spot_img
Friday, April 19, 2024
More
    spot_img
    Homeမာဒီမီဒီယာပေးစာကဏ္ဍရခိုင်ပြည်နယ် အစိုးရသစ်၏ အုပ်ချုပ်မှု စနှစ်ပျက်ပြားနေခြင်းနှင့် ဋ္ဌာနေ ပြည်သူများ အပေါ် ငွေကြေးဖြင့် အနိုင်ကျင့်နေ

    ရခိုင်ပြည်နယ် အစိုးရသစ်၏ အုပ်ချုပ်မှု စနှစ်ပျက်ပြားနေခြင်းနှင့် ဋ္ဌာနေ ပြည်သူများ အပေါ် ငွေကြေးဖြင့် အနိုင်ကျင့်နေ

    -

    ကျွန်တော်တို့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာအုပ်စုအတွင်းရှိ မြေဧက(၆၀၀)ကျော်ကို ပေါက်တောမြို့ အမှတ်(၂) ရပ်ကွက်နေ ဦးမောင်ထွန်းမြ၊ အမှတ်(၃)ရပ်ကွက်နေ ဦးအောင်ကျော်မြနှင့် စစ်တွေမြို့ ဘောင်ဒွတ်သားစု ရပ်ကွက်နေ ဦးအောင်ကျော်ထွန်းတို့(၃)ဦးမှ လွန်ခဲ့သည့် ၂၀၀၄/၂၀၀၅ ခုနှစ်မှပင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတဆင့် ပုဇွန်ကန်များကို ဌါးရမ်း လုပ်ကိုင်လာခဲ့ ကြပါသည်။

    အစိုးရသစ် တက်လာပြီး ၁၊ ၁၀၊ ၂၀၁၁ ရက်နေ့တွင် ဆင်ပိုက်ကျေးရွာအုပ်စု၊ ဒုံရွာကျေးရွာမှ မူဆလင်လူမျိုး မော်ဖီး အသက် (၄၈)နှစ်နှင့်အတူ အင်အား (၁၀၀)ခန့်ရှိသော မူဆလင်ကုလားများမှ ဦးမောင်ထွန်းမြတို့ လုပ်ကိုင်နေသည့် ပုဇွန်ကန်၏ ရေဝင်၊ ရေထွက်မြောင်းများကို လာရောက်ပိတ်ဆို့လာကြပါသည်။ ထိုနောက် မူဆလင်ကုလား(၁၀၀)ခန့်သည် အနီရောင် အလံ လွှင့်ထူပြီး အနီရောင် နဖူးစည်းများစည်း၍ အသံချဲ့စက်ဖြင့် ဆော်သြလှုံဆော်ကာ ဒုတ်၊ ဓား၊ လှံ၊ လေးဂွ၊ ဂျင်ကလိများ ကိုင်ဆောင်ထားကြပြီး ဦးမောင်ထွန်းမြ၊ ဦးအောင်ကျော်မြနှင့် ဦးအောင်ကျော်ထွန်းတို့ လက်ရိငှားရမ်းလုပ်ကိုင်နေသော ပုဇွန်ကန် များသို့ ဦးတည် ရောက်လာကြသည်ကို ဦးမောင်ထွန်းမြ၏ တိုင်းတန်းချက်အရ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အင်အား (၄၀)ခန့်ဖြင့် ဟန့်တားရန် သွားရောက်ကြရာ မဟန့်တားနိုင်ခဲ့ဘဲ ပြန်လာခဲ့ရပါသည်။

    ဦးမောင်ထွန်းမြတို့မှ ယခုလက်ရှိ ဆုံးရှုံးခံပစ္စည်းများမှာ (မရွှေ့ပြောင်းနိုင်သောပစ္စည်း ဆားပိဿာ ငါးသိန်းနှင့်အတူ အခြား အဆောက် အဦနှင့် ပတ်သက်သည့် ပစ္စည်းများ) ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၁၃၇,၂၀၀,၀၀၀) ကျော်ခန့် ရှိပါသည်။

    အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ဦးမောင်ထွန်းမြ၊ ဦးအောင်ကျော်မြနှင့် ဦးအောင်ကျော်ထွန်းတို့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ထံသို့ အရေးယူဆောင်ရွက်ပေးရန် တိုင်းကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးမှု မရှိခဲ့ပါ။ အကြောင်းမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အိမ်သို့ ဘင်္ဂလီ မူဆလင်ကုလားများသည် နေ့စဉ်နေ့တိုင်း ၀င်ထွက်သွားမှုများရှိနေပြီး ဘင်္ဂလီ မူဆလင်ကုလားများနှင့် ဦးလှမောင်တင်တို့မှာ လဘ်ပေး လဘ်ယူမှုများလည်း ပြုလုပ်နေသည့် အတွက်ကြောင့် ဖြစ်ပါသည်။

    ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဥပဒေ အမှတ် ၂၀/၂၀၁၀ ဖြင့် တရားစီရင်ရေးစနစ်အား ပြောင်းလဲ နိုင်ရန် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။

    ၂၀၁၂ ခု မတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပုသိမ်မြို့မှ  ဒေသခံများသို့ ပြောကြားရာတွင် ”အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍လည်း အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစားမှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက် ရေး အတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း၊ ယင်းဆူးငြောင့်များ ဖယ်ရှားနိုင်မှ လျှောက်လှမ်းရသည့် လမ်းခရီးချောမွေ့လာမည်ဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများကိုတော့ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း ကျူးလွန်ပေါ်ပေါက်မှုအတိုင်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူလျက် ရှိပါကြောင်း၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့်လည်း မိဘပြည်သူများ စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို အလေးထား ဆောင်ရွက်ပေးကြပါ၊ ဥပဒေနှင့်အညီ ကောင်းမွန်သော အုပ်ချုပ်ရေးကို လက်တွေ့ကျကျ ဖော်ဆောင် ပေးကြပါဟု အလေးအနက်ထား ပြောကြားလိုပါကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့ခြင်းကိုလည်း သိရှိရပါသည်။     

    သို့သော်လည်း မြန်မာနိုင်ငံအစိုးရသစ်တက်လာပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမှာ အုပ်ချုပ်ခံ ပြည်သူများ အနေဖြင့် အပြည့်အဝ အကျိုးခံစားခွင့် မရရှိသေးပါ။ တစ်ချို့နေရာများတွင် အုပ်ချုပ်သည့် အာဏာပိုင်များမှ ဥပဒေမဲ့ပြုလုပ် နေတာကို တွေ့မြင်နေရပါသည်။

    ဖြစ်ရပ်မှန်များကို တင်ပြရလျှင် ယခင်က ပေါက်တောမြို့နယ်၊ ဆင်ပိုက်ကျေးရွာအုပ်စုတွင်၊ ဆည်းမြောင်းဦးစီးဌာနမှ ဆင်ပိုက် တာတမံကို တည်ဆောက်ပေးခဲ့ပြီး ဒေသခံပြည်သူများကို လုပ်ပိုင်ခွင့် ခွဲဝေပေးပြီး စပါးစိုက်ပျိုး လုပ်ကိုင်စားသောက်နိုင် ရန်အတွက် စေခိုင်းခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။ အကြောင်းအမျိုးမျိုးကြောင်း စစ်တပ်က သိမ်းပိုက်ပြီး လယ်ယာမြေများကို ယခု လက်ရှိ လုပ်ကိုင်နေသည့် ဦးမောင်ထွန်းမြ၊ ဦးအောင်ကျော်မြနှင့် ဦးအောင်ကျော်ထွန်းတို့ကို ဌါးရမ်းခဲ့ပါသည်။ သို့သော်လည်း ပိုင်ရှင်အစစ်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို တရားဥပဒေအရ ဆုံးဖြတ်ပြီး ပိုင်ဆိုင်ခွင့်ပေးရမည်ဆိုလျှင် မှန်ကန်သောလုပ်ရပ် ဖြစ်လာနိုင် ပါသည်။

    ယခုအခါ ဋ္ဌာနေ တိုင်းရင်းသားပြည်သူများဖြစ်ကြသူများမှာ ဧည့်နိုင်ငံသား ဘင်္ဂလီ မူဆလင်ကုလားများ၏ အကြမ်းဖက် နိုင်ထက်စီးနှင်း ပြုလုပ်ခြင်းကို ခံယူနေရပြီး နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်နေခြင်းသည် မြန်မာနိုင်ငံသား တိုင်းရင်းသား ရခိုင်လူမျိုး များ၏ လူ့အခွင့်အရေး ဆုံးရှုံးမှု တစ်ရပ်သာဖြစ်နေရ ပါသည်။

    ယင်းဖြစ်ရပ်နှင့်အတူ ဦးမောင်ထွန်းမြ၊ ဦးအောင်ကျော်မြနှင့် ဦးအောင်ကျော်ထွန်းတို့ လုပ်ကိုင်နေသည့် လုပ်ကွက်၏ မြောက်ဘက်တွင်ကပ်လျက် ပေါက်တောမြို့နယ်၊ ရပ်ကွက် (၄)နေ ဦးမောင်ခင်သန်း ၊ ဦးအေးချေမောင်နှင့် ပန်းသီးရပ်ကွက်နေ ဦးခင်မောင်သိန်းတို့မှာလည်း မူဆလင်ကုလားများ၏ ဝင်ရောက်ဖျက်ဆီးမှုကြောင့် မြန်မာကျပ်ငွေ သိန်း(၁၅၀)ခန့် ကို ( မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းများ) ၂၁၊ ၃၊၂၀၁၂ ရက်နေ့က ဆုံးရှုံးခဲ့ရပါသည်။ ထိုဖြစ်ရပ်များအား ပြည်နယ်ဝန်ကြီး ဦးလှမောင်တင် သို့ တိုင်ကြား ရာတွင် အရေးယူမှုရှိမရှိကို မသိရသေးပါ။

    သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားမဟုတ်သည့် ဧည့်နိုင်ငံသား ဘင်္ဂလီ မူဆလင် ကုလားများ၏ အကြမ်းဖက်လုယက် ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံသား ဋ္ဌာနေတိုင်းရင်းသား ရခိုင်လူမျိုးများ ဆုံးရှုံးမှုများ ဆက်တိုက်ပေါ်ပေါက်နေပါသဖြင့် မြန်မာနိုင်ငံ အစိုးရပ်သစ်မှ ထိထိရောက်ရောက်ဖြစ်မှု ပြစ်ဒဏ် ဥပဒေများနှင့် အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြလိုက်ရပါသည်။

    ကျွဲကူးသား

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts