spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းသင်္ဘောလက်မှတ်ခကို အစိုးရသတ်မှတ်စျေးထက် ခရီးသည်များထံမှ ပိုကောက်နေ

    သင်္ဘောလက်မှတ်ခကို အစိုးရသတ်မှတ်စျေးထက် ခရီးသည်များထံမှ ပိုကောက်နေ

    -

    မင်းတော်လဝီ – မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ် ကလွီရွာဆိပ်ကမ်းထိ အစိုးရပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် ခရီးသည်တင် သင်္ဘောလက်မှတ်ခကို တရားဝင် သတ်မှတ်စျေးနှုန်းထက် ပို၍ ခရီးသည်များထံ ကောက်ခံနေသည်။

    မော်လမြိုင်မြို့မှ ကလွီဆိပ်ကမ်းအထိကို အစိုးရ၏ တရားဝင်လက်မှတ်တွင် ပါရှိနေသည့်စျေးနှုန်းမှာ ၁၂၀ ကျပ် ဖြစ်သော်လည်း ခရီးသည်ထံမှ ၄၀၀ ကျပ်ယူပြီး သင်္ဘောလက်မှတ်ကို ရောင်းချပေး နေသည်။

    “မော်လမြိုင်မှ ကလွီကိုသွားဖို့ သင်္ဘောပေါ်က လက်မှတ်အရောင်းနေရာကို လက်မှတ်ဝယ်တယ်၊ ဘယ်လောက်ကျလဲ လို့မေးတော့ လက်မှတ်ရောင်းက ၄၀၀ ကျပ်လို့ ပြောတော့ နှစ်ယောက်အတွက် ၈၀၀ ကျပ် ပေးလိုက်ရတယ်” ဟု မော်လမြိုင်မြို့မှ ခရီးသည် မိမိဇင်က ပြောသည်။

    နောက် ၂ ရက်ခန့်ကြာမှာ ပိုက်ဆံအိပ်မှာကျန်ရှိနေသည့် သင်္ဘောလက်မှတ်ကို အသေချာကြည့်မိကာမှ လက်မှတ်ခမှာ ၁၂၀ ကျပ်ဖြစ်နေသည်ကို တွေ့သည်ရသည် ဟုမိမိဇင်က ဆက်ပြောသည်။

    နောက်ခရီးသည်တဦးက “သင်္ဘောလက်မှတ်ခ ၄၀၀ ကျပ် ကျတာ ၅၀၀ ကျပ်တန် တစ်ရွက်ပေးလိုက်တာ ၁၀၀ ကျပ်ပြန်အမ်း မပေးတော့ပဲ ပြည်တွင်းထုတ် ဂျာနယ်အဟောင်း တအုပ်ကို ထိုးပေးတယ်” ဟု ချောင်းဆုံမြို့နယ် ကွမ်ယိုက်ရွာမှ ခရီးသည်တဦးက ပြောသည်။

    ဤကဲ့သို့ ပြန်အမ်းငွေပေးလေ့ မရှိသည့် လက်မှတ်အရောင်းဝန်ထမ်းများက ခရီးသည်တိုင်းကို ပြုမူနေသည့်အတွက် ခရီးသည်များ မကျေနပ်၍ မေးမြန်းသည့်အခါ ပိုက်ဆံအကြွေမရှိလို့ ဂျာနယ်ကို ပေးလိုက်သည့်အကြောင်း ပြောသည်ဟု ၄င်းခရီးသည်က ပြောသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် ရေလမ်းတစ်မျိုးတည်းသာ အားထားနေသည့် မြို့နယ်တမြို့နယ်ဖြစ်ပြီ အစိုးရပြည်တွင်းရေကြောင်း သင်္ဘောများကို အားကိုးနေရသည်။

    အထူးသဖြင့် ပြည်တွင်း ရေကြောင်းပိုင်သင်္ဘောများမှာ ကုန်စည်များများ တင်ဆောင်သူများကိုသာ ဌာနမှ သတ်မှတ်စျေးအတိုင်း တန်ဆာခကို ဖြတ်ပိုင်းဖြင့် ပေးချေနိုင်သော်လည်း တဆွဲတပိုး ခရီးသည်များထံမှ ပစ္စည်းအတွက်ကို အစိုးရက စျေးနှုန်းမသတ်မှတ်ထားသဖြင့် သင်္ဘ​ောဝန်ထမ်းများ စိတ်ကြိုက် တောင်းယူနေသည်ဟု ခရီးသည်များ ပြောနေကြသည်။

    “ယခင်က တော်ရုံတန်ရုံ ပစ္စည်းတင်လျှင် ပိုက်ဆံမပေးရဘူး ယခုဆို မတန်တဆတောင်းတယ်၊ ပုဂ္ဂလိက မော်တော်ဘုတ်တောင်မှ ပစ္စည်းနည်းနည်းဆို မယူဘူး ဒီလိုစာရင်းမရှိ တောင်းတာ သူတို့အတွက်ပဲ၊ နောက်ပြီး ထိုင်ခုံကလေး တွေလည်း ချထားတယ် ထိုင်လျှင် ၅၀ ကျပ် ဒါလည်း သူတို့အတွက်ပဲ” ဟု ကလွီရွာသား တဦးက ပြောသည်။

    မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်၏ ရေလမ်းဆက်သွယ်ရေးအတွက် အဓိကကျသည့် သင်္ဘောဆိပ်ကမ်းမှာ ကလွီဆိပ်ကမ်းနှင့် နတ်မှော် ဆိယ်ကမ်းဖြစ်သည်။ ၄င်းဆိပ်ကမ်းများကိုသာ အစိုးရပိုင် ခရီးသည်တင် နှစ်ထပ် သင်္ဘောများ၊ ဇက်ကလပ်များ ဆိုက်ကပ်နိုင်သည်။

    “ကလွီ – မော်လမြိုင် သင်္ဘောခတိုးရတာ၊ နှုန်းထား ပြောင်းလဲရတာ ခဏခဏဖြစ်တယ်၊ မေးကြည့်တော့ ရေကြောင်း ခရီးသွားလုပ်ငန်း အရှုံးပေါ်လို့ မနှစ်က သင်္ဘောခက ၂၀၀ ကျပ် ယခုနှစ် ၄၀၀ ကျပ် ဖြစ်သွားတယ်လို့ ပြောတယ်” ဟု ရပ်ဝေးမှ သွားလုပ်စားပြီး ယခုရက်ပိုင်းမှာ ချောင်းဆုံမြို့ရှိ မိဘရပ်ထံ အလည်ပြန်လာသူ တဦးက ပြောသည်။

    မော်လမြိုင်မြို့မှ ကျုံဒိုးလိုင်း၊ ရွှေဂွန်း၊ ဘားအံလိုင်းနှင့် ကြာအင်းဆိပ်ကြီးလိုင်းများမှ ပြည်တွင်းရေကြေင်းပိုင် ခရီးသည်တင် သင်္ဘောများမှာလည်း ကုန်စည်တင်ဆောင်ရန် အသုံးဝင်နေသဖြင့် ဆက်လက်ပြေးဆွဲနေပြီး စျေးနှုန်းပြင်ဆင်သတ်မှတ်မှုများ မကြာမကြာပြုလုပ်တတ်ကြောင်း ၄င်းသင်္ဘောဝန်ထမ်းများ၏ အပိုကြေးများ တောင်းခံနေမှုမှာလည်း လုပ်ရိုးလုပ်စဉ် တခုလို ဖြစ်နေဆဲဟု သင်္ဘော လက်စီးခရီးသည်များက ပြောကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts