spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းယခု အပတ်အတွင်း MDP နိုင်ငံရေးပါတီ မှတ်ပုံတင်မည်

    ယခု အပတ်အတွင်း MDP နိုင်ငံရေးပါတီ မှတ်ပုံတင်မည်

    -

    ခတ္တာနန်း – နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိပြီးနောက် ပါတီကို တရားဝင် မှတ်ပုံတင်ရန်အတွက် အဖွဲ့ခေါင်းဆောင် နိုင်သက်လွင်နှင့် ဒု-အဖွဲ့ခေါင်းဆောင် နိုင်စိုးမြင့်တို့အား ယနေ့တွင် ပြုလုပ်သည့် မွန်ဒီမိုကရေစီပါတီ MDP ဗဟို အလုပ်မှုဆောင် အစည်းအဝေး၌ တရားဝင် ရွေးချယ်လိုက်သည်။

    မွန်ဒီမိုကရေစီပါတီအစည်းအဝေးကျင်းပစဉ်
    အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ရွေးချယ်မှုအပြင် မှတ်ပုံတင်ရာတွင် တင်ပြရမည့် ပါတီ၏ ဖွဲ့စည်းပုံကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲလိုက်ကြောင်း၊ မေလ ၈ ရက်နေ့တွင် ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် မှတ်ပုံတင်မည် ဖြစ်ကြောင်း ဒု-အဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူ နိုင်စိုးမြင့်က ပြောသည်။

    ၄င်းက “အခုအစည်းအဝေးမှာ ကျနော်တို့နှစ်ယောက်ကို အဖွဲ့ခေါင်းဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင်ဆိုပြီး ရွေးလိုက်တယ်၊ ကျနော်တို့က ပါတီ မှတ်ပုံတင်တဲ့အခါမှာ လက်မှတ်ထိုးရမယ်၊ မနက်ဖြန်ဆိုရင် ကျနော်တို့ နေပြည်တော်သွားမယ် ၈ ရက်နေ့လောက်ဆို ကော်မရှင်ကို တင်မယ်”

    မွန်ဒီမိုကရေစီပါတီကို မေလ ၃၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုလိုက်သည်။

    နိုင်ငံရေးပါတီ တရာဝင်းမှတ်ပုံတင် ကျလာသည့်ပြီးနောက် မိမိတို့ပါတီအနေနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား တာဝန် ခွဲဝေပေးပြီး မြို့နယ်အလိုက် ကျေးရွာအလိုက် တစ်ပြိုင်နက် စည်းရုံးရေး ဆင်းသွားမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

    “ဆရာ နိုင်ငွေသိမ်းက တစ်ချိန်မှာ ကိုယ့်ပါတီက သူများတွေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ အခုကတည်က ကြိုးစား ထားရမယ်၊ နောက်ပြီး နှစ်ပါတီ ပေါင်းစည်း ညီညွတ်ဖို့ကိုလည်း ကြိုးစားသွားပါ” ဟု နိုင်စိုးမြင့်က ပြောသည်။

    ယနေ့ပြုလုပ်သော မွန်ဒီမိုကရေစီပါတီ EC များ အစည်းအဝေးကို မော်လမြိုင်မြို့ရှိ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၏ နေအိမ်၌ ကျင်းပခဲ့ပြီး၊ EC အဖွဲ့ဝင် ၁၉ ဦးသာ တက်ရောက်ကြောင်း၊ တစ်ချို့အဖွဲ့ဝင်တွေက ရှင်စောပု အမျိုးသမီး အဖွဲ့၏ စည်းရုံးရေး ခရီးစဉ်တွင် ပါဝင်နေသဖြင့် မတက်ရောက် နိုင်ကြောင်း သိရသည်။

    နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ပြီးနောက် ၃ လအတွင်း ပါတီဝင်ဦးရေတစ်ထောင် စာရင်းကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။

    ပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွားရန်အတွက် ဧပြီလ ၂၆ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်အစား မွန်ဒီမိုကရေစီပါတီ MDP အဖြစ် ပြောင်းလဲခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts