spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်လယ်သမားများ ဇေကမ္ဘာကုမ္မဏီကို ထပ်မံတရားစွဲမည်

    မွန်လယ်သမားများ ဇေကမ္ဘာကုမ္မဏီကို ထပ်မံတရားစွဲမည်

    -

    ဂျူရီချိုင်း – မွန်လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေ ၈၁၅ ဧက ကို ဇေကမ္ဘာကုမ္မဏီမှ သီးစားလုပ်ကိုင်ခွင့် ရရှိသွားခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်တို့က သက်ဆိုင်ရာသို့ ထပ်မံတရားစွဲဆိုသွားမည်ဟု သိရသည်။

    ယင်းမြေများကို လယ်ပိုင်ရှင်များနှင့် ဇေကမ္ဘာကုမ္ပဏီတို့က သီးစားခွင့်ရရန် လျှောက်ထားချက်များကို ဇေကမ္ဘာကုမ္ပဏီက သီးစားခွင့်ရရှိသွားသည့်အတွက် လယ်သမားတို့က နောက်ထပ်တရားစွဲသွားမည်ဟု မွန်လယ်သမား ဦးကျော်စိန်က ပြောသည်။

    ၎င်းက “ဒီမြေတွေ ကျနော်တို့ အနှစ်နှစ်ဆယ်လုံးလုံး အစဉ်မပျက်လုပ်ကိုင်လာတဲ့မြေဖြစ်တယ်၊ ဇေကမ္ဘာကုမ္ပဏီက မနှစ်ကမှဝင်သိမ်းပြီးတော့ ပိုင်းစီးလိုက်တယ် အခုလဲ သီးစားလုပ်ကိုင်ဖို့ ရသွားပြန်ပြီ ဒါတွေ လုံးဝလုံးဝ မကျေနပ်ဘူး ရှေ့ဆက်တရားစွဲဆိုသွားမယ်” ဟု ပြောသည်။

    ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုကွင်းရှိ မွန်လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေ ၈၁၅ ဧက ကို ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုံ တည်ဆောက်ရန်အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

    ဇေကမ္ဘာကုမ္ပဏီမှ သီစားလုပ်ကိုင်ခွင့်အတွက် ယမန်နေ့၌ သက်ဆိုင်ရာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူထံ စာထုတ်ပြန်ပေးပို့ခဲ့သည်ဟု ဦးကျော်စိန်က ပြောသည်။

    ထိုမြေသိမ်းဆည်းချိန်က လယ်ပိုင်ရှင်များအား ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံတည်ဆောက်ရန် သိမ်းယူမည်ဟု မပြောဘဲ နိုင်ငံတော်က သိမ်းဆည်းသည်ဟုဆိုကာ လယ်တစ်ဧကကို လျှော်ကြေး ၃ သိန်းနှုန်းဖြင့် သိမ်းဆည်းလိုက်ခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်များက သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တိုင်ကြားစာပေးပို့ခြင်းနှင့် တရားစွဲဆိုမှုများ ရှိခဲ့သည်။

    ယင်းသိမ်းခံရသည့် လယ်မြေပိုင်ရှင်များကို မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှ အနှစ်နှစ်ဆယ်ကျော် ပြောင်းရွှေ့လာကြသော လယ်ပိုင်ရှင်မွန်လူမျိုး ၈၀ ကျော်က ပိုင်ဆိုင်ကြပြီး စပါးစိုက်ပျိုးမှုတစ်မျိုးကိုသာ အဓိကထား အသက်မွေးဝမ်းကြောင်း ပြုကြသည်။

    လက်ရှိ အသိမ်းခံရထားသည့် လယ်ယာမြေနေရာများတွင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ(၁၊ ၂၊ ၃) တည်ဆောက်ရန် လယ်ကွင်းထဲရှိ ရေမြောင်းတာတမံများ၊ ကန်သင်းရိုးများဖြိုဖျက်ပြီး ကားလမ်းဖောက်ကာ မီးတိုင်များ တပ်ဆင်ထားကြကာ အိမ်ယာမြေကွက်အဖြစ် ပြန်လည်ရောင်းချရန် စီစဉ်နေကြသည်။

    လွန်ခဲ့သော ၂၀၁၀ ခုနှစ်တွင် ကျေးရွာရှိ ရာအိမ်မှူးက လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ လယ်သမားများကိုခေါ်ပြီး လယ်ယာမြေ လျှော်ကြေးငွေယူခြင်းအတွက် စာရွက်လွတ်များမှာ အကြိမ်ကြိမ် လက်မှတ်ရေးထိုးခိုင်းရန် တိုက်တွန်းခြိမ်းခြောက်မှုများရှိခဲ့သည်။

    ယခုလ ၁၀ ရက်နေ့တွင် မွန်လယ်သမားများက လယ်ထွန်မင်္ဂလာပွဲအခမ်းအနားကို ကျင်းပခဲ့သလို တစ်ဖက်က ဇေကမ္ဘာကုမ္မဏီ ဆောက်လုပ်ရေးသမားများလည်း ဆောက်လုပ်နေခြင်းကြောင့် ထိုမြေ၏ သီးစားမှတ်ပုံတင်မရရှိပါက ၎င်းမြေပေါ်တွင် မည်သူမှ စိုက်ပျိုးခြင်း၊ ဆောက်လုပ်ခြင်း ပြုလုပ်ခွင့်မပြုသေးကြောင်း ရန်ကုန်းတိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာရှိ မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်လိုက်သည်ဟု ဦးကျော်စိန်က ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts