spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ် လူမျိုးရေး/ ဘာသာရေး ပဋိပက္ခ အစိုးရမှ စုံစမ်းမည်

    ရခိုင်ပြည်နယ် လူမျိုးရေး/ ဘာသာရေး ပဋိပက္ခ အစိုးရမှ စုံစမ်းမည်

    -

    နဒီမွန် – ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများကိုစုံစမ်းစစ်ဆေးရန် ဇွန်လ (၇) ရက် နံနက် (ဝ၄:၄၅) အချိန်တွင် အမိန့်အမှတ် (၄၃/၂၀၁၂) ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်မှုးချုပ်ကျော်ဇံမြင့် ဦးဆောင် အဖွဲ့ဝင် (၁၆) ဦး ပါရှိသည်ဟု နိုင်ငံတော်သမ္မတရုံး Web-site တွင် ဖော်ပြပါရှိသည်။

    အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာမှ အသက် ၂၇ နှစ် အရွယ်ရှိ မသီတာထွေးသည် မေလ ၂၈ ရက်နေ့က တမိုင်ခွဲခန့် ဝေးသည့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စက်ချုပ်သင်ရာမှ သပြေချောင်ကျေးရွာသို့ ညနေ (၅) နာရီခွဲ့ခန့် ပြန်လာရာတွင် ကျောက်ထရံကုလားရွာ အနီး၌ မုဒိမ်းကျင့်ခံရပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ် ခံလိုက်ရသည်ကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့သည့်အပေါ် စုံစမ်း စစ်ဆေးသွားရန် ဖြစ်သည်။

    ထိုအမှုကို အကြောင်းပြုပြီး ဒေသခံ ကျေးရွာပေါင်း (၁၁) ရွာမှ ဗုဒ္ဓဘာသာဝင် (၇၀ဝ) ခန့်က ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့တွင် ကျောက်နီမော်ရဲစခန်းသို့ သွားရောက်ကာ လူသတ် တရားခံအား အမြန်ဆုံး ဖေါ်ထုတ်ပေးရန် ဝိုင်းဝန်း တောင်းဆိုခဲ့ကြသည်။ ၄င်းည၌ပင် တရားခံ (၃) ဦးကို ရဲစခန်းမှ မသီတာထွေး၏ လက်ဝတ်လက်စားနှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။

    နောက်နေ့ မေလ (၃၀) ရက်နေ့တွင် ဖမ်းမိထားသော တရားခံသည် ရွာသားများက မျက်မြင် တွေ့ချင် သောကြောင့် ထုတ်ပြရန် ရမ်းဗြဲမြို့ အုပ်ချုပ်ရေးမှုးရုံးထံ ရွာသား (၇၀ဝ) ခန့် စုရုံရောက်ရှိလာခဲ့သည်။ ထိုတရာခံများကို ရွာလူကြီး (၅) ဦးကသာရဲစခန်းမှတွေ့ခွင့်ပေးသည်။ ဤအပေါ် ကျေးရွာမှ တက်လာသောလူ (၂၀ဝ) ခန့်က မကျေနပ်နိုင်ပဲ ဖြစ်နေသည်။

    ဇွန်လ (၃) ရက်နေ့ ညနေ (၄) နာရီချိန်တွင် တောင်ကုတ်မြို့တွင်း ပြည်မြို့အထွက် (သံတွဲ- တောင်ကုတ်ကားလမ်းဆုံ)၌ မူဆလင်ကိုးကွယ်သူ (၁၀) ဦးသတ်ခံခဲ့သည်ဟု ဇွန်လ (၅) ရက်နေ့ နိုင်ငံပိုင် မီဒီယာမှ ဖော်ပြပါရှိသည်။

    ဇွန်လ (၅) ရက်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည့် သတင်းခေါင်းစဉ်ပါ အသုံးအနှုန်းအပေါ် ရန်ကုန်မြို့ရှိ မူဆလင်ဘာသာဝင်များက မကျေမနပ်ဖြစ်ကာ တရားဥပဒေစိုးမိုးရေးစာတမ်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။

    ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါဖြစ်စဉ်ကို အုပ်စုအလိုက် အပြစ်ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်သူများ၊ ဦးဆောင်သူများ၊ ကျူးလွန်သူများ၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု အခြေအနေများကို စုံစမ်းပေးပြီး၊ ဇွန်လ (၃၀) ရက် နောက်ဆုံးထားကာ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်တင်ပြ အစီရင်ခံရမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts