spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမဲပေးခွင့်ရှိသည့် ကျောင်းဆရာ/ဆရာမများ ကြိုတင်မဲထည့်ရန် ကော်မရှင်ခွင့်မပြု

    မဲပေးခွင့်ရှိသည့် ကျောင်းဆရာ/ဆရာမများ ကြိုတင်မဲထည့်ရန် ကော်မရှင်ခွင့်မပြု

    -

    ဂျူရီချိုင်း – မော်လမြိုင် မဲဆန္ဒနယ်မှ အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမများမှ ကြိုတင်မဲထည့်ရန် လျှောက်တင်ထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်မပြုကြောင်း မွန်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌက ပြောသည်။

    မဲပေးမည့်ရက်တွင် မော်လမြိုင်မြို့ပေါ်ရှိ အ.ထ.က အမှတ် (၆၊ ၈၊ ၉) စသည့် စာသင်ကျောင်းမှ ဆရာ/ဆရာမ (၄၀) ဦးက ဧပြီလ (၁) ရက်နေ့တွင် ရန်ကုန်မြို့သို့ တက္ကသိုယ်ဝင်တန်း စာစစ်သွားရန်အတွက် ကြိုတင်မဲထည့်ရန် လျှောက်တင်ထားသည်ကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ခွင့်မပြုကြောင်း နိုင်အောင်ချမ်းက ပြောသည်။

    ကြိုတင်မဲထည့်ရန် ပြီးခဲ့သည့် နှစ်ပတ်က ဆရာ/ဆရာမများက ရွေးကောက်ပွဲကော်မရှင်ထံ စာဖြင့် လျှောက် တင်ထားခဲ့ခြင်းသည်။

    မဲပေးမည့်ရက်တွင် ဆရာ/ဆရာမများက မဖြစ်မနေ ခရီးသွားမည့်သူများ မဟုတ်ကြောင်း မဲပေးပြီး နောက်ရက်များမှာလည်း ခရီးသွားနိုင်မည့် အခြေအနေရှိနေခြင်းကြောင့် ကော်မရှင်က ခွင့်မပြုနိုင်ဟု မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

    ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် တစ်နေရာဖြစ်သည့် မော်လမြိုင်မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီပါတီ (NLD) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေးပါတီ (တစည) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြ မှာဖြစ်သည်။

    လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ထိုကိစ္စအား စုံစမ်းရန် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts