spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဘီဘီစီဘန်ကောက်ရုံးကို ဆန္ဒပြ

    ဘီဘီစီဘန်ကောက်ရုံးကို ဆန္ဒပြ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘီဘီစီ အသံလွှင့်ဌာနကြီး၏ ရုံးရှေ့တွင် ရခိုင်လူမျိုးအများစုနှင့် မြန်မာနိုင်ငံသားများ ယနေ့နံနက်တွင် ကန့်ကွက်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။

    ဘန်ကော်ဘီဘီစီရုံးရှေ့ဆန္ဒပြမြင်ကွင်း

    ယနေ့နံနက် ၁၁:၁၀ မှစ၍ တစ်နာရီခန့်ကြာဆန္ဒပြပွဲပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံရောက်ရှိ ကရင်၊ မွန်၊ ဗမာနှင့် ရခိုင်တိုင်းရင်းသားများ စုစုပေါင်း ၆၀၀ ခန့် ပူပေါင်းပါဝင်ခဲ့ကြသည်ဟု ပါဝင်လှုပ်ရှားသူများက ပြောသည်။

    “လွန်ခဲ့တဲ့သုံးလကျော် ဘီဘီစီအသံလွှင့်ချက်ထဲက ရခိုင်ပြည်နယ်သင်္ကေတ ကိုဖေါ်ပြတဲ့အချက်မှာ ရိုဟင်ဂျာရုပ်ပုံတွေကို ထည့်သွင်းဖေါ်ပြထားတာကို ကန့်ကွက်ခဲ့ပြီးပြီ၊ အဲဒီကိစ္စကို ဘီဘီစီအသံလွှင့်ဌာနက ပြောင်းလဲပေးတာလဲမရှိဘူး၊ ဒါကြောင့်ကျနော်တို့က ဆန္ဒဆက်ပြတာ” ဟု ဆန္ဒပြပွဲပါဝင်ခဲ့သူန ထိုင်းအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုအောင်မြင့်သိန်းက ပြောသည်။

    ရိုဟင်ဂျာအား တိုင်းရိုင်းသားအဖြစ်ဘီဘီစီဖေါ်ပြချက်

    ပြီးခဲ့သည့် ၂၀၁၁ အောက်တိုဘာလ ဘီဘီစီ အာရှ-ဖစိဖိတ်သတင်းထောက် Anna Jones ၏ မြန်မာနိုင်ငံဓါတ်ပုံသတင်း၌ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို မြန်မာတိုင်းရင်းသားဟု ဖေါ်ပြခဲ့သည့်အတွက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    ယနေ့ဆန္ဒပြပွဲ၌ ဘီဘီစီမှ ထုတ်ပြန်ရေးသားခဲ့သည့်သတင်း မဟုတ်မမှန်ကြောင်း၊ ၎င်းသတင်းကို အင်တာနက်မှဖြုတ်ချပေးရန် အော်ဟစ်ကာ တောင်းဆိုဆန္ဒပြခဲ့သည်ဟုလည်း ဆန္ဒပြခဲ့သူ ကိုအချိုင်က ပြောသည်။

    အလားတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း တောင်ကိုးရီးယားရောက် ရခိုင်အမျိုးသားများနှင့် မြန်မာတိုင်းရင်းသား ၁၀၀ ခန့် ဘီဘီစီ သတင်းဌာနအား ကန့်ကွက်သော ဆန္ဒပြပွဲတစ်ခုကို ဆိုးလ်မြို့ရှိ ဗြိတိသျှ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. I am sixty years old now. My parents used to run a restaurant in Yangon since I was three years old and we have many regular customers from Rakkhine. I’ve never heard about an ethnic tribe called Rhohinger until 1980. Actually these people are from Bangladesh.They never look like any other tribes in Myanmar. In Burmese language they are Kalars from Bangladesh.I strongly denied that they are Myanmar citizens and we cannot share our land to those aliens.

    2. ကိုယ်ကိုမလိမ်ပါနဲ့ ။ ဘာမှ မသိတဲ. တိုင်းရင်းသားတွေကိုမလှည့်စားပါနဲ့။ ရခိုင်တို့ရယ် ဓားပြစိတ်ကို ပြင်ပါ။ ရိုဟင်ဂျာ တွေ ဟာ အာရ်ကန် မှာ နေလာတာ နှစ်ပေါင်း 1200 ရှိကြောင်း သမိုင်း ဆရာ သန်းထွန်း ရဲ. တွေ့ရှိချက်ကိုလည်း တိုင်းရင်းသားတွေကို ပြောပြပါ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts