spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းပရဟိတအဖွဲ့ဝင်များက ရွာ၏စားကျက်မြေများရောင်းချနေ

    ပရဟိတအဖွဲ့ဝင်များက ရွာ၏စားကျက်မြေများရောင်းချနေ

    -

    နဒီမွန် – မွန်ပြည်နယ် ရေးမြို့နယ် ဒူယားရွာ၏ စားကျက်မြေကို ပရဟိတ ရပ်ရွာအကျိုးဆောင် အဖွဲ့ဝင်တိုု့က ရွာ၏လမ်းပြင်ရန် အကြောင်းပြပြီ ၄င်းမြေကို ရောင်းချနေသည့်အပေါ် ရွာသားများမှ မကျေနပ်ကြောင်း ၄င်းဒေသရှိ ရွာသားတို့က ပြောနေကြပါသည်။

    ၄င်းမြေကို ရွာသူရွာသားတို့အတွက် တောင်ယာခုတ်စပါး စိုက်ပျိုးရန်၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်နှင့် ထင်းခုတ်၊ နွားများကျောင်းနိုင်ရန်အတွက် ခေတ်အဆက်ဆက်မှ ရွာသားတို့က ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

    “ဒီမြေကို ရွာရဲ့ စားကျက်မြေအဖြစ်နဲ့ ထားထားတာ ကြာပြီး၊ ဘယ်သူမှလည်း ခြံမစိုက်ကြဘူး၊ ထင်းခုတ် နွားကျောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးတယ် ဒီလောက်ပါဘဲ၊ အခုက လမ်းပြင်မယ် ဆိုပြီးတော့ ရောင်းနေတာ ကြာပြီး၊ အဲဒီအဖွဲ့ဝင် လူကြီးတွေကဘဲ ရောင်းနေကြတယ်၊ သူတို့အဖွဲ့ဝင်က လွဲရင် ဘယ်သူမှ ရောင်းဖို့ သဘောမတူဘူး”ဟု အမည်မဖော်လို ဒူယားရွာခံတဦးမှ ပြောပါသည်။

    စားကျက်မြေကာ ဧက (၃၀ဝ) လောက်ရှိပြီး တစ်ဧကကို ငါးသိန်း (၁,၅၀၀,၀၀၀) ကျပ်နှုန်းဖြင့် ဧက (၇၀) လောက်ကို ရောင်းလိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။ ၄င်းမြေအပြင် တခြားသော မြေပိုတချို့ကိုလည်း ဥက္ကဌက လက်မှတ်ထိုးပေးပြီး ရောင်းနေကြကြောင်း သိရပါသည်။

    စာကျက်မြေတည်နေရာပြမြေပုံ
    “ပရဟိတ ရပ်ရွာအကျိုးဆောင် အဖွဲ့ခေါင်းဆောင်တွေက အခု သူတို့လုပ်နေတဲ့ပုံစံက စားကျက်မြေနဲ့ ဘော်လုံးကွင်းမြေ၊ ဘုရားရှေ့က ကုန်းမြေတွေ၊ သုဿာန်(သင်္ချိုင်း) မြေတွေကိုပါ လမ်းလုပ်ဖို့ ဗန်းပြပြီးတော့ ငွေရှိသူသူဌေးတွေနဲ့ သူတို့အတိုင်းဝိုင်းက လူတွေ၊ သူတို့ မောင်နှမတွေကို ရောင်းချနေကြတယ်၊ ရလာတဲ့ငွေကို လမ်းနည်းနည်း ပြင်လိုက်တယ်၊ ကျန်တဲ့ငွေတွေတော့ သူတို့အချင်းချင်း ရောင်းဝယ်ရေး လုပ်နေကြတယ်”ဟု ရေးမြို့နယ် ဖလိန်ဒေသ ဆင်းရဲသားအဖွဲ့တို့က ပြောပါသည်။

    ၄င်းအဖွဲ့ဝင်မှအပ မကျေနပ်သူများက ဝန်ကြီးများနှင့် နေပြည်တော်တိုင်အောင် တိုင်ကြားသော်လည်း ဘဲ ၄င်းအဖွဲ့ခေါင်းဆောင်တိုု့က ရပ်ရွာရှိလူကြီးများနှင့် မွန်ဝန်ကြီးများကို ခင်မင ်ရင်းနှီးမှုရှိသော ကြောင့် တိုင်ကြားမှုက အရာမရောက်ဘဲ ငြိမ်သက်တုန်းဘဲဟု ဆင်းရဲသားအဖွဲ့တို့က ပြောနေကြပါ သည်။

    “တိုင်ကြားထားတယ် ဒီမှာတင် မကဘူး၊ နေပြည်တော် အထိဘဲ၊ သူတို့က လူကြီးတို့နဲ့ သိနေတော့ ငွေလာဘ်ထိုးလိုက်လား အမှုက ဒီအတိုင်းဘဲ ပျောက်နေတယ်”ဟု ၄င်းဆင်းရဲသားအဖွဲ့တဦးက ပြောပါသည်။

    ၄င်းမြေများကို ယခုအချိန်ထိ ရောင်းနေဆဲဘဲ ဖြစ်ပါသည်။ ဝယ်ပြီးသူများ ဘာမှ မလုပ်ရဲသလို၊ ဝယ်ဖို့ ကြံရွယ်နေသူများလည်း ပြဿနာ ဖြစ်လာမှာကို စိုးရိမ်သောကြောင့် မဝယ်ရဲဘဲ ရှိနေကြသည်ဟု ဒေသခံတို့က ပြောပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts