spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမြေယာမှုကြောင့် မွန်လယ်သမားများ အုပ်ချုပ်ရေးမှူးစစ်ဆေး

    မြေယာမှုကြောင့် မွန်လယ်သမားများ အုပ်ချုပ်ရေးမှူးစစ်ဆေး

    -

    ဂျူရီချိုင်း – ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ဇေကမ္ဘာကုမ္မဏီနှင့် လယ် ယာမြေ အငြင်းပွားမှုကြောင့် မွန်လယ်သမားများအား အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

    ရွှေနံ့သာ လယ်ကွင်းရှိ ဇေကမ္ဘာကုမ္မဏီက မြေကြိုတ်နေပုံ
    ယင်းစစ်ဆေးမှုကို ရွှေနံသာကျေးရွာ အုပ်ချုပ်ရေးမှူးက မွန်လယ်သမား ၈၀ ကျော်အား တစ်နေ့လျှင် လယ်သမား ၁၂ ဦးကို တစ်ပတ်အတွင်း စစ်ဆေးမှုပြုလုပ်သွားမည်ဟု မွန်လယ်သမား နိုင်ကျော်စိန်က ပြောသည်။

    ၎င်းက “စစ်ဆေးမှုတော့ ဒီမြေတွေ ဘယ်တုန်းက လုပ်ကိုင်လာခဲ့လဲ၊ စပါးအထွက်နှုန်းဘယ် လောက်လဲ ဘယ်အချိန်က ပိုင်ဆိုင်ခဲ့လဲ အစုံပဲ မေးတယ်၊ စစ်ဆေးပြီးတော့ မပြေလည်သေးရင် နောက်ထပ်တဆင့် တင်ပြဖို့ရှိတယ်” ဟု ပြောသည်။

    အငြင်းပွားမှုဖြစ်ပျက်နေသည့် လယ်မြေ ၈၁၅ ဧက ကို လယ်ပိုင်ရှင် မွန်လယ်သမားများနှင့် ဇေကမ္ဘာကုမ္မဏီတို့က သီးစားခွင့်ရရန် လျှောက်ထားချက်များကို ဇေကမ္ဘာကုမ္မဏီက သီးစားခွင့် ရရှိသွားသည့်အတွက် မကျေနပ်သည့် လယ်သမားတို့က မြေယာကော်မတီထံ မြေယာမှုခင်း ဖွင့်လှစ်ခဲ့ကြသည်။

    လယ်သမားများ မြေယာမှုခင်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် ခရိုင်မှတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တာဝန်ယူစစ်ဆေးဆုံးဖြတ်ပေးရန် ညွန်ကြားလာခဲ့သည်ဟု ဦးကျော်စိန်က ပြောသည်။

    လက်ရှိအငြင်းပွားမှု ဖြစ်ပေါ်နေချိန်တွင် ထိုလယ်မြေပေါ်အား တချို့လယ်သမားများက စပါးစိုက် ပျိုးရန် လယ်ထွန်နေကြပြီး တစ်ဘက်က ဇေကမ္ဘာကုမ္မဏီမှလည်း လယ်ကွင်းရှိ ကန်သင်ရိုးများကို လယ်ထွန်စက်ဖြင့် လိုက်လံဖြိုဖျက်နေသည်။

    လယ်သမားများအား စစ်ဆေးမှုပြုလုပ်ပြီးနောက် ဇေကမ္ဘာကုမ္မဏီကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

    မွန်လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေ ၈၁၅ ဧကကို ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ တည်ဆောက်ရန်အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

    ထိုမြေသိမ်းဆည်းချိန်က လယ်ပိုင်ရှင်များအား ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံတည်ဆောက်ရန် သိမ်းယူမည်ဟု မပြောဘဲ၊ နိုင်ငံတော်က သိမ်းဆည်းသည်ဟုဆိုကာ လယ်တစ်ဧကကို လျှော်ကြေး ၃ သိန်းနှုန်းဖြင့် သိမ်းဆည်းလိုက်ခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်များက သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တိုင်ကြားစာပေးပို့ခြင်းနှင့် တရားစွဲဆိုမှုများ ရှိခဲ့ကြသည်။

    လက်ရှိ အသိမ်းခံရထားသည့် လယ်ယာမြေနေရာများတွင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ (၁၊ ၂၊ ၃) တည်ဆောက်ရန် လယ်ကွင်းထဲရှိ ရေမြောင်းတာတမံများ၊ ကန်သင်ရိုးများ ဖြိုဖျက်ပြီး ကားလမ်း ဖောက်ကာ မီးတိုင်များ တပ်ဆင်ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts