spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းလစဉ်အစည်းအဝေးသို့ (AMDP) ညှိနှိုင်းရေး ကော်မတီဝင်များ မတက်ရောက်


    လစဉ်အစည်းအဝေးသို့ (AMDP) ညှိနှိုင်းရေး ကော်မတီဝင်များ မတက်ရောက်


    -

    ခတ္တာနန်း
 – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့ နှစ်ပါတီပေါင်းစည်းရေး သဘောတူညီချက်အရ တစ်လတစ်ကြိမ် ပါတီအစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တက်ရောက်နိုင်ခြင်းမရှိဟု မွန်ရဟန်းပျိုများ ညှိနှိုင်းရေးအဖွဲ့က ပြောသည်။

    မေလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ပါတီညှိနှိုင်းအစည်းအဝေးကို သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်ရှိ နန္ဒဝန်ပရိယတ္တိ မွန်စာသင်တိုက်တွင် ကျင်းပခဲ့သည်။

    မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြစဉ်တ

    နှစ်ပါတီ ပေါင်းစည်းရန် သဘောတူ လက်မှတ်ရေးထိုးထားသည့် အချက် ၄ ချက်အနက် နှစ်ပါတီ အစည်းအဝေးပွဲကို တစ်လတစ်ကြိမ် မွန်မြန်မာလကုန်ရက် (ဥပုဒ်နေ့) တိုင်းတွင် သံဃာတော်တို့ ဖိတ်ကြားသည့်နေရာတွင် ပြုလုပ်သွားရန် ပါရှိသည်။

မွန်ရဟန်းပျိုများ ညှိနှိုင်းရေးအဖွဲ့မှ ဒု-ခေါင်းဆောင် ဆရာတော်ခေမာနွံက “ သဘောတူထားတဲ့အချက် ၄ ချက်အတိုင် ဦးဇင်းတို့က အစည်းအဝေးခေါ်တယ် ဒါပေမဲ့ AMDP ဘက်က ကော်မတီဝင်တွေ အချိန်မပေးနိုင်လို့ဆိုပြီး မလာဘူး၊ MDP ဘက်ကပဲ လာတယ်” ဟု ဆရာတော်က မိန့်တော်မူသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်နိုင်ခြင်းမရှိသော်လည်း ပုဂိုလ်ရေးအရ ဥက္ကဌ နိုင်ငွေသိန်းနှင့် နိုင်ချစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း၊ မွန်ဒီမိုကရေစီပါတီဘက်မှ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်း ၈ ဦး တက်ရောက်ကြကြောင်းနှင့် မွန်ရဟန်းပျိုများ ညှိနှိုင်းရေးအဖွဲ့မှ သံဃာတော် ၁၀ ပါးခန့် တက်ရောက်ကြောင်း မွန်ဒီမိုကရေစီပါတီ (MDP) မှ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ၄င်းက “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်က ဘာကြောင့် မတက်ရောက်နိုင်တာလည်းဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မရှင်းပြနိုင်ဘူး၊ ကျနော့်အမြင်မှာ သူတို့ဘက်က စိတ်ချတယ်လို့ပဲ မြင်ပါတယ်၊ ဒါပေမဲ့ ပါတီတစ်ဖက်ထဲဆိုတော့ ဆွေးနွေးရတာ သိပ်ပြီး ပုံစံမကျလှဘူးပေါ့” 


လစဉ်အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကော်မတီအဖွဲ့ဝင်များ မတက်ရောက်နိုင်ခြင်းကိစ္စနှင့်ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်းမရှိခဲ့ပါ။

    “ကျနော်တို့ဘက်က ကော်မတီတွေ တစ်ယောက်မှ မတက်တော့ ဘာမှကို အသေအချာ ဆွေးနွေးလို့ မရဘူးဖြစ်နေတယ်၊ ကျနော်ကတော့ ပါတီအနေနဲ့ တက်တာတော့မဟုတ်ဘူး ပုဂိုလ်ရေးအနေနဲ့ပဲ တက်တာ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

မွန်နှစ်ပါတီ ပူပေါင်းရန် သဘောတူညီချက်ကို လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts