spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ မုဒုံမြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ဖွဲ့စည်းပြီး

    မွန်ဒီမိုကရေစီပါတီ မုဒုံမြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ဖွဲ့စည်းပြီး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒီမိုကရေစီပါတီ MDP ၊ မုဒုံမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အခမ်းအနားတစ်ရပ်ပြုလုပ်၍ ယမန်နေ့တွင်ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီသံဖြူဇရပ်မြို့နယ်အလုပ်အမှုဆောင်ဖွဲ့စည်းခဲ့စဉ်
    မွန်ဒီမိုကရေစီပါတီသံဖြူဇရပ်မြို့နယ်အလုပ်အမှုဆောင်ဖွဲ့စည်းခဲ့စဉ်

    ယင်းအခမ်းအနားကို မုဒုံမြို့၊ ဗိုလ်ချုပ်လမ်း၊ အရှေ့ဗိုလ်တဲရပ်ကွက်ရှိ နိုင်စိုးလွင်နေအိမ်၌ မွန်းတည့် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီကျင်းပခဲ့ရာ စိတ်ပါဝင်စားသူတစ်ရာဦးနီးပါးခန့် တက်ရောက်ခဲ့ကြသည်ဟု အခမ်းအနားဦးစီးကျင်းပသူများထံမှ သိရသည်။

    သဘာပတိအဖွဲ့ဝင်တစ်ဦးအဖြစ်တက်ရောက်ခဲ့သူ မွန်ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာမင်းကြည်ဝင်းက “လောလောဆယ်ဖြစ်ပေါ်နေတဲ့ မွန်နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ကျနော်ရှင်းပြပါတယ်၊ အားလုံးကလည်း မွန်တစ်ပါတီပဲဖြစ်စေချင်ကြတဲ့ ဆန္ဒတွေရှိကြတယ်၊ တစ်ပါတီဖြစ်ဖို့ကို ကျနော်တို့ကြိုးစားနေပါတယ်၊ တချိန်ထဲမှာလည်း ကျနော်တို့ပါတီဝင်အင်အားဖြည့်ဖို့လုပ်သွားမယ်၊ မြို့နယ်၊ ကျေးရွာတွေမှာ ပါတီရုံးတွေဖွင့်လှစ်သွားမယ် ” ဟု ပြောသည်။

    သဘာပတိအဖြစ် မွန်ဒီမိုကရေစီပါတီဒု-ဥက္ကဌ(၂) နိုင်တင်အောင်က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် နိုင်ပန်းအောင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် အခမ်းအနားမှူးအဖြစ် မင်းစိုးဝင်း(ခ) နိုင်မွန်ရာဇာက ဆောင်ရွက်ခဲ့သည်။

    အခမ်းအနားတွင် မုဒုံမြို့နယ်အလုပ်အမှုဆောင် ၂၁ ဦးကိုအတည်ပြုရွေးချယ်ခဲ့ပြီး ဥက္ကဌအဖြစ် နိုင်သောင်းစိန်နှင့် အတွင်းရေးမှူးအဖြစ် နိုင်မြင့်လွင်တို့အား တင်မြှောက်ကြသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း ၁၉ ဦးပါဝင်သောအလုပ်အမှုဆောင်အဖွဲ့ကို ယခုလ ၆ ရက်နေ့တွင် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    “ပါတီဝင်အင်အားကိုစုစည်းပြီး အနည်းဆုံးအင်အားတစ်ထောင်စာရင်းကို နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရပါမယ်၊ အခု ၂ မြို့နယ်ပဲဖွဲ့စည်းရပါသေးတယ်၊ ပါတီဝင်အင်အား ၅၀ဝ ကျော်သွားပြီ” ဟု MDP ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

    နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၃၄/၂၀၁၂) အရ လာမည့်အောက်တိုဘာ ၁၀ ရက်နေ့မတိုင်မီတွင် မွန်ဒီမိုကရေစီပါတီက အနည်းဆုံးပါတီဝင်အင်အားစာရင်းတစ်ထောင်ကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည် ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီအမည်သစ်ပြောင်းခဲ့သော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ယခင်ကပါတီဝင်ဦးရေ သောင်းဂဏန်းနှင့်ချီ၍ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts