spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နလ္လာ နှစ်ပတ်လည်နေ့ လူငယ်အဖွဲ့များကျင်းပ

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နလ္လာ နှစ်ပတ်လည်နေ့ လူငယ်အဖွဲ့များကျင်းပ

    -

    ကျလွန်းထော – ယနေ့ သြဂုတ်လ ၈ ရက်နေ့သည် ကွယ်လွန်သွားခဲ့သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နလ္လာ (ခေါ်) နိုင်ဆိတ်နို့ ၏ နှစ်ပတ်လည်နေ့ ကို မုဒုံမြို့နယ် နှီးဗဒေါကျေးရွာရှိ မွန်လူငယ်အဖွဲ့များက ဂါရဝပြု အခမ်းအနားကျင်းပခဲ့ကြသည်။

    ၄င်းအခမ်းအနားကို နံနက် (၉း၃၀) နာရီအချိန်တွင် နိုင်နလ္လာ၏ ရုပ်ထုကျောက်တိုင် တည်ထားသည့် ၄င်း၏ ဇာတိမြေဖြစ်သည့် နှီးဗဒေါကျေးရွာ၌ သံဃာတော်များအား ဆွမ်းကပ်လှူ အမျှပေးဝေခြင်နှင့် လွမ်းစွပ်ပန်းခွေများဖြင့် ဂါရဝပြုကြသည်။

    “မွန်ပြည်သူတို့ ဒုက္ခအပေါင်းမှ ကင်းလွတ်ဖို့ ခေါင်းဆောင်ကောင်းပီတစွာနဲ့ ရှေ့ဆောင်ပေးခဲ့တဲ့ ဒုဥက္ကဌနိုင်နလ္လာလိုပဲ မွန်လူငယ်တို့လည်း ခေါင်းဆောင်ကောင်း ပီသဖို့အတွက် ဥက္ကဌကို ဥပမာယူပြီး လုပ်ဆောင်သွားကြပါ” ဟု နိုင်ချမ်းတိန်းက အခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည်။

    ဂါရဝပြုအခမ်းအနား ပြုလုပ်ခဲ့သည်းမှာ (၆) ကြိမ်မြောက် ပြည့်ခဲ့ပြီးဖြစ်ကြောင်း ယခု ပြုလုပ်သည့် အခမ်းအနားမှာ အစည်းကာဆုံးဖြစ်ပြီး မွန်လူငယ် (၂၀ဝ) ဦး ကျော်ကျော် တက်ရောက်ခဲ့သည်။

    ပထမအကြိမ် ဂါရဝအခမ်းအနား ပြုလုပ်ခဲ့စဉ်က မွန်ပြည်သစ်ပါတီမှ အဖွဲ့ဝင်အနည်းငယ်သာ တက်ရောက်ခဲ့ပြီး အာဏာပိုင်များ၏ စစ်ဆေးမှု့များ ခံရကြောင်း၊ နောက်ပိုင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲလာချိန်မှစ၍ စည်ကားစွာ ပြုလုပ်နိုင်ခဲ့သည်ဟု အခမ်းအနား ဖြစ်မြောက်ရေးတာဝန်ခံ နိုင်သက်က ပြောသည်။

    နိုင်သက် က “ဒုဥက္ကဌ နိုင်နလ္လာကြောင့် ကျနော်တို့ မွန်ပြည်နယ်မှ မွန်ဝတ်စုံတွေ ဝတ်ဆင်လာနိုင်တာ၊ ကျနော်တိုဒုဥက္ကဌက မွန်ပြည်သူအတွက် ခေါင်းဆောင်ကောင်း ပီသခဲ့တဲ့အကြောင်းနှင့် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲခဲ့ပုံတွေကို အခုခေတ်လူငယ်တွေ သိလာစေဖို့နဲ့၊ ဒုဥက္ကဌလို ခေါင်းဆောင်တစ်ယောက်ကို လေးစားဂုဏ်ယူတဲ့အနေနဲ့ အခုလို ဂါရဝပြု အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်၊ နောက်နှစ်တွေမှာလည်း ဒီထက်စည်စည်ကားကားဖြစ်အောင် ပြုလုပ်သွားဖို့ ကြိုးပမ်းသွားမယ်” ဟု ပြောသည်။

    အခမ်းအနားတွင် နိုင်နလ္လာ၏ အထ္ထုပ္ပတ္တိ ဖတ်ကြားခြင်း၊ မွန်လူငယ်အဖွဲ့နှင့် မွန်အမျိုးသားနေ့ကော်မတီအဖွဲ့ နှင့် မွန်ပြည်သစ်ပါတီကိုယ်စား တို့က လွမ်းပန်းခွေများဖြင့် ဂါရဝ အလေးပြုကြပြီးနောက် ၁၀ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးသွားခဲ့သည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နလ္လာသည် အသက် ၂၂ အရွယ်မှစ၍ နှီးဗဒေါကျေးရွာ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး သက္ကရာဇ် ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် နိုင်ဖိုးချိုဦးဆောင်သည့် မွန်အမျိုးသားရေးအဖွဲ့၌ ဗဟိုကော်မတီအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

    ဥပဒေဘောင်အတွင်း နိုင်ငံရေး လှုပ်ရှားမှုအတွက် ကြိုးပမ်းခဲ့သော်လည်း ဗိုလ်ချူပ်နေဝင်း အစိုးရ၏ ဖမ်းဆီးပိတ်ပင်မှုကြောင့် လက်နက်ကိုင်ကာ တော်လှန်ခဲ့သည်။ သက္ကရာဇ် ၁၉၆၃ ခုနှစ်တွင် ဦးနေဝင်းဦးဆောင်သည့် အစိုးရအဖွဲက နိုင်နလ္လာအပါအဝင် မွန်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။ ထောင်မှ လွတ်ပြီး ၁၉၇၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၌ အတွင်းရေးမှုအဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ဒုဥက္ကဌဗဟိုအဖြစ် မွန်ပြည်သစ်ပါတီတွင် ဦးဆောင် တာဝန်ယူခဲ့သည်။

    သြဂုတ်လ ၈ ရက် ၁၉၈၉ ခုနှစ်တွင် သံဃာတော်များနှင့် ကျောင်းသားဟောင်းများက ၈ လေးလုံးနှစ်ပတ် လည်နေ့ ပြုလုပ်ရာ သဘာပတိအနေဖြင့် မိန့်ခွန်းပြောကြားရာမှ လဲလျောင်းသွားက ၄င်းစင်မြင့်၌ပင် အသက်ကုန်ဆုံးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts