spot_img
Wednesday, April 17, 2024
More
    spot_img
    Homeသတင်းနယ်စပ် ဘုရားသုံးဆူတွင် KNU ဆက်ဆံရေးရုံးဖွင့်

    နယ်စပ် ဘုရားသုံးဆူတွင် KNU ဆက်ဆံရေးရုံးဖွင့်

    -

    သူရိန် – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့နံနက် ၉ နာရီခန့်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

    ယင်း ဆက်ဆံရေးရုံးကို ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက်၊ အဘိဓမ္မာတောင်သာ ဆေးခန်းအနီးတွင် ဖွင့်လှစ်လိုက်သည်။

    KNU ဥက္ကဌ စောမူးတူးဆေးဖိုး ပြောကြားစဉ်

    ယင်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးခင်ရီအပါအဝင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ကြသည်။

    ရထားဝန်ကြီး ဦးအောင်မင်းက နယ်စပ်ဒေသအတွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပြီးနောက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်လာစေရေးအတွက်လည်း လုပ်ဆောင်ပေးသွားရန်ရှိကြောင်း အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။

    ၄င်းက “တပ်မတော်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ပေမယ့် ဒီအစိုးရသစ်လက်ထက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခဲ့တာ အရမ်းဝမ်းသာတယ်၊ နောက်ပြီးတော့ ဒီနယ်စပ်ဒေသ ဖွံ့ဖြိုးဖို့အတွက် တနေရာနဲ့ တနေရာ သွားလာလွယ်ကူဖို့ အရင်ကရှိခဲ့တဲ့ သံဖြူဇရပ်၊ ဘုရားသုံးဆူမီးရထားလမ်းကိုလည်း ပြန်လည် ဖွင့်လှစ်ပးသွားဖို့ကိုလည်း ကျနော်တို့ လုပ်ဆောင်သွားမယ်”

    ကေအဲန်ယူဘက်ကမူ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအပါအဝင် တပ်မဟာ(၄)၊ (၆)၊ (၇)မှ တပ်မဟာမှူးများ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ ဒူးပလာယာ၊ ဖားအံခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    “ကျနော်တို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်လာခဲ့တာ ၆၃ နှစ် ကြာခဲ့ပြီ၊ ဒီအချိန်မှာ တိုင်းရင်းသားပြဿနာ နိုင်ငံရေး ပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းလို့မရတော့ဘူးဆိုတဲ့အသိနဲ့ အစိုးကနေ ကမ်းလှမ်းလာတဲ့ အပစ်ခတ်ရပ်စဲရေးကို အကြိမ်ကြိမ်စဉ်းစားပြီးတော့မှာ လက်ခံခဲ့တာ” ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောသည်။

    ဘုရားသုံးဆူ KNU ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားမှာ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် ခေါင်ဆောင်များနှင့် KNU အဖွဲ့ဝင်ခေါင်ဆောင်များတက်ရောက်လာနေစဉ်။

    ကေအဲန်ယူသည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် နော်စီဖိုးရာစိန် ဦးဆောင်သည့် ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ ၁၄ ဦးနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီး ရ ဦး အပါအဝင် ကိုယ်စားလှယ် ၁၉ဦးတို့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးကာ တနိုင်ငံလုံး အပစ်ရပ်ရေး ပါ၀င်သည့် ဆုံးဖြတ်ချက် ၁၃ ချက်ကို သဘောတူညီခဲ့ကြသည်။

    ၎င်းအပြင် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ရ ရက်နေ့တွင် နေပြည်တော်ရှိ အစိုးရသစ် သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ ရန်ကုန်၌ နိုင်ငံရေးပါတီများအပြင် ဧပြီလ ၈ရက်နေ့၌ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts