spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးထာဝရအလင်းရောင် ပညာ့တန်ဆောင်

    ထာဝရအလင်းရောင် ပညာ့တန်ဆောင်

    -

    သူရိန် – အာဇာနည်နေ့သည် ဘုရားသုံးဆူမြို့ရှိ ပညာ့တန်ဆောင် ပညာရေး အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအသင်း တည်ထောင်ခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ပညာ့တန်ဆောင်အသင်းကို ၂၀၁၁ ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ ဝါသနာတူ စေတနာရှင် လူငယ်များ စုစည်၍ ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ပရဟိတ ကျောင်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏောသာသ မဟာနာယက သြဝါဒစရိယ ဆရာတော်က ကြီးမှူး၍ နာယက (၆) ဦး အလုပ်အမှုဆောင် ကော်မတီ (၁၀) ဦး အသင်းသားဦးရေ (၂၀) တို့ဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    

ဘုရားသုံးဆူဒေသအတွင်းရှိ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားနိုင်ခြင်း မရှိသော တိုင်းရင်သားလူငယ် လူရွယ်များ လေလွင့်ပျက်စီးမှုများမဖြစ်စေရန် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပညာရပ်များကို သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ အသင်းကိုဖွဲ့စည်းခဲ့ကြောင်း ပညာ့တန်ဆောင်အသင်းသည် နိုင်ငံရေးနှင့် ဆက်နွယ်မှုမရှိသော်လည်း ဋ္ဌာနဆိုင်ရာများနှင့် အများပြည်သူများအထဲ လွဲမှားမည်ကိုစိုးရိမ်းသောကြောင့် လက်ရှိအခြေခိုင်မာနေသော ဓမ္မဟေဝန် ဘုန်တော်ကြီးသင် ပရဟိတကျောင်းအား အခြေပြု၍ ဆောင်ရွက်ရန် ဆရာတော်အား လျှောက်ထားရာ ဆရာတော်ကလည်း လက်ခံ အားပေးခဲ့သည်။

    

အသင်းဖွဲ့စည်းရန်အတွက် ဆရာတော်အား လျှောက်ထားရာတွင် ဆရာတော်က ဘုရားသုံးဆူမြို့တွင် ပရဟိတကျောင်းကို ဖွင့်လှစ်ခဲ့သည်မှာ (၁၈) နှစ်တာကာလ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ ပရဟိတ ပညာရေးအတွက် မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ လိုအပ်သည်များ ဆောင်ရွက်ရမည်များကို မေးမြန်းခဲ့ခြင်းမရှိကြောင်း ယ္ခုပညာ့တန်ဆောင် အသင်းအဖွဲ့လူငယ်များအား ပညာရေးအတွက် အသိစိတ်ဓာတ်ပြည့်ဝစွာနှင့် ဆောင်ရွက်ရန် မေးမြန်းလာခြင်းကြောင့် ၎င်းအသင်းအား တရားဝင် လုပ်ဆောင်နိုင်ရန် ဋ္ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီပေးရန် ခွင့်ပြုပေးရန် တောင်းဆိုခဲ့သည်။

    

၎င်းအချိန်က ဘုရားသုံးဆူမြို့ ရှေ့တန်းအခြေစိုက် ခလရ (၂၈၄) တပ်ရင်းမှူး ဗိုလ်မှူးစောရန်နိုင်ကလည်း ခိုင်မာသည့် အသင်းအဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် အသင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အကြံဉာဏ်ပေးခဲ့ခြင်းကြောင့် အထက်က ဖေါ်ပြခဲ့သလို နာယက (၆) ဦး အလုပ်မှုဆောင် (၁၀) ဦးနှင့် အသင်းကို ဖွဲ့စည်းရာတွင် အရိုးစွဲနေသည့် စနစ်အရ ယ္ခင်ကာလကတည်းက ဘုရားသုံးဆူမြို့ပေါ်ရှိ နေရာတိုင်းတွင် ပါဝင်ချုပ်ကိုင်ခဲ့ကြပြီး နှစ်ကာလ (၂၀) နီးပါးခန့် မြို့ပေါ်ရှိ အဆီအနှစ်များကို စားသုံးလာခဲ့သည့် လူကြီးလူကောင်းများကလည်း အသင်းဖွဲ့စည်းရန် အားပေးကြောင်း ထောက်ခံပြီး ယ္ခင်က လုပ်ရိုးလုပ်စဉ်အတိုင်း နာယက အဖွဲ့ဝင်များအဖြစ် ပါဝင်လာခဲ့ကြသည်။

    

အသင်းအား ဖွဲ့စည်းပြီးနောက် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အသင်းအဖွဲ့ရံပုံငွေ ငွေပဒေသာပင်စိုက်ထူရန် ဘုရားသုံးဆူမြို့အတွင်း ထောက်ပံ့ငွေများကို အလှုခံခဲ့သည်။ မြို့တွင်းရှိ စေတနာရှင် ဝါသနာရှင် အလှုရှင်များထဲမှ ငွေပဒေသာပင်စိုက်ထူရန်အတွက် ထောက်ပံ့ငွေ ဘတ်သုံးသိန်းနှစ်သောင်း (၃၂၀ဝ၀ဝ) ရရှိပြီး အသင်းသားများအနေနှင့်လည်း အသင်းသားတစ်ဦးလျှင် တစ်လ ဘတ် (၅၀) ကို အသင်းရံပုံငွေအဖြစ် ထည့်ဝင်လာခဲ့ကြသည်။

    

ရရှိလာသည့် ရံပုံငွေထဲမှ ဘတ်နှစ်သိန်းငါးသောင်း (၂၅၀ဝ၀ဝ) ကို ငွေပဒေသာပင် အသီးအပွင့် ဖြစ်စေရန်အတွက် မြပန်းကုမ္မဏီအား အတိုးငွေ နှစ်ဘတ် (၂) နှုန်းဖြင့် အပ်နှံခဲ့ပြီး ခြောက်လတစ်ကြိမ်း ရရှိလာသည့် ငွေပဒေသာပင်မှ အသီးအပွင့် ဘတ်သုံးသောင်း (၃၀ဝ၀ဝ) ကို ဓမ္မဟေဝန် ဘုန်းတော်ကြီးအသင်း ပညာရေးကျောင်းက လိုအပ်သလို အသုံးပြုနိုင်ရန် ဆရာတော်အား ဆက်ကပ်လှုဒါန်းခဲ့ပြီး ရံပုံငွေထဲမှ ကျန်ရှိနေသည့် ဘတ်ခုနှစ်သောင်း (၇၀ဝ၀ဝ) ကို ရံပုံငွေ ဆက်လက်တိုးပွားစေရန် ရည်ရွယ်၍ မဏ္ဍပ်၊ စားပွဲ၊ ထိုင်ခုံ၊ သုံးစုံ (၃) ကို ဝယ်ယူခဲ့သည့်အပြင် ပညာရေးအသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပစ္စည်းများကိုလည်း ဝယ်ယူနိုင်ခဲ့သည်။

    

အသင်းရံပုံငွေအဖြစ် အလှုအတန်းကိစ္စများ သာရေးနာရေး ကိစ္စများတွင် မဏ္ဍပ်ဌားရာ မဏ္ဍပ်တစ်ခုလျှင် ငါးရာဘတ် စားပွဲခုံတစ်လုံးလျှင် တစ်ဆယ်ဘတ် ထိုင်ခုံတစ်လုံးလျှင် ငါးဘတ် အဖြစ်သတ်မှတ်ခဲ့ပြီး နာရေးကိစ္စများတွင် ငှားရမ်းခ အခကြေးငွေ ထက်ဝက်သာယူပြီး အမှန်တစ်ကယ် အလှုရှင်များငှားရမ်းခ မပြေလည်မှုများရှိပါက အခမဲ့အကူအညီပေးခဲ့မှုများလည်း ရှိသည်။

    

ပညာ့တန်ဆောင် အသင်းဖွဲ့စည်းရာတွင် ဥက္ကဌ အတွင်းရေးမှုးဟူ၍ သီးသန့်ရာထူး သတ်မှတ်ခြင်းမရှိဘဲ အသင်းသားများအားလုံး တန်းတူရည်တူ တစ်ပြေညီ အဆင့်တူသတ်မှတ်ခဲ့ပြီး လုပ်ငန်းလုပ်ဆောင်မှုအပိုင်းများတွင်သာ လုပ်ငန်းပိုင်းဆိုင်ရာ အလုပ်အမှုဆောင်များအဖြစ် တာဝန်ခွဲဝေသတ်မှတ်ခဲ့သည်။ ယ္ခုတစ်နှစ်တာနီးပါးကာလတွင် ပညာ့တန်ဆောင်အသင်း၏ အသင်းသားဦးရေ (၁၈၀) ခန့် ရှိခဲ့ပြီး ဖြစ်သည်။ ဇူလိုင် (၁၉) ရက် အာဇာနည်နေ့ကို အသင်းစတင်ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်ကိုလည်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးသားချိုက “ အာဇာနည်ဆိုတာ အများအကျိုးကို သယ်ပိုးထမ်းရွက်သူ ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံသူကို ဆိုလိုခြင်းဖြစ်တယ်၊ ကျနော်တို့အသင်းဟာလည်း ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးတိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နေတယ်ဆိုတာကို ပညာ့တန်ဆောင် အသင်းသူ/သား များက အစဉ်မပြတ် သတိရနေစေလိုတဲ့ ဆန္ဒနဲ့ အာဇာနည်နေ့ကို အသိအမှတ်ပြုပြီး အသင်းကိုစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်” ဟု ပြောသည်။

    

အီလက်ထရွန်နစ် အတက်ပညာပိုင်းကို တာဝန်ယူ သင်ကြားပေးသူ ဦးသားပုကလည်း “ ကျနော်တို့ အခုဆောင်ရွက်နေတဲ့ ပညာ့တန်ဆောင် အသင်းဆိုတာ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သလို နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ဘူး၊ ကျနော်တို့ နိုင်ငံ့အရေးကိုလုပ်နေတာပါ နိုင်ငံအတွင်း တိုင်းပြည်အတွင်းမှာ ပညာတတ်တွေများလာမှ အသက်မွေးဝမ်းကြောင်းပညာ စက်မှုလက်မှု အတတ်ပညာရှင်တွေ များလာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရှိလာမှာဖြစ်တယ် ဒါကြောင့် အခု ကျနော်တို့ လုပ်ဆောင်နေတဲ့ ပညာ့တန်ဆောင် အသင်းဆိုတာက ပညာတတ်တွေ အတတ်ပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ အသင်းဖြစ်တယ်၊ ကျနော်တို့ကအစ တစ်တိုင်းပြည်လုံးမှာ ဒီလိုအထောက်အကူပြု အသင်းတွေ ပေါ်ထွက်လာမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးဟာ အမှန်တကယ်ကို တိုးတက်လာမှာဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ ပညာ့တန်ဆောင်အသင်းဟာ နိုင်ငံရေးမဟုတ်တဲ့ နိုင်ငံ့အရေးလုပ်နေတဲ့ အသင်းဖြစ်တယ်လို့ ကျနော်ပြောချင်တယ်”

    

ပညာ့တန်ဆောင်အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာလည်း (၁) နယ်စပ်ဒေသတွင် တိုင်းရင်းသား ကလေးငယ်များ ပညာရေး အသက်မွေးဝမ်းကြောင်းပညာ လက်မှုပညာများကို သင်ယူလေ့လာ တတ်မြောက်စေရန်၊ (၂) ဆင်းရဲနွမ်းပါး၍ ထောက်ပံ့ကွပ်ကဲမှုမဲ့သော အနာဂတ်လူငယ်များ စိတ်ဝင်စားရာ အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန် ပညာပါရမီဖြည့်ကျင့်ခြင်၊ (၃) နိုင်ငံတော် အမျိုးသားရေး ပညာရေးအဆင့်အတန်းမြင့်မားစေလိုသော စေတနာ ပရဟိတစိတ်ဓါတ်နှင့် တိုင်းရင်းသားလူငယ်များ တစ်ဦးနှင့် တစ်ဦး ရင်းနှီးနွေးထွေးစွာ အတတ်ပညာများကို သင်ကြား၍ အနာဂတ် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် လူမှုရေးအကျိုးပြု၊ ဘာသာရေးအကျိုးပြု လုပ်ငန်းများတွင် ရည်ရွယ်ချက်တူ လုပ်ငန်ကိုင်နိုင်စေရန်၊ (၄) တိုးတက်ဖွံ့ဖြိုးမှုနှေးကွေး၍ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော နယ်စပ်ဒေသရှိ ကလေးသူငယ်များ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ ပရဟိတ ပညာပါရမီဖြည့်ဆည်းခြင်း၊ (၅) ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု လမ်းပမ်းဆက်သွယ်ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသား ပြည်သူအားလုံး စုပေါင်းညီညာစွာဖြင့် အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက် (၅) ချက်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

    

ဒေသအတွင်းရှိ ကလေးသူငယ်များအား အတန်းပညာ အသိပညာ အတတ်ပညာနှင့် စက်မှု/လက်မှု အတတ်ပညာများကို သိရှိနားလည် ကျွမ်းကျင် တတ်မြောက်စေရန် လုပ်ဆောင်ခြင်း ဒေသတွင်းရှိကလေး ချို့တဲ့ကလေးနှင့် လေလွင့်ကလေးသူငယ်များ အတန်းပညာကို ပြည့်ဝစွာ သင်ယူနိုင်ရေးကို နိုင်ငံတော်နှင့် လက်တွဲ၍ တစ်ဖက်တစ်လမ်းမှ ကြိုးစားလုပ်ဆောင်ခြင်း ဒေသတွင်းရှိ ကလေးသူငယ်များအား ခေတ်မီနည်းပညာများ အသက်မွေးဝမ်းကြောင်းပညာ (စက်မှု/ လက်မှု) တို့ကို နားလည် တတ်ကျွမ်းအောင် သင်ကြားပေးနိုင်ရေး စသည့် အချက်သုံးချက်ကိုလည်း ပညာ့တန်ဆောင်အသင်း၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့သည်။

    

အသင်းဖွဲ့စည်းခဲ့ပြီး တစ်နှစ်တာကာလအတွင်း ပညာ့တန်ဆောင်အသင်း၏ လုပ်ဆောင်ခဲ့သော ပရဟိတ အကျိုးပြုလုပ်ငန်းမျာမှာ ၂၉. ၇. ၂၀၁၁ ရက်နေ့တွင် သင်တန်းသား (၉) ဦးဖြင့် ကွန်ပျူတာ အမှတ်စဉ် (၁) သင်တန်းကို ဖွင့်လှစ်ခြင်း၊ ၆. ၈. ၂၀၁၁ ရက်နေ့တွင် ဆေးပညာဆိုင်ရာ ဟောပြောပွဲနှင့် ရှေးဦးသူနာပြုသင်တန်းကို ကျောင်းပိတ်ရက်တိုင်း သင်ကြားပို့ချခြင်း၊ ၁၁. ၈. ၂၀၁၁ ရက်နေ့မှစ၍ ပြင်ပလူငယ်များအား ကွန်ပျူတာသင်တန်း အမှတ်စဉ် (၂) ကို သင်ကြားပို့ချခြင်း၊ ၁၄. ၈. ၂၀၁၁ ရက်နေ့တွင် မိဘပြည်သူများက ပညာ့တန်ဆောင်အသင်းသို့ လှုဒါန်းထားမှုများကို တုန့်ပြန်သောအားဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ဓမ္မဟေဝန်ကျောင်းတိုက်တွင် ပြုလုပ်သွားခဲ့သည်။

    

၄. ၈. ၂၀၁၁ ရက်တွင်လည်း ပညာ့တန်ဆောင်အသင်း၏ ငွေပဒေသာပင်မှ အသီးအပွင့် ဘတ်ငွေသုံးသောင်း (၃၀ဝ၀ဝ) ကို ဓမ္မဟေဝန် ပရဟိတ ကျောင်းမှ တက္ကသိုလ်တက်ရောက်မည့် ပညာသင်လူငယ်များအား ထောက်ပံ့ခဲ့သည်။ ၃၁. ၈. ၂၀၁၁ တွင် လူငယ် (၅) ဦးအား ကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၁၁) အား သင်းကြားပို့ချခဲ့သည်။ ၆. ၉. ၂၀၁၁ ရက်နေ့တွင် ဘုရားသုံးဆူမြို့မှ အဝေးသင်တက္ကသိုလ်သို့ သွားရောက်မည့် ကျောင်းသား/သူ (၃၁) ဦးအား လိုက်ပါ ပို့ဆောင်ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

    

ပညာ့တန်ဆောင်အသင်းသည် ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ ၁၇. ၁၀. ၂၀၁၁ ရက်နေ့တွင် ပြုလုပ်သည့် ဘုရားသုံးဆူဒေသ မက်သဗွီးကျေးရွာ ဘုံကထိန်ပွဲတွင်လည်း ဘတ်ငွေသုံးထောင်တန်ဖိုးရှိ ငွေပဒေသာပင်အား လှုဒါန်းခဲ့သလို ၈. ၁၁. ၂၁၀ဝ ရက်နေ့တွင် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်အတွက် တန်ဖိုးဘတ် ငါးထောင် (၅၀ဝ၀) ရှိ ငွေပဒေသာပင်နှင့် ၁၀. ၁၁. ၂၀၁၁ ရက်နေ့တွင် ဘုံကထိန်သို့ လာရောက်ကြသည့် ဧည့်ပရိဿတ်များအား ဧည့်ခံခြင်းနှင့် အသင်းသားများ စုပေါင်းလှုဒါန်းသော ငွေပဒေသာပင်ဘတ်သုံးသောင်း (၃၀ဝ၀ဝ) လှုဒါန်းပစ္စည်း အစုစုတို့အား လှုဒါန်းခဲ့ကြသည်။

    

ပညာ့တန်ဆောင်အသင်က ကြီးမှူးကျင်းပသည့် ၁၉. ၁၁. ၂၀၁၁ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူပေါင်း (၁၂၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၀. ၁၁. ၂၀၁၁ ရက်နေ့တွင် ဆုရကျောင်းသား/သူ (၁၇) ဦးအား အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့ကြသည်။ ၂၈. ၁၁. ၂၀၁၁ ရက်နေ့မှ စတင်၍ ဘုရားသုံးဆူမြို့ရှိ တက္ကသိုလ်ဝင်တန်ဖြေဆိုမည့် ကျောင်းသား/သူ များအတွက် အထူးစာကျက်ဝိုင်းကို ဆရာ/ဆရာမ (၇) ဦးနှင့် ဂိုက် (၁) ဦးတို့အား ဉာဏ်ပူဇော်ခ ပေး၍ နေ့စဉ်သင်ကြား ပို့ချပေးခဲ့သည်။

    
၄. ၁. ၂၀၁၂  ရက်နေ့တွင် ကျရောက်သည့် ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကျောင်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/သူ (၆) ဦးအား အသင်းမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစာပြိုင်ပွဲများကိုလည်း ဦးစီးကျင်းပပေးခဲ့သည်။ နွေရာသီ အင်္ဂလိပ်စာ အခြေခံသင်တန်းကို သင်တန်သားများအား လိုအပ်သည့် စာရွက်စာတမ်းများအား အခမဲ့ ပေးဝေခြင်းနှင့် အတူ ၅. ၄. ၂၀၁၂ ရက်နေ့တွင် စတင် သင်ကြားပို့ချခဲ့သည်။ ၁. ၅. ၂၀၁၂ ရက်နေ့တွင်လည်း အခြေခံကွန်ပြူတာ သင်တန်းနှင့် အားကစားသင်တန်းကိုလည်း ဖွင့်ပေးခဲ့သလို ၅. ၅. ၂၀၁၂ ရက်နေ့တွင် ပညာ့တန်ဆောင် အသင်း၏ အသင်းပိုင်ရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။

    

ပညာ့တန်ဆောင် ပညာရေး အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အသင်းသည် လူမျိုးဘာသာ မခွဲခြားဘဲ ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ ဘာသာရေးလုပ်ငန်းများတွင် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်လျှက်ရှိသည်။ ၂၀၁၂ ခုနှစ် ပညာသင်နှစ်အတွက် ဘုရားသုံးဆူမြို့ရှိ ပညာသင်ကျောင်းများတွင် လိုအပ်သည့် သောက်ရေပုံး အလုံး (၇၀) ခုနှစ်ဆယ်နှင့် ကျောင်းသား/သူများ၏ အင်္ကျီ ကျောင်းတံဆိပ် များကိုလည်း တတ်နိုင်သရွေ့ လှုဒါန်းသွားမည်ဖြစ်သည်။ ၂၀၁၂ ပညာသင်နှစ်၏ ကျောင်းအပ်ရက်ဖြစ်သည့် ၂၅. ၅. ၂၀၁၂ ရက်တွင်လည် ဓမ္မဟေဝန် ဘုန်းတော်ကြီးသင်ကျောင်းမှ ၉/၁၀ တန်းသို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ (၂၄) ဦးတို့အား အသင်းပိုင်ငွေဖြင့် ကျောင်အပ်နှံပေးခဲ့သည်။

    

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးမှုများ ရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်နေသော ပညာ့တန်ဆောင်အသင်း၏  ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း စက်မှု/လက်မှု အတတ်ပညာများကို ရေရှည် ရပ်တည်သွားနိုင်ရန်အတွက် ပါရမီဖြည့်ကျင့်လိုသော ပုဂ္ဂိုလ်များ၊ NGO များနှင့် တစ်ခြားအသင်းအဖွဲ့အစည်းများကလည်း ပါဝင်၍ ပါရမီဖြည့်နိုင်ကြပါရန် ရည်ရွယ်၍ “ ထာဝရ အလင်းရောင် ပညာ့တန်ဆောင်” ဟူသော ဤဆောင်းပါးအား ရေးသားဖေါ်ပြလိုက်ရပါသည်။

    

* စာကြွင်း။    ။ ဝင်ရောက်ပါရမီဖြည့်လိုသော ပုဂ္ဂိုလ်များ NGO များ၊ အသင်းအဖွဲ့အစည်းများရှိပါက အောက်ပါ ပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါသည်။
၁။ ဒေါက်တာစိုးဝင် (မြို့နယ်ဆရာဝန်ကြီး ငြိမ်း) ဖုန်း – ဝ၈၇၁၇၁၂၈၄
၂။ ဦးစောတော်လှန်ရေး (မြန်မာ့ဆက်သွယ်ရေး) ဖုန်း – ဝ၈၄၅၇၀၅၈၃၄
၃။ ဦးဝင်ဌေး (ထူးကွန်ပြူတာ) ဖုန်း – ဝ၈၇၁၆၀၇၂၉၄
၄။ ဦးသာချို (ပုလဲမုန့်တိုက်) ဖုန်း – ဝ၈၆၂၈၀၉၂၈၁
၅။ ဦးသားပု (ကြယ်စင်အီလက်ထရောနစ်) ဖုန်း – ဝ၈၇၁၅၈၃၆၃၉

    ဆက်စပ်သတင်း

    1 COMMENT

    1. အပြောကတော့ကောင်းပါ့ဗျာ………….
      အမှတ်စဉ်(၁)က ဒေါက်တာစိုးဝင်းဆိုသူက ဘုရားသုံးဆူမှာဆေးခန်းဖွင့်စားပြီးတော့……ဒီလိုလုပ်တယ်ခင်ဗျ…
      ကျောင်းထဲမှာခွေးကိုက်ခံထိတဲ့ ကျောင်းသားလေး(၃)ဦးကို သူ့ဆီမှာဆေးကုဘို့သွားတာ….
      လားလား….(၃)ယောက်ဆေးဘိုး ဘတ်ငွေ(၈၀ဝ၀)တဲ့….. ကြားလို့မှကောင်းသေးရဲ့လားဗျာ….
      တဖက်နိုင်ငံကဆေးခန်းမှာ ခွေးရူးကာကွယ်ဆေးထိုးတာတောင် (၁)ဦးကို အလွန်ဆုံး ဘတ်(၂၀ဝ၀)ပေါ့…..
      အမှတ်စဉ်(၂)က ဦးစောတော်လှန်ရေးဆိုသူက နိုင်ငံတော်လစာစားပြီး နိုင်ငံ့ပညာရေးကို လူဘုံအလယ်ရှုပ်ချ
      (ကိုယ့်ပေါင်ကိုလှန်ထောင်းသလို) လုပ်တယ်ဗျာ…. အေးလေ…သူကတော့ နိုင်ငံကပေးတဲ့ ဖုန်းတွေ၊ ဆက်သွယ်ရေးစက်တွေအားကိုးနဲ့ ချမ်းသာနေပြီးကိုး…… အကျိုးပေးကကောင်းနေတာလေ..
      အမှတ်စဉ်(၃)က ဦးဝင်းဌေးကတော့ အရင်ဆိုင်နေရာဟောင်းကို သူများတွေဝင်ရောက်လုပ်နေတာတောင် မနာလိုလို့ ငတက်ပြားညအားကိုးပြီး ဖျက်လိုဖျက်ဆီးလုပ်တက်တဲ့လူ…. (သူ့ကလေး ပညာရည်ချွန်ဆုမရလို့ ဆရာမတွေကို ရန်လုပ်တာတော့မပြောတော့ပါဘူး…..)
      နံပါတ်(၄) ဦးသားချိုကတော့ သုံးဆူဟတ်ကာလို့နာမည်ခံ အသင်းဝင်ကလေးတွေကို စာစီစာရိုက်လေးသင်
      ဆော့ဝဲလေးတင်တက်ရုံလောက်ပြပေးပြီး…. သတင်းမီဒီယာတွေမှာ မဟုတ်သတင်းရေးခိုင်းသတဲ့……
      သူ့လုပ်ငန်းကျတော့ ကွန်ပြူတာတစ်လုံး ဝင်းဒိုးတင်ရင် ဘတ်(၃၀ဝ)တဲ့ ခင်ဗျ…….
      ဦးသားပုဆိုသူကတော့ ပညာရှင်ပါ… သူက တဖက်နိုင်ငံက psi စလောင်းတွေကို ရောင်း။ဝယ်တပ်ဆင် ပေးနေသူပေါ့……
      ဒီလိုလူတွေကို… ဦးဆောင်မှုပေးလုပ်ကိုင်နေတဲ့အသင်းက ဘာတွေလုပ်နိုင်မှာလဲဗျာ……
      ဒီအသင်းရဲ့လုပ်ဆောင်ချက်တွေကလဲ.. မသိသူတွေကတော့ လက်ခံမှာဘဲနော်…..
      ပရဟိတကျောင်းက ကလေးတွေ ကွန်ပြူတာမကိုင်တက်ပါဘူး…
      ပညာရေးကိုထောက်ပံ့သတဲ့….. ပညာရေးကို ခုတုံးလုပ်ပြီး.. ကိုယ်ကျိုးရှာနေတယ်လို့ဘဲ ပြောချင်တော့တယ်ဗျာ…….

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts