spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့၌ ကရင်နယ်ခြားစောင့် အရာရှိတစ်ဦးပစ်သတ်ခံရ

    ဘုရားသုံးဆူမြို့၌ ကရင်နယ်ခြားစောင့် အရာရှိတစ်ဦးပစ်သတ်ခံရ

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်မြောက်ဘက်၌ ကရင်နယ်ခြားစောင့်အရာရှိတစ်ဦးယမန်ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီးပွဲချင်းပြီးသေဆုံးခဲ့သည်။

    ကရင်နယ်ခြားစောင့်တပ်ဖွဲ့(Photo-KIC)
    ယမန်နေ့ည ၉ နာရီကျော်တွင် ဥဒေါင်းကန်အနီးပွဲခင်း၌နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်းကြား စကားများကြရာမှ ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးရဲနိုင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်ဟုမျက်မြင်များကပြောသည်။

    ဘုရားသုံးဆူမြို့မှ အမည်မဖေါ်လိုသောရဲအရာရှိတစ်ဦးက“တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိစ္စဖြစ်နေတာ့ ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး၊ သူတို့ကိစ္စ သူတို့ပဲကိုင်တွယ်ဖြေရှင်းရပါမယ်၊” ဟုပြောသည်။

    ဒေသခံကရင်အမျိုးသားအစည်းအရုံး (KNU) အရာရှိတစ်ဦးကယင်းအငြင်းပွားပစ်ခတ်မှုသည်မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နိုင်ကြောင်းထင်မြင်ချက်ပေးသည်။

    ၎င်းက “သူတို့ကစောနော်တရာ(ဒီကေဘီအေ)ရဲ့တပည့်တွေဖြစ်ခဲ့တယ်၊ တပ်ကနေထုတ်ပယ်ထားတဲ့လူတွေလို့ ကျနော်တို့သိထားတယ်၊ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီးသူတို့နာမည်ထွက်နေတယ်” ဟုပြောသည်။

    ဘုရားသုံးဆူဒေသဝန်းကျင်တဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU), တိုးတက်သောကရင်အမျိုးသားဗုဒ္စဘာသာတပ်မတော် DKBA, မွန်ပြည်သစ်ပါတီNMSP, နယ်ခြားစောင့်တပ်ဖွဲBGF, ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)စသည့် တပ်ဖွဲ့များလှုပ်ရှားလျှက်ရှိသည်။

    ထို့အပြင် နိုင်ထွန်းခေါင်းဆောင်သောပြန်ပေးဆွဲသည့်အဖွဲ့သည်လည်းယင်းဒေသတွင် အနီးတဝိုက်တွင်ကျက်စားလှုပ်ရှားနေပြီးယခုနှစ် ဖေဖော်ဝါရီလမှ ယခုလအထိဘုရားသုံးဆူမြို့ထဲတွင်ပြန်ပေးဆွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

    ယင်းဘုရားသုံးဆူနယ်စပ်လမ်းကိုထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးတင်သွင်းသည့် လမ်းကြောင်းတစ်ခုအဖြစ် ထိုင်းအာဏာပိုင်တို့သတ်မှတ်ထားပြီးယင်းဒေသရှိနယ်ခြားဖြတ်ကျော်မှုကိုအထူးတင်းကြပ်ထားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts