spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမော်လမြိုင်အထက(၈) ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက် ၉၀ ရာနှုန်းကျော်

    မော်လမြိုင်အထက(၈) ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက် ၉၀ ရာနှုန်းကျော်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ပြီးခဲ့သည့် ၂၀၁၁-၁၂ တက္ကသိုလ်ဝင်အောင်ချက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၈) သည် အောင်ချက် ၉၂ ဒဿမ ၅၅ ဖြစ်ကြောင်း သိရသည်။

    ဒေါ်မြင့်မြင့်ကြူ၊ ကျောင်းအုပ်ကြီး၊ အမှတ် ၈ အထက
    မော်လမြိုင်မြို့၊ အထက(၈)မှ စာမေးပွဲဖြေဆိုခဲ့သူ ၁၆၁ ဦးအနက် ၁၄၉ ဦးအောင်မြင်ခဲ့ရာတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ၄ ဦး၊ လေးဘာသာ ၁၁ ဦး၊ သုံးဘာသာ ၁၄ ဦး၊ နှစ်ဘာသာ ၁၄ ဦး၊ တစ်ဘာသာ ၂၂ ဦးဂုဏ်ထူးအသီးသီးရရှိခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

    “ပြည်နယ်အဆင့်မှာ ကျောင်းအလိုက်ပထမရခဲ့တဲ့အကြိမ်မနည်းတော့ပါဘူး၊ ဘာသာစုံ ၆ ဘာသာဂုဏ်ထူးရှင်မရရှိခဲ့သလို တစ်ခါမှလည်း ၉၀ ရာနှုန်းကျော်မရခဲ့ပါဘူး၊ ဒီနှစ်ကျမှထူးထူးခြားခြား အောင်ချက်အမြင့်ဆုံးပေါ့” ဟု အထက(၈) မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

    အမှတ်(၈) အထကသည် မိန်းခလေးများသီးသန့်ကျောင်းဖြစ်ပြီး ယခင်က စိန့်မေရီကျောင်းဟု ခေါ်တွင်ခဲ့သည်။

    သို့ရာတွင် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက်အောင်ချက်တွင် မော်လမြိုင်မြို့နယ်သည် ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက်အဆင့် တတိယနေရာသာရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ်အောင်ချက်ဒုတိယ၊ မုဒုံမြို့နယ်သည် အောင်ချက် ၇၁ ဒဿမ ၁ ရာနှုန်းဖြင့်ပထမ ရရှိခဲ့သည်။

    မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်ဖြေဆိုသူ ၁၃၇၉၆ ရှိသည့်အနက် ၇၂၀၂ ဦးအောင်မြင်သဖြင့် ၅၂ ဒဿမ ၂ ရာနှုန်းဖြင့် တစ်နိုင်ငံလုံးတွင်အောင်ချက်အမြင့်ဆုံးဖြစ်သဖြင့် ၅ နှစ်ဆက်တိုက်အောင်ချက်အမြင့်ဆုံးဖြစ်ခဲ့သည်။

    မြန်မာနိုင်ငံတဝှမ်းလုံးတွင် ၂၀၁၁-၁၂ ပညာသင်နှစ်တက္ကသိုလ်ဝင်အောင်ချက် ၃၅ ဒဿမ ၁၂ ရာနှုန်းဖြစ်ပြီး ကျောင်းသားတစ်သိန်းခြောက်သောင်းကျော် အောင်မြင်ခဲ့သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ဂုဏ်ယူစရာပါပဲကွာ၊ဒါမှတို့ –မွန်ပြည်တော်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts