spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကြိုတင်မဲကောက်ရာတွင် မွန်ပါတီကိုယ်စားလှယ်လောင်းများ ကြည့်ရှုခွင့်မရ

    ကြိုတင်မဲကောက်ရာတွင် မွန်ပါတီကိုယ်စားလှယ်လောင်းများ ကြည့်ရှုခွင့်မရ

    -

    ဂျူရီချိုင်း – မော်လမြိုင်မဲဆန္ဒနယ်၌ ကြိုတင်မဲကောက်ခံရာတွင် ရွေးကောက်ပွဲကော်မရှင်က ပါတီကိုယ်စားလှယ်လောင်းများအား ၀င်ရောက်ကြည့်ရှု့ခွင့် မရှိဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက သိရသည်။

    ကြိုတင်မဲများကို ဝင်ရောက်ပြိုင်မည့် ပါတီတစ်ခုစီက ကိုယ်စားလှယ်နှစ်ဦးစီ ကြည့်ရှုရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားသော်လည်း ကြိုတင်မဲမကောက်ခံမီ တစ်ရက်အလိုက ပါတီကိုယ်စားလှယ်လောင်းများ လိုက်ခွင့်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထပ်မံပြောသည်ဟု မွန်ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဌနိုင်အောင်ချမ်းက ဆိုသည်။

    “ ကြိုတင်မဲ ကောက်ခံတဲ့နေရာမှာ ပါတီကိုယ်စားလှယ်လောင်းတွေက လိုက်လို့ မရတဲ့အတွက် တရားမျှတမှုရှိတဲ့ ကြိုတင်မဲတွေ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။

    ကြိုတင်မဲနှင့် ပတ်သက်၍ ယနေ့မနက် ၉ နာရီတွင် ကော်မရှင်ရုံးသို့ သွားရောက်စဉ် ၎င်းမဲများအား ဖြည်ကြည့်ခွင့် မရကြောင်းနှင့် တစ်ပေကျော်ခန့်ရှိသည့်အိတ်နှင့် ကြိုတင်မဲများကို ထည့်သွင်းထားသည်ကိုသာ တွေ့မြင်ခဲ့သည်ဟု နိုင်အောင်ချမ်းက ဆက်ပြောသည်။

    ကြိုတင်မဲကို ဧပြီလ-၁ရက်နေ့ ညနေ ၄ နာရီမှစ၍ မဲပေးမည့်မဲရုံများတွင် ကော်မရှင်က ဖောက်ပြမည်ဖြစ်ပြီး လာရောက်ကြည့်ရှုရန် ပါတီကိုယ်စားလှယ်လောင်းများအား ပြောဆိုခဲ့သည်ဟု သိရသည်။

    မတ်လ ၃၀၊ ၃၁ ရက် နှစ်ရက်၌ ကြိုတင်မဲများကို သတ်မှတ်အချိန်အတိုင်း သက်ဆိုင်ရာ ကော်မရှင်နှင့် ကျေးရွာ၊ ရပ်ကွက်လူကြီးထံတွင် မဲပေးနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts