spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ပြည်ထောင်စုရှေ့နေချုပ်နှင့် ကျမ်းသစ္စာကျိန်ဆိုရေး

    ပြည်ထောင်စုရှေ့နေချုပ်နှင့် ကျမ်းသစ္စာကျိန်ဆိုရေး

    -

    ဦးမျိုး (ဥပဒေ) – ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၁၀)ကို ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းထားခဲ့သည်။ ဤဥပဒေ ပုဒ်မ -၁၂ တွင် ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန် များကို အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

    တပ်မတော်သားကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခဲ့ပုံ(Photo-Internet)
    (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း။

    (ဂ) နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ကဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စု ၀န်ကြီးဌာန တစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီက ဖြစ်စေ ဥပဒေအကြံဉာဏ် တောင်းခံပါက ဥပဒေ အကြံဉာဏ်ပေးခြင်း၊

    (တ) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြစ်စေ၊ တည်ဆဲဥပဒေနှင့် နည်းဥပဒေများအရဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန် သော နည်းဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွန်ကြားချက်များအရဖြစ်စေ သတ်မှတ်ထားသော အခြား တာဝန်များကို ထမ်းဆောင်ခြင်း။

    ပုဒ်မ- ၁၂(ခ)တွင် ”ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း” တာဝန်ကို ထမ်းဆောင် ရပါသည်။

    ယခုအချိန်ကာလမှာ ကြားဖြတ်ရွေးကောက်ပွဲအပြီး တတိယအကြိမ် ပုံမှန် အစည်းအဝေး ခေတ္တ ရပ်နားထားချိန်ဖြစ်ပါသည်။ ”အရေးတကြီး ဆုံးဖြတ်ရန် ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သည့်အတွက် ယခုအစည်းအဝေးကို ဧပြီလ (၂၃) ရက်တွင် ခေါ်ယူရန် ရှိကြောင်းနှင့် ခေါ်ယူရန်မလိုသည့် အခြေအနေဖြစ်ပါက ကိုယ်စားလှယ်များထံ အချိန်မီ အကြောင်းကြားမည် ဖြစ်ပါကြောင်း” ၂၀၁၂ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြထားသည့် အချိန်ဖြစ်ပါသည်။ အရေးတကြီးဆုံးဖြတ်ရန်ကိစ္စများ ပေါ်ပေါက်လာနိုင်သည့်အတွက်ဟု ဖော်ပြချက်ကိုက ကြိုတင်သိနေသကဲ့သို့ ဖြစ်နေပါသည်။ ခေါ်ယူရန် မလိုသည့် အခြေအနေ ဖြစ်ပါက ဟုလည်း ဖော်ပြထားသေးသည်။ ”ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေ အနေကို အခါအားလျော်စွာ တင်ပြခြင်း” အမှုကို ရှေ့နေချု့ပ် ပြုလုပ်ရပါ တော့ မည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ -၆ ကို”ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး”ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၁ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၁၁)ဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကပင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသည့် စကားရပ်နေရာတွင် လေးစားလိုက်နာရေး ဟုပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ။စာမျက်နှာ -၁၉၂ ၊ ဇယား ၄ တွင်”ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင် ”ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။” ဟူ၍ဖော်ပြထားဆဲဖြစ်ပါသည်။ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး ဆိုသည့်စကားရပ်ကို တပြေးညီ တထပ်တည်း တူညီ်စေရန် လေးစားလိုက်နာရေး ဟူ၍ ပြင်ဆင်နိုင်ပါရန် အရေးပေါ် လိုအပ်နေပါသည်။ ရှေ့နေချုပ်အနေဖြင့် ဤအချက်ကို တင်ပြနိုင်ရပါလိမ့်မည်။

    ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၂၀၀ (ဃ) အရ ပြည်ထောင်စု ရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ပုဂ္ဂိုလ်ဖြစ်ပါသည်။(ပုဒ်မ-၂၃၇(ဃ) တွင်လည်း ဖော်ပြသေးသည်။)ပုဒ်မ -၂၃၇ (င)တွင် ”ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်။”ဟုပြဋ္ဌာန်းထားပါသည်။

    သို့ဖြစ်ပါသောကြောင့် ရှေ့နေချုပ်အနေဖြင့် သမ္မတ ထံသို့ ” ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ။ စာမျက်နှာ ၁၉၂ ။ ဇယား ၄ ပါ-ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင်ဖော်ပြထားသော ”ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး၊ ” ဆိုသည့် စကားရပ်အား ”လေးစားလိုက်နာပြီး” ဆိုသည့် စကား ရပ်ဖြင့် အစားထိုးပြင်ဆင် ပြဋ္ဌာန်းပေးလာနိုင်ရန် တင်ပြသင့်ပါသည်။

    ထိုသို့တင်ပြလာပါက သမ္မတ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ-၁၃(က) ဖြင့် ခုံ ရုံး သို့ တိုက်ရိုက်တင်သွင်းခွင့် ရှိပါသည်။ ခုံရုံး ဥပဒေပုဒ်မ- ၂၃ တွင်”ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ် သည်။”ဟု ဖေါ်ပြထားပါသည်။၎င်းအပြင် ပုဒ်မ- ၂၅ တွင်” ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်သို့ လည်းကောင်း သက်ဆိုင်ရာ နေရာဒေသ အသီးသီး သို့လည်းကောင်း အာဏာ သက် ရောက်စေရမည်။”ဟု ဖော်ပြထားချက်နှင့်အညီ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပါသည်။

    နိုင်ငံတော်တရပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် အမှန်စင်စစ် ဥပဒေ စာသားများထက် ဥပဒေ၏သဘောထား က ပိုမို၍ အရေးကြီးကြောင်းနှင့် အနက် အဓိပ္ပါယ် ဥပဒေ စာသားများကို ကျော်လွန်၍ အခြားအခြေခံများပေါ်တွင် မှီငြမ်းပြုပြီး ဥပဒေ၏ သဘောထားအမှန်ကို ဖော်ထုတ်နိုင်သည့် အခွင့်အရေးရှိကြောင်းတို့ကို အလေးအနက်ထားပြီး ဖော်ထုတ်ရန် တာဝန်ရှိပါသည်။ မြန်မာ့ ဓလေ့ထုံးတမ်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး အခြေခံမူဖြစ်သော ”ကြီးသော အမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ”ဟူသော ဆိုရိုးစကားကို လက်ကိုင်ထားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts