spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဧရာမ ဘက်လိုက်မှုကြီး

    ဧရာမ ဘက်လိုက်မှုကြီး

    -

    ဦးမျိုး (ဥပဒေ) – နေပြည်တော် ကော်မရှင်ရုံးတွင် (၂၈ – ၃ – ၂၀၁၂) နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် ရွေးကောက်ပွဲဆိုင်ရာ စုံညီခုံရုံး ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်အေးအား သတင်းထောက်များက မေးမြန်းခဲ့ကြပါသည်။

    ”ပြည်ခိုင်ဖြိုး ပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးရာ၌ ”နိုင်ငံတော် သမ္မတကြီး ဦးဆောင်သောပါတီ” ဟူ၍ သုံးနှုန်းပြီး လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်းမှာ ဥပဒေနှင့် ညီ/မညီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသို့ မေးမြန်းသော အခါ “ကျွန်တော့် အမြင်အရ ပြောရင်တော့လည်း အဖြစ်မှန် ပြောတာပဲလေဗျာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ အငြင်းပွားစရာ မရှိပါဘူး။” ဟုဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားသည်။ထိုကြောင့် ဥက္ကဋ္ဌ၏ ပြောစကားမှာ ထိုသို့ မဲဆွယ်မှုမှာ မှန်သည်၊ ဥပဒေနှင့် ညီသည်ဟု ပြောခြင်းဖြစ်ပါသလား – ဟု ထပ်မံမေးမြန်းသောအခါ ထိုမေးခွန်း နှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသွားသည်။ (7 days news journal မှ ကောက်နှုတ်သည်။)

    အထက်ပါ သတင်းကို ဖတ်ရလျှင် ချက်ခြင်းပင် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံတော် သမ္မတကြီးအား အလွှဲသုံးစားပြု၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကို ကျူးလွန်လိုက်ခြင်း၊ မဲဆွယ်မှုမှာ ဥပဒေနှင့်မညီ ဖောက်ဖျက်ကျူးလွန်သွားပြီ ဖြစ်ကြောင်း သိလိုက်ရပေသည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ- ၆ (ဃ) အရ ” လူမျိုးရေး (သို့မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ သို့မဟုတ် စည်းရုံး လှုံ့ဆော်မှု မပြုလုပ်ရေး။” ကို ဖောက်ဖျက်ထားကြောင်း တွေ့ရပါသည်။ထို့ပြင် ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုပါ ကျူးလွန်ကြောင်း တွေ့ရှိရပါသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ပတ်သက်၍ ဖော်ပြချက်မှာ လုံးဝ မှားယွင်းနေ၍ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ တွင် ”နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံ ရသည့်နေ့မှ စ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း မပြုရ။” ဟု အတိအလင်း ဖော်ပြထားပါသည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သောပါတီဟု ဖော်ပြခြင်းမှာ လက်ရှိပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း ပြုနေသကဲ့သို့ အဓိပ္ပါယ် သက်ရောက်စေပါသည်။ ဤသည်ကို ခွင့်ပြုလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပုဒ်မ ၆၄ ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ပါမည်။

    ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (အမိန့်ကြေညာစာ-အမှတ်- ၂/၃/၄- ၂၀၁၁) ၌ နည်းဥပဒေပုဒ်မ- ၁၀၂ (ခ) တွင် -ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ အားလုံးပါ၀င်သည့် စုံညီခုံရုံး ဖြင့်ဖြစ်စေ၊ သို့မဟုတ်- ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးပါ၀င်သည့် ခုံရုံးဖြင့် ဖြစ်စေ ရုံးထိုင် စစ်ဆေးနိုင်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ စုံညီခုံရုံး၏ ဥက္ကဋ္ဌ ဖြစ်လာမည့် ကော်မရှင် ဥက္ကဋ္ဌ အနေဖြင့် ”အဖြစ်မှန်ပြောတာပဲလေ။ ဘာမှ အငြင်းပွား စရာ မရှိပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုကို တဘက်သတ် ဘက်လိုက် ဖြေဆိုပြီး ပါ၀င်မဲဆွယ်ပေးလိုက်ခြင်းမှာ အင်မတိ အင်မတန် ဧရာမ ဘက်လိုက်မှုကြီးကို ကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ အမှုများကို စုံညီခုံရုံးဥက္ကဋ္ဌ ဦးတင်အေး ထံတွင် အဆုံးအဖြတ် ခံယူ၍ ရနိုင်ပါအုံးမည်လော။ အဖြေတော့ တစုံတရာ ရှိသင့်ပါသည်။

    နိုင်ငံတကာ နှင့် ပြည်တွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့ပေါင်းစုံေ့ရှတွင် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်- ၁၀ -ပါ ”အခွင့်အရေးနှင့် တာဝန်ဝတ္တရား များကို အဆုံးအဖြတ်ပေးရာတွင် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ ပြည််သူ့ရှေ့မှောက် ကြားနာစစ်ဆေးခြင်းကို ရရှိရမည်။“ – ဟု ပြဌာန်းချက်ကို လိုက်နာကြရပါမည်။ လူသားတိုင်း တာဝန်ကြေနိုင်ကြပါစေ။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ဆောင်းပါးရေးသားသူသည် စကားလုံးအသုံးအနှုန်းကိုကောက်ယူသုံးစွဲကာ မိမိလိုသလိုရေးသားထားခြင်းဖြစ်သည်ဟု နားလည်လိုက်မိပါတယ်။ အခြေခံဥပဒေအနေဖြင့်ဆိုလိုချက်မှာ နိုင်ငံတော်သမ္မတနှင့်အစိုးရတာဝန်များကိုထမ်းရွက်နေသူများအနေဖြင့် ၄င်းတို့ပါတီ၏လုပ်ငန်းဆောင်တာများကို လက်တွေ့ကျကျမလုပ်ဆောင်နိုင်စေရန်တားမြစ်လိုခြင်းဖြစ်တယ်လို့မှတ်ယူပါတယ်။ မိခင်ပါတီနှင့်ကင်းရှင်းစွာနေစေရန်ဖိအားမဟုတ်ပါ။ ပါတီဝင်အဖြစ်ဆက်လက်မမှတ်ယူရဟုလည်း မတားမြစ်ထားပါ။ ဥပဒေ၏ဆိုလိုချက်ကိုနားလည်စေချင်ပါတယ်။ စကားလုံးအသုံးအနှုန်းအားဖြင့်လူပြိန်းနားလည်လက်ခံစေရန် ရေးသားခြင်းမျိုးမပြုထိုက်ပါ။

    2. In Myanmar, the head of agencies like U Tin Aye are not lawyers(UNlike other countries)So when asked about the law, they dont know how to answer and they acted as by personal bias in stead of lawful reply.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts