spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းလက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင်ထောင်ဒဏ်ချမှတ်ခံရ

    လက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင်ထောင်ဒဏ်ချမှတ်ခံရ

    -

    မင်းနေလင်း – ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ဒေသရှိ ပါနန်းအရပ်တွင် တရားဝင် အလုပ်သမား လက်မှတ်မရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များဖမ်းဆီးခဲ့ရာ အရွယ်ရောက်ပြီးသူ ၁၆၀ ဦးကျော် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရလိုက်ကြောင်း သိရသည်။

    ဖမ်းဆီးခံမြန်မာအလုပ်သမားများ(Photo-IMNA)
    ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း စက်ရုံများသို့ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၁၀ ဦးနှင့် အရွယ်မရောက်သေးသူ ကလေးအလုပ်သမား ၃၂ ဦးတို့ အဖမ်းခံခဲ့ရသည်။

    ယင်းတို့ထဲမှ အရွယ်မရောက်သေးသူများကို ပြန်လွှတ်ပေးခဲ့ပြီး အရွယ်ရောက်ပြီးသူ ၁၆၃ ဦးကို တစ်ဦးလျှင် ထောင်ဒဏ် ၄၅ ရက်စီ အပြစ်ဒဏ်ပေးလိုက်ကြောင်း ချုံဖော်-ပါနန်အခြေစိုက် ရခိုင်လူမှုရေးအသင်းမှ ကိုကျော်သန်းမောင်က ပြောသည်။

    တရားဝင် အလုပ်သမားလက်မှတ် မရှိသူများကို အလုပ်စေခိုင်းသဖြင့် အလုပ်ရှင်များအား အလုပ်သမား တဦးစီအတွက် ဘတ် ၁၀ဝ၀ဝ စီ ဒဏ်တပ်ခံရကြောင်း ပါနန်းရဲများနှင့် အလုပ်ရှင်းများမှ ပြောကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    “အရွယ်မရောက်သေးတဲ့ ကလေးတွေကိုတော့ ဇူလိုင်လ ၆ ရက်နေ့ကည်းက ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့တွေကို ဆေးစစ်မှု သုံးကြိမ်စီ ပြုလုပ်ပြီးမှ ပြန်လွှတ်ပေးတာပါ။ အခုဖမ်းတာက ဒီကဒေသခံ ရဲတွေဖမ်းတာ မဟုတ်ပါဘူး။ လာရောက် ဖမ်းဆီးတဲ့ အဖွဲ့က ပေါ်ပေါ်တော်ချော်ဆိုတဲ့ တရားမဝင် အလုပ်သမားများ ဖမ်းဆီးရေးအဖွဲ့က စက်ရုံတွေကို ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာ ဖြစ်ပါတယ်´ ဟု World Vision အဖွဲ့မှ မြန်မာဝန်ထမ်း မွန်အမျိုးသား မင်းစိုးခိုင်က ပြောသည်။

    ချုံဖော်ဒေသရှိ ပါနန်သည် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော အရပ်ဖြစ်သည်။ ရေလုပ်ငန်းတွင် သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts