spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပြီ

    မွန်ပြည်နယ်တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပြီ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား တရားဝင် လိုင်စင်အဖြစ် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ ပြုလုပ်ပေးနေပြီးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    ဘုရားသုံးဆူ ရပ်ကွက် (၃)မှ မြို့တွင်းမော်တော်ယာဉ်လိုင်စင်ပြုလုပ်ပေးနေပုံ
    ယင်းလိုင်စင်ကို ဇွန်လ ၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ (ကညန) ရုံးတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို တနိုင်ငံလုံးစီးနင်းခွင့် (၁၉/ယ) လိုင်စင်အဖြစ် စတင်ပြုလုပ်ပေးနေ သည်ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။

    ၎င်းက “အရင်က တစ်လလောက်စောင့်ရတယ် အခုနှစ်ပတ်ဆိုရပြီး၊ လိုင်စင်လုပ်တဲ့သူတွေ မြို့ပေါ်က လူတွေအတော်များတယ်၊ နယ်ကလူတွေ လာလုပ်တာ သိပ်မရှိသေးဘူး” ဟု ပြောသည်။

    ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ကညနမှ မည်သည့်မောဒယ်အမျိုးအစားမဆို မော်တော်ဆိုင် ကယ်၏ နှုန်းထားအပေါ်မူတည်၍ အကောက်ခွန် ၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းကောက်ခံပြီး လိုင်စင်ပြုလုပ်ခအတွက် ၂၂၀ဝ၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

    လိုင်စင်ပြုလုပ်သူအနေဖြင့် မှတ်ပုံတင် မူရင်းနှင့် မိတ္တူ၊ မော်တော်ဆိုင်ကယ်ပါ တပါတည်း ယူ ဆောင်လာကာ သက်ဆိုင်ရာ ကညနရုံးတွင် သွားအပ်ပြီး နှစ်ပတ်အတွင်း ရရှိနိုင်မည်ဖြစ်သည်ဟု ၎င်းမြို့ခံက ပြောသည်။

    ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (ကညန) က ယခုလ ၆ ရက်နေ့မှ စ၍ သြဂုတ် လအထိ (၁၉/ယ) လိုင်စင်များကို သက်ဆိုင်ရာ ကညနရုံးများတွင် လျှောက်ထားနိုင်ကြောင်း ညွှန်ကြားထားသည်။

    ယင်းလိုင်စင် မပြုလုပ်သောသူများ စီးနင်းလာသည်ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟု ကညနရုံးမှ ထုတ်ပြန်ကြားခြင်း မရှိသည့်အတွက် တချို့ဒေသခံများက မလုပ်ကြသည်လည်း ရှိကြောင်း မြို့ခံတို့က ပြောသည်။

    မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ တရားမဝင် တင်သွင်းထားသော မော်တော် ဆိုင်ကယ်များ ကောက်ခံရရှိသော စာရင်းအရ အစီးရေ ၁၉၅၈၁၂ စီးရှိပြီး ၁၉၉၉ မှ ၂၀၁၂ ခုနှစ်ထိ မော်တော်ဆိုင်ကယ် အစီးရေ ၁၅၈၇၂၉၂ စီးအား လိုင်းစင်ထုတ်ပေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

    ထို့အပြင် မြန်မာနိုင်ငံနှံ့အပြားရှိ စီးနင်းနေသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဇွန်လ ၆ ရက်နေ့မှစ၍ တရားဝင်လိုင်စင်ထုတ်ပေးသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦအောင်သွင်က ပြောကြားခဲ့ကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားသည်။

    လွန်ခဲ့သော ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ဇန်ဝါရီလ ၃၁ ရက်နေ့အထိ နှစ်လကာလအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား ၁၇/ယ လိုင်စင်ကို ကညနမှ ထုတ်ပေးခဲ့ဖူးသည်။ ၁၇/ယ လိုင်စင်ကို ရန်ကုန်မြို့နှင့် နေပြည်တော်မှလွဲ၍ မြန်မာတနိုင်ငံလုံးတွင် စီးခွင့်ရှိမည်ဖြစ်သည်။ ယခင်က ထုတ် ပေးထားသော ၁/ယ လိုင်စင် ဆိုင်ကယ်များမှာ အစိုးရဆီဆိုင်များတွင် ဆီထုတ်ယူခွင့် ရှိသော် လည်း သတ်မှတ်နယ်မြေအတွင်းသာ စီးခွင့်ရှိမည်ဖြစ်သည်။

    ယာဉ်လိုင်စင်လျှောက်ခွင့်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှစပြီး သက်ဆိုင်ရာက ပိတ်ပင်လိုက် သောကြောင့် ဆိုင်ကယ်လိုင်စင် မလုပ်ရသူ အမြောက်အများ ကျန်ရှိနေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts