spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရထားဝန်ကြီးအောင်မင်းနှင့် မွန်ပြည်သစ် နိုင်အောင်မင်းတို့ (၄၅) ရက် ဆွေးနွေးပွဲ၌ တွေ့ဆုံမည်

    ရထားဝန်ကြီးအောင်မင်းနှင့် မွန်ပြည်သစ် နိုင်အောင်မင်းတို့ (၄၅) ရက် ဆွေးနွေးပွဲ၌ တွေ့ဆုံမည်

    -

    ခတ္တာနန်း – အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရပြီး (၄၅) ရက်အတွင်း ထပ်မံ တွေ့ဆုံရန် အတွက် ယခုလ (၁၀) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့သည် မော်လမြိုင်မြို့၌ ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။

    “၁၀ ရက်နေ့မှာ မော်လမြိုင်မှာ တွေ့မယ်၊ ကျွန်တော်တို့ဘက်က နိုင်အောင်မင်း၊ နိုင်တလညီ၊ နိုင်လယီဂကောင်း၊ နိုင်နာဒူးရာမာန် နဲ့ ခရိုင်ဥက္ကဋ္ဌတွေ နှစ်ဦး တို့ ပါဝင်တဲ့ အဖွဲ့နဲ့ သွားရောက် တွေ့ဆုံမှာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေး တာဝန်ခံမှ ပြောသည်။

    အပစ်အခတ်ရပ်စဲစဉ်အတွင်း သဘောတူညီချက် ထားရှိခဲ့ကြသည့်အတိုင်း အပစ်အခတ်ရပ်စဲပြီး (၄၅) ရက်အတွင်း နိုင်ငံရေး ဆွေးနွေးသွားရန် ဟူသော အချက်အရ ယခုကဲ့သို့ သွားရောက် တွေ့ဆုံခြင်းလည်း ဖြစ်သည်။ ယခုအကြိမ် သွားရောက် တွေ့ဆုံမည့် မွန်ပြည်သစ် ကိုယ်စားလှယ် အဖွဲ့သည် ယခင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က ကိုယ်စားလှယ်များအစား လူသစ်များအား အစားထိုး ထားသည်ကို တွေ့ရပြီး အများစုမှာ ဗဟိုအလုပ်မှုဆောင် နှင့် ဗဟိုကော်မတီ အဆင့် တို့သာ ဖြစ်ကြသည်။

    အစိုးရဘက်မှ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံလိုကြောင်း သဘောထား ပြုထားသော်လည်း မွန်ပြည်သစ်ဘက်မှ ကျန်ရှိနေသေးသည့် မွန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပြီးမှသာ ပါတီဥက္ကဋ္ဌနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေချင်သည့် သဘောထားရှိကြောင်း အကြောင်းပြန်ထားပေသည်။

    “ဒီတစ်ကြိမ် ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဘက်က တပ်ပြန်လည် နေရာချထားရေး၊ တပ်တည်နေရာ သတ်မှတ်ရေး၊ စီးပွားရေးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အဓိက ဆွေးနွေးကြမှာပါ၊ နောက်ကျန်နေသေးတဲ့ မွန်နိိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရကို ထပ်မံ တင်ပြတောင်းဆိုသွားမယ်” ဟု မွန်ပြည်သစ် နိုင်ငံခြားနှင့် မဟာမိတ်ဆက်ဆံရေး တာဝန်ခံမှ ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် နိုင်ငံတော် အစိုးရတို့သည် ၂၀၁၂ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး မော်လမြိုင်မြို့၊ Strand Hotel ၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ကြသည်။

    ယခု ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော အဖွဲ့အားလုံးနှင့် မဟုတ်သေးပဲ မွန်ပြည်သစ်ပါတီနှင့်သာ တွေ့ဆုံခြင်း ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ အားလုံးနှင့် တွေ့ရန်ကိုမူ ယခုနှစ်ကုန် ဒီဇင်ဘာလ အတွင်း၌ ထပ်မံ တွေ့ဆုံရန် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts