spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းပန်းသီးပုံအလောင်းကစားဝိုင်းနှင့် အနှိပ်ခန်း ဘုရားသုံးဆူ၌ ကျယ်ပြန့်နေ

    ပန်းသီးပုံအလောင်းကစားဝိုင်းနှင့် အနှိပ်ခန်း ဘုရားသုံးဆူ၌ ကျယ်ပြန့်နေ

    -

    ကျလွန်းထော – ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံအလောင်းကစားဝိုင်းများ ပြန်လည်စတင်နေပြီး အမျိုးသမီး ပြည့်တန်ဆာ အနှိပ်ခန်းလည်း ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ ရွှေဥဒေါင်းကန်ပတ်လမ်း၌ “ခဏစောင့်” အမည်ဖြင့် စားသောက်ဆိုင်ကြီးနှင့် အနောက်တန်းတွင် အခန်း ရ ခန်းတွဲ ဖွင့်လှစ်ထားပြီး ၄င်းအထဲတွင် စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အမျိုးသမီး ပြည့်တန်ဆာများလည်း ထားရှိသည်ဟု အမည်မဖော်လိုသည့် သုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

    “မြို့ရဲ့ ကျက်သရေဆောင် ရွှေဥဒေါင်းကန်က အခု ပြည့်တန်ဆာမတွေ ပြည့်နေတော့ ရပ်ကွက်က လူတွေကိုလည်း သိက္ခာကျဆင်းစေပါတယ်၊ အဲဒီ ရ ခန်းတွဲက ပြည့်တန်ဆာတန်းပဲ၊ ဒီမြို့မှာ ဒါတွေ မရှိသင့်ဘူး” ဟု ၄င်းက ပြောသည်။

    ၄င်း “ခဏစောင့်” ဆိုင်ကို ဦးနှုတ်ခမ်းမွှေးနှင့် ရှယ်ယာဝင်ထားသည့် မသွဲ့ ဆိုသူတို့က ဦးဆောင်လုပ်ကိုင်နေပြီး သုံးဆူမြို့ပေါ်ရှိ ကရင်ငြိမ်းချမ်းရေးအဖွဲ့နှင့် အပေးအယူ ပတ်သက်မှု ရှိနေကြောင်း အထက်ပါ အမည်မဖော်လိုသူက ဆက်ပြောသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်တွင် ပန်းသီးပုံ အလောင်းကစားဝိုင်းဟု ခေါ်သည့် ငွေအကြွေစေ့ထည့်ကာ အော်တိုမက်တစ် လောင်းကစားစက် ခလုတ်ခုံကို သုံးဆူအာဏာပိုင်တို့က ရုပ်သိမ်းလိုက်ရာမှ ယခု မတ်လကုန်ပိုင်းတွင် ၄င်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေပြီဟု သိရသည်။

    ထိုသို့သော အလောင်းကစားဝိုင်းများနှင့် ပြည့်တန်ဆာလုပ်ငန်းများ မြို့တွင်း၌ ပပျောက်နိုင်ရန်အတွက် ကြိုပမ်းဆောင်ရွက်သွားမည်ဟု ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးချိုလေးက ပြောသည်။

    “နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ စိတ်ချမ်းသာမှုအတွက် ဒီလိုအဖြစ်အပျက်မျိုးကို ရုပ်သိမ်းသွားအောင် ကျနော်တို့ပါတီဝင်တွေ ကြိုးပမ်းသွားမှာပါ” ဟု ဦးချိုလေးက ပြောသည်။

    ဘုရားသုံးဆူမြို့ရှိ ရွှေဥဒေါင်းကန်မှာ ၁၉၉၀ ခုနှစ် စစ်အစိုးရလက်ထက်မတိုင်ခင် ကတည်းကပင် မြို့၏ ကျက်သရေဆောင်ရှင်၊ အပန်းဖြေရာနေရာအဖြစ် ပြည်သူအများက တင်စားထားပြီး ၄င်းရေကန်၏ ကောင်းကျိုးကြောင့် ရပ်ကွက် (၂ နှင့် ၃) မှ ဒေသခံများ သောက်သုံးရေ ဖူလုံမှု့ရရှိခဲ့သည်။

    ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ကန်ကြီးအား ပြုပြင်ပြီး ပွဲလမ်းသဘင်များ ပြုလုပ်ရာမှစ၍ ၄င်းကန်ပေါ်၌ စားသောက်ဆိုင်အသေးစားများ စတင်ဖြစ်ပေါ်လာပြီး ယခုနောက်ပိုင်း အကြီးစား စားသောက်ဆိုင်ကြီးအထိ ကျယ်ပြန့်လာကြောင်း ဘုရားသုံးဆူမှ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    ၄င်းစားသောက်ဆိုင်က ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ်ထားခြင်းကြောင့် ရေညစ်ညမ်းမှုများနှင့် ကွန်ဒုံများကိုလည်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားမှုများ ရှိနေသည်ဟု ဒေသခံ မျက်မြင်များက ပြောသည်။

    ဘုရားသုံးဆူမြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် မြန်မာ၊ ထိုင်း၊ ကရင်၊ မွန် စသည့်လူမျိုးပေါင်းစုံ နေထိုင်ကြပြီး စီးပွားရေး အချက်အခြာကျသည့် မြို့လည်းဖြစ်သည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. အဲဒါအာဏာပိုင်တွေအလုပ်လေ..အာဏာပိုင်ဝန်ထမ်းဆိုတဲ့ကောင်တွေကတောင်းစာဖို့ပဲတတ်တယ်
      မြို့ပေါ်မှာဘာအလုပ်မှလုပ်တာမဟုတ်ဘူး..မြို့သားတွေပဲလိုက်လုပ်နေရတာ..ခွေးသူတောင်းစာ
      ၀န်ထမ်းတွေ..ပိုက်ဆံတောင်းတာကလွဲပြီးဘာမှမလုပ်ဘူး..တပ်ရင်းမှူးဆိုတဲ့ကောင်ကလဲဂိတ်ကောက်တာ
      ငှက်တောင်မလွတ်ဘူး..အဲလိုမဟုတ်တာလဲသူပိုက်ဆံယူပြီးခွင့်ပြုလို့လုပ်တာပေါ့..တိုင်းရင်းသားလက်နက်
      ကိုင်ဆိုတဲ့ကောင်တွေကလဲဝင်လာရင်ဂိတ်ကောက်.မဟုတ်တာအကုန်လုပ်..ပြည်သူ့အတွက်ဘာလုပ်ပေးဖူးလဲ
      ချီးထုတ်တွေနီပွန်၊ဆန်ဦး၊ဆန်းထွန်းအေးမြင့်၊မြို့ရွာဖွံဖြိုးရေးခေါင်းစဉ်ခံပြီးအဲလိုတွေလဲသူတို့လိုင်းကြေးရတယ်
      ဖြစ်မယ်ဘာမှမပြောဘူး…

    2. ပန်းသီးပုံးကမြို့ထဲမှာလဲဖွင့်တယ်…အိမ်ထဲမှာထည့်ကစားကြတာ…မြင်းဆေးသမားတွေပဲကစားတာများတယ်
      သူတို့ကငွေရွှင်တယ်လေ…ဘုရားသုံးဆူ(မြင်းမြို့တော်)တဲ့နှစ်ထပ်ကွမ်းပေါ့….တပ်ရင်းမှူးကမြင်းဆေးကယ်ရီ
      လုပ်တယ်……..မူးရစ်ကလိုင်းကြေးတောင်းတယ်..ရဲနဲ့အက်စ်ဘီကပိုက်ဆံတောင်းတယ်
      စရဖကကားတောင်းစီးတယ်မယကကအလှူခံတယ်..အားလုံးကွတ်တိပဲ….အဆင်ပြေနေရောပဲ…

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts