spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ်၌ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

    ထိုင်း-မြန်မာနယ်စပ်၌ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

    -

    ကျလွန်းထော – ပြီးခဲ့သည့် ဧပြီလ (၄) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ရုံးစိုက်ရာ ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ ရပ်ကွက် (၃) ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ၄င်း၏ ပါတီဆိုင်းဘုတ် တင်ပွဲတရပ်ကို ကျင်းပခဲ့သည်။

    ၄င်းဆိုင်းပုဒ်တင်ဖွင့်ပွဲကို ကြာအင်ဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွဋ်ခေါင်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမြဝင်းအပြင် ဘုရားသုံးဆူမြို့ပေါ်မှ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ပြီး အခြားသောနိုင်ငံရေးပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပါတီဝင်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များလည်း တက်ရောက်ကြသည်ဟု သိရသည်။

    ပြည်ခိုင်ဖြိုးပါတီက ပြည်သူရဲ့ကိုယ်စားပြုပါတီဖြစ်ကြောင်း ပြည်သူ၏ဆန္ဒက ပါတီရဲ့ဆန္ဒ၊ ပြည်သူ၏အသံက ပါတီ၏အသံဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနား၌ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွဋ်ခေါင်လွင်က ပြောကြားခဲ့သည်ဟု တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

    “ပြည်သူတွေရဲ့ လိုအင်ဆန္ဒမှန်သမျှကို တတ်စွမ်းသမျှ ဆောင်ရွက်သွားပေးမယ်လို့ ပြောသွားတယ်” ဟု ၄င်းကပြောသည်။

    ပါတီဆိုင်းဘုတ် တင်ပွဲကို မတ်လ (၅) ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လမ်းခရီးအခြေအနေနှင့် လွှတ်တော်အစည်းအဝေး မပြီးဆုံးသေးသည့်အတွက် နောက်ကျရခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့မှ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးချိူလေးက ပြောသည်။

    လက်ရှိ နိုင်ငံရေးပါတီများအပေါ်၌ ပါတီစွဲမရှိပဲ ပြည်သူ၏ လိုအပ်ချက်နှင့် လုပ်ဆောင်ပေးမှုများအပေါ် မူတည်ပြီး ထောက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့ ခံတစ်ဦးက ပြောသည်။

    “ဘယ်ပါတီရယ်လို့ မဆိုပါဘူး၊ ပြည်သူလူထု၏ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်တဲ့အပေါ်မှာ ကျနော်တို့ ပြည်သူတွေ ယုံကြည်ထောက်ခံပေးသွားမှာပဲ” ဟု ၄င်းက ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိထားသော်လည်း ယခု ကြားဖြတ်ရွှေးကောက်ပွဲ၌ နိုင်းငံရေးပါတီများအကြား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အနိုင်ရရှိထားသောကြောင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်သူများ၏ ယုံကြည်မှု ပိုမိုများပြားလာစေရန် ပြည်ခိုင်ဖြိုးပါတီမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ဟု ဘုရားသုံးဆူမြို့မှ နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts