မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင်အထက(၈) ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက် ၉၀ ရာနှုန်းကျော်

မော်လမြိုင်အထက(၈) ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက် ၉၀ ရာနှုန်းကျော်

ရေးသားသူ:

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ပြီးခဲ့သည့် ၂၀၁၁-၁၂ တက္ကသိုလ်ဝင်အောင်ချက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၈) သည် အောင်ချက် ၉၂ ဒဿမ ၅၅ ဖြစ်ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်ကြူ၊ ကျောင်းအုပ်ကြီး၊ အမှတ် ၈ အထက
မော်လမြိုင်မြို့၊ အထက(၈)မှ စာမေးပွဲဖြေဆိုခဲ့သူ ၁၆၁ ဦးအနက် ၁၄၉ ဦးအောင်မြင်ခဲ့ရာတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ၄ ဦး၊ လေးဘာသာ ၁၁ ဦး၊ သုံးဘာသာ ၁၄ ဦး၊ နှစ်ဘာသာ ၁၄ ဦး၊ တစ်ဘာသာ ၂၂ ဦးဂုဏ်ထူးအသီးသီးရရှိခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ပြည်နယ်အဆင့်မှာ ကျောင်းအလိုက်ပထမရခဲ့တဲ့အကြိမ်မနည်းတော့ပါဘူး၊ ဘာသာစုံ ၆ ဘာသာဂုဏ်ထူးရှင်မရရှိခဲ့သလို တစ်ခါမှလည်း ၉၀ ရာနှုန်းကျော်မရခဲ့ပါဘူး၊ ဒီနှစ်ကျမှထူးထူးခြားခြား အောင်ချက်အမြင့်ဆုံးပေါ့” ဟု အထက(၈) မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

အမှတ်(၈) အထကသည် မိန်းခလေးများသီးသန့်ကျောင်းဖြစ်ပြီး ယခင်က စိန့်မေရီကျောင်းဟု ခေါ်တွင်ခဲ့သည်။

သို့ရာတွင် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက်အောင်ချက်တွင် မော်လမြိုင်မြို့နယ်သည် ယခုနှစ်တက္ကသိုလ်ဝင်အောင်ချက်အဆင့် တတိယနေရာသာရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ်အောင်ချက်ဒုတိယ၊ မုဒုံမြို့နယ်သည် အောင်ချက် ၇၁ ဒဿမ ၁ ရာနှုန်းဖြင့်ပထမ ရရှိခဲ့သည်။

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်ဖြေဆိုသူ ၁၃၇၉၆ ရှိသည့်အနက် ၇၂၀၂ ဦးအောင်မြင်သဖြင့် ၅၂ ဒဿမ ၂ ရာနှုန်းဖြင့် တစ်နိုင်ငံလုံးတွင်အောင်ချက်အမြင့်ဆုံးဖြစ်သဖြင့် ၅ နှစ်ဆက်တိုက်အောင်ချက်အမြင့်ဆုံးဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ၂၀၁၁-၁၂ ပညာသင်နှစ်တက္ကသိုလ်ဝင်အောင်ချက် ၃၅ ဒဿမ ၁၂ ရာနှုန်းဖြစ်ပြီး ကျောင်းသားတစ်သိန်းခြောက်သောင်းကျော် အောင်မြင်ခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း အစင်ကျေးရွာ စိန်ပိုက်ငါးဖမ်းလှေရေလုပ်သားတစ်ဦး သံပိုက်ဖြင့်အရိုက်ခံရသဖြင့် ရေထဲပြုတ်ကျသည့်တစ်လခန့်ကြာဖြစ်စဉ်အား စက်တင်ဘာလ၂၀ ရက်နေ့တွင် အမှုတိုင်ကြားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။ Related

One comment

  1. ဂုဏ်ယူစရာပါပဲကွာ၊ဒါမှတို့ –မွန်ပြည်တော်

%d bloggers like this: