spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ဗဟိုအလုပ်မှုဆောင်ရွေးချယ်ပြီးစီး


    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ဗဟိုအလုပ်မှုဆောင်ရွေးချယ်ပြီးစီး


    -

    ခတ္တာနန်း

 – ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲနှင့် ဗဟိုအလုပ်မှုဆောင် ရွေချယ်ပွဲကို ယခုလ ၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံတွင် ကျင်ပခဲ့ကြောင်း သိရသည်။



    ရှင်စောပု အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင်ရွေးချယ်ပွဲ အခမ်းအနား
    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ၏ ဗဟိုအလုပ်မှုဆောင်တွင် ဥက္ကဌ ဒေါ်ကျင်သန်းအား ရွေချယ်လိုက်ပြီး ဒု-ဥက္ကဌအဖြစ် မိကွမ်းချစ်ချစ်၊ အတွင်းရေးမှုးအဖြစ် မိသန်းရှင်၊ တွဲဖက်အတွင်းရေးမှုးအဖြစ် မိကွမ်းထော နှင့် ကော်မတီအဖွဲ့ဝင်းများအဖြစ် မိသူဇာ၊ မိစိုက်ခမာ၊ မိမိုးမိုးတို့ အပြင် တစ်မြို့နယ်လျှင် အဖွဲ့ဝင် ၃ ဦးဖြစ် ဖွဲ့စည်းရွေချယ်ခဲ့ကြောင်း သိရသည်။



    ကော်မတီအဖွဲ့ဝင် မိမိုးမိုးက “ မြို့နယ်ပေါင်း ၁၅ မြို့နယ်ပါတယ် တစ်မြို့နယ်ကို ကော်မတီအဖွဲ့ဝင် ၃ ဦးပေါ့၊ အသင်းဝင်လျှောက်လွှာ ၁ ထောင် တော့ကုန်သွားပြီး၊ မော့ကနင်တစ်ရွာထဲကို အသင်းဝင် ၉၂ ယောက် ရှိတယ်” ဟု ပြောပါသည်။



    အသင်းဝင် လျှောက်လွှာများ ပြန်လည် လက်ခံမှု မရရှိသေးသဖြင့် အသင်းဝင် အရေးအတွက်အတိအကျကို မပြောနိုင်သေကြောင်း၊ စီမံကိန်း လျာထားချက် (၄) ချက် ရှိကြောင်း၊ ၎င်းတို့မှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်၊ သာရေးနာရေးတို့ ဖြစ်ကြောင်း သိရသည်။

ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ဒုတိယအကြိမ်း တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်မှ မြို့နယ်အသီးသီးနှင့် ကရင်ပြည်နယ်မှ မွန်အမျိုးသမီး စုစုပေါင်း ၅၀ဝ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။



    “စီးပွားရေးအနေနဲကတော့ ယခုလက်ရှိ ရှင်စောပုအမည်ဖြစ် မြေသြဇာ ရောင်းနေတယ်၊ နောက်ဆန်နဲ့ အဝတ်အထည်တွေ ရောင်းမယ် အဓိကကတော့ မွန်ဝတ်စုံပေါ့၊ ပညာရေးထောက်ပံ့တွေ လုပ်သွားမယ်၊ ကျန်းမာရေး ထောက်ပံ့မှုအနေနဲ့ကတော့ အခမဲ့ ဆေးကုသပေးမယ် တစ်လကိုတော့ ဆရာဝန် ၃ ဦး တာဝန်ယူပေးသွားမယ် ဆရာဝန်တွေတော့ ညှိထားပြီးပြီး၊ နာရေးအတွက်ကတော့ ၃ သောင်းနဲ့ သာရေးအတွက် ၁ သောင်း ထောင့်ပံ့ပေးသွားမယ်၊ နောက်ပြီး အသင်းလိုက် သွားရောက် အားပေး ကူညီသွားမယ်” မိမိုးမိုး ဆက်ပြောပါသည်။



    ဥက္ကဌ ဒေါ်ကျင်သန်းကလည်း မိမိတို့ မွန်အမျိုးသမီးများအနေနှင့် အိမ်ထောင်ဦးစီးနှင့် သားသမီးတို့မှာလည်း တစ်ခြားနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေရသဖြစ် မိသားစု တစ်ကွဲတစ်ပြား ဖြစ်နေကြရသဖြင့် စိတ်အားငယ်မှုများ မဖြစ်အောင် မိမိနိုင်ငံအတွင်း ပြန်လည် အလုပ်လုပ်နိုင်ရန်အတွက် အဓိက လုပ်ဆောင်ပေးသဝားမည်ဖြစ်ကြောင်း အခန်းအနားတွင် ပြောကြားသွားပါသည်။

    

ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ကို ယခုဇွန်လအတွင်း တရားဝင် မှတ်ပုံတင်သွားရန် ရှိကြောင်းပြီး၊ မွန်အမျိုးသမီးများ စုစုစည်စည်းနှင့် ပရဟိတ လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။










    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts