spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ (MDP)ရုံးချုပ် ဆိုင်းဘုတ်တင်ပွဲကျင်းပ

    မွန်ဒီမိုကရေစီပါတီ (MDP)ရုံးချုပ် ဆိုင်းဘုတ်တင်ပွဲကျင်းပ

    -

    နိုင်မာန် – မွန်ဒီမိုကရေစီပါတီ (MDP) ဗဟိုရုံးချုပ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ၎င်း၏ရုံးတွင် ယမန်နေ့က ကျင်းပခဲ့သည်။

    မော်လမြိုင်မြို့ မြိုင်သာယာရပ် ရာဇာဓိရာဇ်လမ်း မွန်ဒီမိုကရေစီပါတီရုံးချုပ် ဆိုင်းဘုတ်တင်ပွဲ

    ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(MNDP)၊ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်နိုင်ငံရေးခေါင်းဆောင်များနှင့် အရိုအသေခံသြဇာကြီးသည့် မွန်သံဃာတော်အပါး(၃၀) တက်ရောက်ခဲ့ကြသည်။

    ထို့ပြင် မော်လမြိုင်မြို့နယ်အမျိုးသားဒီမိုကရေစီပါတီ အဖွဲ့ချုပ်(NLD) ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

    မွန်ဒီမိုကရေစီပါတီ (MDP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)တို့ ယခုနှစ် ၂၀၁၂ အတွင်း တပါတီအဖြစ်ပေါင်းစည်းရန် ယခုလ (၁၄)ရက်နေ့တွင် သဘောတူလိုက်သည်။

    ယင်းသို့ ပါတီနှစ်ခု ပေါင်းစည်းရန်သဘောတူညီချက်ရရှိပြီးနောက် နှစ်ဖက်အဖွဲ့ဝင်များ ပေါင်းစည်းခြင်း၊ တာဝန်ခွဲဝေပေးခြင်းနှင့် နိုင်ငံရေး လုပ်ငန်းများကို အတူတကွ အစီအစဉ်ဆွဲပြီး လုပ်ဆောင်သွားမည်ဟု မွန်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

    မော်လမြိုင်မြို့ မြိုင်သာယာရပ် ရာဇာဓိရာဇ်လမ်း မွန်ဒီမိုကရေစီပါတီရုံးချုပ် ဆိုင်းဘုတ်တင်ပွဲ
    မွန်ဒီမိုကရေစီပါတီ (MDP)အနေဖြင့် မကြာမီတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်တိုက်နယ် တွင်လည်း မြို့နယ်ရုံးထပ်ဖွင့်မည်ဖြစ်သည်။

    ကမာဝက်တိုက်နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)အဖွဲ့ဝင်တဦးက “ရုံးဖွင့်ဖြစ်ရင် အခုမွန်ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီ (AMDP) ရုံးနဲ့ ကမာဝက်မှာပဲ ပေါင်းပြီးဖွင့်မယ်၊ ဆိုင်းဘုတ် ရော၊ အလံရော၊ရုံးရော တစ်နေရာ၊တစ်ရုံးတည်း၊ ပါတီဝင်တွေလည်း တစ်ပါတီပဲပေါင်းဖွင့်မယ်”ဟု ပြောသည်။

    မူလပထမတွင် မွန်ဒီမိုကရေစီပါတီ (MDP)နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)တို့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီနှစ်ခုကို ပူးပေါင်းရန် အချက်(၄) ချက်ပါ သဘောတူညီချက်လက်မှတ်ကို ယခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

    သို့သော် ညှိနှိုင်းရေးအဖွဲ့မှ မွန်သံဃာတော်များက ယင်းပါတီနှစ်ခုကို ပူးပေါင်းရန် ပြီးခဲ့သည့်လ (၁၈) ရက်နေ့တွင် တောင်းဆိုခဲ့ပြီး မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကလည်း အလားတူ တိုက်တွန်းတောင်ဆိုခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)သည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရပြီး ပြီးခဲ့သည့်ဧပြီလတွင် မွန်ဒီမိုကရေစီပါတီ (MDP) အမည်သစ်ဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts