spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဘဏ္ဍာငွေရှာဖွေရေး ကော်မတီဖွဲ့ရန် မွန်စာပေအဖွဲ့မှ ကျေးရွာများအား စည်းရုံးရေးဆင်း

    ဘဏ္ဍာငွေရှာဖွေရေး ကော်မတီဖွဲ့ရန် မွန်စာပေအဖွဲ့မှ ကျေးရွာများအား စည်းရုံးရေးဆင်း

    -

    ဂျူရီချိုင်း – မွန်ပြည်သစ်ပါတီမှ လွှဲပြောင်းထားသည့် မွန်အမျိုးသားကျောင်းများအတွက် ဘဏ္ဍာငွေ ရှာဖွေရေး ရန်ပုံငွေ ကော်မတီဖွဲ့ရန် ကျေးရွာများ၌ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ မှ စည်းရုံးရေးပြု လုပ် နေကြသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာ ကော်မတီ photo: kaowao.org
    မွန်ပြည်သစ်ပါတီမှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) သို့ လွှဲပြောင်းပေးခဲ့သည့် ကျောင်းများတွင် မွန်ပြည်နယ်၌ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၌ ကော့ကရိတ်၊ ဖာအံမြို့ နယ်ရှိ မွန်အမျိုးသားကျောင်းများတို့ ပါဝင်ကြပါသည်။

    မြို့နယ် ၅ မြို့နယ်မှ မွန်အမျိုးသားကျောင်းများအား တာဝန်ယူထားသည့် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို) တို့က ဆရာ/ဆရာမလစာအတွက် ယခုလအစောပိုင်းတွင် ကျေးရွာတိုင်းရှိ ဘဏ္ဍာငွေ ရှာဖွေရေး ရန်ပုံငွေကော်မတီ ဖွဲ့စည်းရန် တိုက်တွန်း စည်းရုံးရခြင်းဖြစ်သည်ဟု အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံလှိုင်က ပြောသည်။

    ၎င်းက “မွန်အမျိုးသားကျောင်းရှိတဲ့ ရွာတွေအားလုံး ကိုယ့်ရွာနဲ့ကို တာဝန်ယူပြီး ပညာရေးဘက် လိုအပ်တာတွေရှိရင် ဖြည့်ဆည်းသွားနိုင်အောင် ကော်မတီဖွဲ့ဖို့ကို စည်းရုံးနေတယ်၊ ကော် မတီဖွဲ့ဖို့အတွက် လောလောဆယ် ရွာသားတွေက အချိန်တစ်ပတ် ပေးပါဦးလို့ တောင်းဆိုလာပါတယ်” ဟု ပြောသည်။

    စည်းရုံးရေးပြုလုပ်နေသည့် မွန်စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီအဖွဲ့တွင် ဒုဥက္ကဌ နိုင်ထောအိန်၊ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံလှိုင်၊ နိုင်ရာဇာ၊ နိုင်လရီတမ တို့ ပါဝင်ပြီး မွန်ဒီမိုကရေစီပါတီမှ နိုင်မောင်ညွှန့်၊ နိုင်စိုးမြင့်နှင့်် မွန်အမျိုးသားပညာရေးမှ ဆရာမ မိကျလွန်းထော၊ မိကျေးလွင်၊ မိစန္ဒာအောင် အပါအဝင် ဝါရင့် မွန်ဆရာတော် သုံးပါးတို့ ပါဝင်သည်ဟု နိုင်စံလှိုင်က ပြောသည်။

    မွန်ပြည်သစ် ထိန်းချူပ်ရာ ဒေသအပြင်ပရှိ မွန်အမျိုးသားကျောင်းများကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြုလုပ်သည့် မွန်စာပေနှင့် ယဉ်ကျေးမှု၏ ဗဟိုကော်မတီအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီမှ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

    ယင်းကျောင်းများတွင် သီးသန့် မွန်အမျိုးသားကျောင်းများအပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့်ကျောင်း အပါအဝင် စုစုပေါင်း ၁၄၅ ကျောင်း ပါဝင်သည်။

    မွန်အမျိုးသားပညာရေးဌာနမှ ဒုတာဝန် ဆရာမ မိကျလွန်းထောက ”အခု စည်ရုံးရေးလုပ် နေတာတော့ ဒေသခံတွေရဲ့ ဆန္ဒအတိုင်းပဲ ခံယူပါ့မယ်၊ ငါးမြို့နယ်မှာ ဖားအံမြို့နယ် တစ်နယ်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မီတီ (ဗဟို) တွင် လက်ရှိအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်း၊ ဒုဥက္ကဌ ဒေါက်တာမင်းစိုးလင်းနှင့် နိုင်ခိုစိုက်(နိုင်ထောအိန်)၊ အတွင်းရေးမှူး မွန်ရာဇာ (မင်းစိုးဝင်း)၊ တွဲဖက် အတွင်းရေးမှူး (၁) နိုင်စံလှိုင်၊ တွဲဖက်အတွင်းရေးမှုး (၂) မိလှဝင်း၊ တွဲဖက်အတွင်းရေးမှုး (၃) ပေါင်မြို့နယ်မှ ကိုယ်စားလှယ်တဦးနှင့် တွဲဖက် အတွင်းရေးမှုး (၄) မိမိုးမိုးတို့ ဖြစ်ကြသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) ကို မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဝင်များ၊ မြို့နယ်အသီးသီးမှ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေ သင်ကြားရေးအဖွဲ့များ၊ တက္ကသိုလ် ပညာသင်ကြားမှု ထောက်ပံ့ရေးအဖွဲ့၊ မွန်ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့၊ မွန်လူငယ်များအစည်းအရုံး၊ မွန်သဘင်သည်များ အစည်းအရုံးနှင့် မွန်ဂီတအစည်းအရုံး စသည့် အဖွဲ့အစည်းများဖြင့် ၂၀ဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

    ၁၉၇၂ ခုနှစ်မှ စ၍ မွန်ပြည်သစ်ပါတီက မွန်အမျိုးသားပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး အထက်အတန်းပညာရေးစနစ်ဖြင့် မွန်စာပေကို သင်ကြားခဲ့ကာ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဗဟိုပညာရေး အဖွဲ့ငယ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

    ၂၀၁၀ ခုနှစ် မွန်အမျိုးသားပညာရေးဌာနမှ ထုတ်ပြန်သော စာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့် မွန်စာပေသင်ကျောင်း ၁၁၆ ကျောင်း တွင် ကျောင်းသားဦးရေ သုံးသောင်းခွဲခန့် ပညာသင်ကြားလျှက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts