spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်း ဆိုင်ကယ်တက္ကစီဖြင့်သွားလာမှုများ

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်း ဆိုင်ကယ်တက္ကစီဖြင့်သွားလာမှုများ

    -

    မင်းတော်လဝီ – သင်္ကြန်ကာလလွန်မြောက်ပြီးနောက် ဘုရားသုံးဆူမြို့-ကြာအင်းဆိပ်ကြီးမြို့အသွားအပြန်ခရီးတွင် မော်တော်ယာဉ်များထက် မော်တော်ဆိုင်ကယ်တက္ကစီများဖြင့် ခရီးသွားလာမှု ပိုမိုများပြားလာသည်။

    “ကားစီးရင်လူပြည့်ဖို့အချိန်စောင့်ပြီးမှထွက်တယ်၊ ကုန်ရောလူပါ ကြပ်ညှပ်ပြီး လိုက်ပါစီးရတော့ ကုန်သည်တွေပဲသွားကြတယ်၊ ခရီးသွားသက်သက်တွေက ဆိုင်ကယ်ကို ပိုစီးလာကြတယ်”ဟု ဆိုင်ကယ်တက္ကစီသမား ကိုနိုင်ဝင်းက ပြောသည်။

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းအရှည်မိုင် ၄၀ ခန့်ရှိပြီး မော်တော်ယာဉ်ခ ထိုင်းဘတ် ၁၀၀၀ ဘတ် (၂၅၀၀၀ကျပ်-ခန့်၊ ဆိုင်ကယ်တက္ကစီခ ထိုင်းဘတ်၁၅၀၀( ၃၇၀၀၀ ကျပ်ခန့်) ဖြစ်သည်။

    “ဆိုင်ကယ်နဲ့ ဘုရားသုံးဆူက မနက် ရ နာရီစထွက်ရင် မွန်းလွဲ ၂ နာရီ ကြာအင်းဆိပ်ကြီးကိုရောက်တယ်၊ မော်တော်ယာဉ်ကျတော့ ညနေ ၆ နာရီမှရောက်နိုင်ပြီး အဆင်မပြေရင် လမ်းမှာအိပ်ရတဲ့ အခါမျိုး ရှိတတ်တယ်”ဟုခရီးသည် ကိုထွန်းသန်းက ပြောသည်။

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးသို့အပြန်အလှန် ဆိုင်ကယ်တက္ကစီပြေးဆွဲနိုင်ရန် ဘုရားသုံးဆူမြို့ဒေသ ကရင်အပစ်ရပ်အဖွဲ့ဂိတ်နှင့် မွန်ပြည်သစ်အပစ်ရပ်ဂိတ်ထံ ဆိုင်ကယ်လိုင်းကြေးငွေ ထိုင်းဘတ် ၅၀၀ စီ တစ်နှစ်စာပေးဆောင်ထားရသည်ဟု အမည်မဖေါ်လိုသူ လိုင်းဆိုင်ကယ်သမား တဦးက ပြောသည်။

    သို့ရာတွင် ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် ခရီးသွားသူများ ၄င်းဂိတ်ကြေးများ ပေးဆောင်ရန်မလိုဟု သိရသည်။

    ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ လာရောက်နိုင်သည့််လမ်းကြောင်းများမှာ ရေး-ဘုရားသုံးဆူလမ်း၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းနှင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကြောင်း ၃ ကြောင်းရှိပြီး ပွင့်လင်းရာသီကာလတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ဖြင့် ခရီးသွားလာနိုင်သော်လည်း မိုးတွင်းကာလတလျှောက်တွင် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသို့ ရေလမ်းခရီးကိုအသုံးပြုကြရသည်။

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကို ရေလမ်းမိုင် ၅၀ခန့်ရှိပြီး မိုးနှောင်းကာလ ဒီဇင်ဘာမှ မေလအထိတွင် ရေလမ်းခရီးကိုပိတ်ထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts