spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းဝင်းကရွာ ဘုရားစောင်းတန်းစျေး ယာယီဆိုင်ခန်းများ သင်္ကြန်အတွင်း ခရီးသွားများနှင့် ပြန်လည်စည်ကား

    ဝင်းကရွာ ဘုရားစောင်းတန်းစျေး ယာယီဆိုင်ခန်းများ သင်္ကြန်အတွင်း ခရီးသွားများနှင့် ပြန်လည်စည်ကား

    -

    ကျလွန်းထော – ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး စံခလပူရီမြို့နယ် ဝင်းကရွာရှိ ဗုဒ္ဓဂါယာ ဘုရားစောင်းတန်းစျေးကြီး မီးလောင်ပြာကျသွားရာမှ ယခု ယာယီဆိုင်ခန်းများဖြင့် ပြန်လည်ဖွင့်လှစ်ကြရာ ထိုင်းနိုင်ငံအနှံ့ အပြားမှ ခရီးသည်ဧည့်သည်များဖြင့် စည်ကားနေပြီ ဖြစ်သည်။

    သင်္ကြန်မတိုင်ခင်တစ်ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက်နေ့တွင် မီးလောင်ခဲ့သည့် စျေးတန်းအရှေ့ရှိ ဘုရားခြေရင်းအနီးတွင် လက်ရှိ ဝင်းကရွာဆရာတော်က ယာယီဆိုင်ခန်း တည်ဆောက်ပေးကာ စျေးဆိုင်ပစ္စည်းများ ရောင်ချခွင့်ပေးခဲ့သည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

    “ဆရာတော်က ဦးစီးပြီး ဆောက်ထားပေးတာပါ၊ ယာယီသဘောပါပဲ၊ ဆိုင်ခန်းအသစ်ဆောက်ဖို့က ဘယ်တော့ဖြစ်မလဲဆိုတာ မသေခြာသေးပါဘူး၊ အခု သင်္ကြန်ကာလမှာ စျေးဝယ်သူတွေရှိနေတော့ နည်းနည်း အဆင်ပြေနေပါတယ်” ဟု ဆိုင်ပိုင်ရှင် ကိုပါဝါက ပြောသည်။

    ဆိုင်ခန်းပြန်လည်တည်ဆောက်ရန်အတွက် စံခလပူရီမြို့ စည်ပင်သာယာရေးဌာနမှ ဆရာတော်ထံ တောင်းခံထားသော်လည်း ဆရာတော်၏ ခွင့်ပြုချက်မရရှိခဲ့ကြောင်း သိရသည်။

    “ဒီရွာက ဘုရားမြေ ဖြစ်နေတော့ ဘယ်သူကမှ အဆောက်အဦ လာဆောက်ပေးလို့ မရဘူး၊ အခုကျနော်တို့ ယာယီရောင်းခွင့်ရနေတာ ဆရာတော်က စီစဉ်ထားပေးလို့ပါ” ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

    စျေးဆိုင်ပိုင်ရှင်များက စျေးပစ္စည်းများ ရောင်းချရန်အတွက် အရင်းအနှီးငွေများကို အတိုးဖြင့် ချေးငှားထားရကြောင်း အကယ်၌ ပစ္စည်းဝယ်သူမရှိပါက အတိုးဆပ်ရန် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၄င်းစျေးဆိုင်ခန်းဖြင့် အသက်မွေးဝမ်းကြောင်းနေရသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

    “ဒီဆိုင်ပြန်ဖွင့်နိုင်ဖို့ သူများစီမှာ အတိုးနဲ့ ၅ သိန်းဘတ် ချီထားရတယ်၊ မီးလောင်သွားပြီးလို့ ဒီနယ်က အစိုးရက ဆိုင်ပိုင်ရှင်တစ်ဦးကို ပိုက်ဆံတစ်ထောင်နဲ့ ခေါက်ဆွဲထုတ် (မားမား) တပါကင် ပေးတာက လွဲလို့ နောက်ထပ် ထောက်ပံ့ပေးတာ မရှိသေးဘူး။ သင်္ကြန်ပြီးလို့ လာဝယ်တဲ့ ဧည့်သည်တွေ မရှိဘူးဆိုရင် အတိုးဆပ်ဖို့ တော်တော် ရင်လေးရပါတယ်” ဟု ၄င်းက ပြောသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည့် ဝင်းကရွာဘုရားပွဲတော်ရက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၆ ခန်းလုံး မီးထဲပါသွားခဲ့သည်။ ၄င်းမီးလောင်မှုကြောင့် ထိုင်းဘတ်ငွေ သန်း ရ၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ဒေသခံအာဏာပိုင်များက သုံးသပ်ထားသည်။

    ၄င်းဗုဒ္ဓဂါယာ ဘုရားစောင်းတန်းစျေးကြီး၌ မြန်မာပြည်မှ လက်ရာမြောက် ရိုးရာယဉ်ကျေးမှုဖြစ်သည့် အဖိုးတန်အထည်အလိပ်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ လက်မှုပစ္စည်းများ၊ ဘုရားနှင့်ပတ်သက်သော ကြေးထည်ငွေထည်ပစ္စည်းများ၊ တူရိယာပစ္စည်းအမျိုးမျိုးနှင့် ကျွန်း၊ ပျဉ်းဂတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်းများနှင့် အသေးစားပရိဘောဂ အမျိုးမျိုးတို့ကို ရောင်းချနေသည်။

    ယခင်က ရိုးရာပစ္စည်းများ အလွယ်တကူရရှိခဲ့သည့် ဗုဒ္ဓဂါယာ ဘုရားစောင်းတန်းစျေးကြီးမှာ ယခုအချိန်တွင် ၄င်းကဲ့သို့ စည်ကားစွာ ရောင်းချနိုင်ခြင်းကား မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts