဘွဲ့တံဆိပ်ချီးမြှုင့်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သြစတေးလျနိုင်ငံအတွင်းရှိ တက္ကသိုလ်ပေါင်း (၈) ခုနှင့် စုစည်းထားသည့် Open Universities Australia (OUA) မှ အွန်လိုင်းစနစ်ဖြင့်သင်ကြားပြီး ဘွဲ့ ဒီဂရီ ရရှိသည့် မြန်မာနိုင်ငံတိုင်းရင်းသား ကျောင်းသား (၄) ဦးအား လွန်ခဲ့သည့်စနေနေ့က တက္ကသိုလ်ကြီး (၂) ဖြစ်သည့် ဂရီဖွင့်တက္ကသိုလ် (Griffith University) နှင့် ကာတင်တက္ကသိုလ် (Curtin University) မှ ဘွဲ့ လက်မှတ်များ ချီးမြှင့်ကြောင်း သိရသည်။

    Photo: ပအိုဝ့် ကျောင်းသား ခွန်စန်းကျော်မှ ဘွဲ့ ဒီဂရီအား ရယူစဉ်
    ဘွဲ့ ဒီဂရီချီးမြှုင့်သည့်အခမ်းအနားတွင် OUA-Burma Project ၏ အတတ်ပညာထောက်ကူပြုတာဝန်ခံ ‘ဆရာဦးသိန်းနိုင်’ က ‘ကျောင်းသားတွေဟာ အလုပ်အကိုင်ကိစ္စ မိသားစုကိစ္စ မအားလပ်တဲ့အကြားမှာ ကြိုးစားကြတာကို တွေ့ရတယ်၊ ဒီအစီအစဉ်ကို လာမည့် ၂၀၁၃ ခုနှစ် ပညာရေးဆိုင်ရာဘွဲ့ ပညာ (B.Ed.) အတွက် ဆက်လက်တိုးချဲ့ သွားမှာဖြစ်ပြီတော့ ရန်ကုန်မှာလည်း ဖွင့်လှစ်ဘို့ ကြိုးစားသွားပါမယ်"ဟု ပြောသည်။

    ဘွဲ့ ဒီဂရီ ချီးမြှုင့်သည့် အခမ်းအနားကို မဲဆောက်မြို့ မြန်မာအလုပ်သမား ကလေးငယ်များ ကျောင်းတက်ရာ CDC အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ဒေသခံခေါင်းဆောင်များအပါအဝင် လူဦးရေ (၂၀ဝ) ခန့် တက်ရောက်ပါသည်။

    ယခု အွန်လိုင်းပညာရေးအစီအစဉ်ကို အဖွဲ့ အစည်းများတွင် အလုပ်လုပ်ကိုင်နေသူ၊ မိမိမိသားစုနှင့် ရပ်ရွာအားမကွဲမကွာ နေထိုင်လိုသူများအတွက် စီစဉ်ထားသည်ဟု ဆိုသည်။

    OUA အွန်လိ်ုင်းအစီအစဉ်တွင် လေ့လာသူ (၂၀) ကျော် ရှိသော်လည်း ယခုအောင်မြင်သွားသူထဲတွင် မွန်အမျိုးသား နိုင်ကဆုမွန် (မွန်သတင်းအေဂျင်စီ- အယ်ဒီတာချူပ်) မှ သတင်းဆက်သွယ်ရေးဒီဂရီ (Bachelor of Communication) ၊ ပအိုဝ့် အမျိုးသား ခွန်စန်းကျော်မှ လူမှုရေးရာ ဒီဂရီ Bachelor of Art (Sociology)၊ ကရင်အမျိုးသားမှ စောနေထူးနှင့် ကာဆာပေါတို့မှ လူထုကျန်းမာရေးဆိုင်ရာ ဒီဂရီ (Post-graduate Certificate and Diploma in Public Health) များကို ရရှိကြပါသည်။

    OUA မှ ပညာရှင်တဦး Ms. Sara က "ယခုသင်ကြားတဲ့ပညာရပ်တွေဟာ နိုင်ငံတကာအဆင့်မီတဲ့ပညာရေးဖြစ်လို့ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်တဲ့ ကိစ္စတွေမှာလည်း တပိုင်းတစ ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

    ဒီဂရီပေးအပ်သည့်အခမ်းအနားသို့ OUA မှ ပညာရှင်များ တာဝန်ခံများသာမက ထိုင်းအစိုးရ ပညာရေးဝန်ကြီးဌာနမှလည်း တက်ရောက်ကြသည်။

    OUA သည် နာမည်ကြီး တက္ကသိုလ် (၈) ခုဖြစ်သည့် Curtin University, Griffith University, Macquarie University, Monash University, RMIT University, Swinburne University of Technology, University of South Australia and Murdoch University နှင့် ပူးပေါင်းထားကာ ကမ္ဘာပေါ်ရှိ ကျောင်းသား (၅၅၀ဝ၀) ကျော်အား အွန်လိုင်းပညာရေးစနစ်ဖြင့် တက္ကသိုလ်ဘွဲ့ ပညာများ သင်ကြားပေးနေသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. I am the one who occupied with work and couldn’t find time for further study.So, I really interested in online distance education. How can I be included in the program? Please let me know.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts