spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစစ်ပဋိပက္ခဖြစ်ပွားရာဒေသရှိ အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရ

    စစ်ပဋိပက္ခဖြစ်ပွားရာဒေသရှိ အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရ

    -

    အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားနေသည့် စစ်ပဋိပက္ခများကြောင့် အစိုးရတပ်တို့ ထိုးစစ်ဆင်ရာဒေသရှိ ကချင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံနေရကြောင်း ကချင်အမျိုးသမီးအဖွဲ့ (မြန်မာနိုင်ငံ) KWAT က ပြောသည်။

    စစ်ပွဲကြောင့် နေရပ်စွန့်နေကြသည့် ကချင်ဒေသခံများ (ပုံ-အင်တာနက်)
    မေလ ၁ ရက်နေ့တွင် တရုတ်နယ်စပ်၊ ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ လုပီရွာခံ အသက် ၄၈ နှစ်ရှိ ဒေါ်ငွားမိ (အမည်အရင်းမဟုတ်) သူက ဘုရားကျောင်းအတွင်း အစိုးရစစ်တပ် ခမရ ၃၄၇ နှင့် ခလရ ၁၁၈ တို့က ၃ ရက်ကြာ ဖမ်းဆီး ချုပ်နှောင်ထားက ညှင်းပန်းနှိပ်စက်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု KWAT က ယနေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

    “အစိုးရတပ်တွေ လုပီရွာထဲ ဝင်လာပြီးတော့ သေနတ်တွေပစ်တယ် ရွာသားတွေကလဲ ကြောက်ပြီး တောထဲထွက်ပြေးကြတာရှိသလို တချို့ မထွက်ပြေးတဲ့လူတွေလည်းရှိတယ် အခု ဒေါ်ငွားမိက ဘုရားကျောင်းမှာ ပုန်းနေတာ အဲဒီမှာ ဗမာတပ်တွေက ဝင်လာပြီးတော့ အမျိုးမျိုးနှိပ်စက်ပြီးတော့ အဓမ္မပြုတာ” ဟု KWAT တာဝန်ခံ မွန်းနေလီက ပြောသည်။

    ထိုအဖြစ်အပျက်များကို ဘုရားကျောင်းအပြင်ဘက်တွင် ချည်နှောင်ခံထားရသည့် အသက် ၅၉ နှစ်အရွယ် ဦးယူသာဂွေး Yu Ta Gwi က မြင်တွေ့ခဲ့ရသည်ကို ပြန်လည် ပြောပြခဲ့ခြင်းဖြစ်သည်။

    မေလ ၄ ရက်နေ့တွင် အစိုးရစစ်တပ်များ ၄င်းရွာမှ ပြန်လည်ထွက်ခွားသွားပြီးနောက် ယင်းတို့ နှစ်ဦးကို သေခံများ ပြန်လည်တွေ့ရှိကာ ပန်ဝါဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးခဲ့သည်။

    ထိုးစစ်ဆင်မှုများ တောက်လျှောက်ဖြစ်ပွားနေသည့် ကချင်ဒေသအတွင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အဓိက ဓားစာခံနေပြီး အစိုးရတပ်တို့၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အမျိုးမျိုးခံနေရကြောင်းလည်း မွန်းနေလီက ပြောသည်။

    ၄င်းက “အခုဆိုလို့ရှိရင် အမျိုးသမီးတွေ အဓမ္မပြုခံရတာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်၊ စစ်တပ်တွေ ထိုးစစ်ဆင်တဲ့နေရာတိုင်းမှာ စစ်ကြောင်းတွေ ဝင်တဲ့ရွာတိုင်းမှာ အမျိုးသားတွေဆို ရိုက်တယ်၊ နှိပ်စက်တယ်၊ ဖမ်းဆီးတယ် အသတ်ခံရတဲ့အဆင့်ပေါ့နော်၊ ထွက်ပြေးတဲ့ ခလေးတွေဆို သေနတ်တွေနဲ့ လိုက်ပစ်တယ် သေတဲ့အထိပေါ့၊ အမျိုးသမီးတွေဆိုလည်း သူတို့ (စစ်တပ်) လက်ထဲရောက်ရင် လွတ်လမ်းမရှိဘူး အမျိုးမျိုးနှိပ်စက်တယ်”

    KWAT ၏ ထုတ်ပြန်ချက်တွင် အစိုးရစစ်တပ်များအနေဖြင့် ကချင်ဒေသရှိ အမျိုးသမီးများအား မုဒိန်းကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းအပေါ် ချက်ချင်းရပ်တန့်ပေးရန်နှင့် ထိုးစစ်ဆင်နေမှုများကို အမြန်ရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts