spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီမပူးပေါင်းက နှုတ်ထွက်မည်ဟုနိုင်ငွေသိန်းပြော

    မွန်နှစ်ပါတီမပူးပေါင်းက နှုတ်ထွက်မည်ဟုနိုင်ငွေသိန်းပြော

    -

    မင်းတော်လဝီ၊ နိုင်မာန် – မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ် မပူးပေါင်းနိုင်ပါက မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နှုတ်ထွက်မည်ဟု လက်ရှိဥက္ကဌဖြစ်သူ နိုင်ဂျနူမွန်(ခေါ်) နိုင်ငွေသိန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောသည်။

    မတ်လ(၂၄) ရက်နေ့ဆွေးနွေးပွဲမှ အထင်ကရမွန်ဆရာတော်ကြီးများ(Photo-IMNA)
    “ကျနော်က မွန်တွေပေါင်းစည်းရေးကိုလိုလားတဲ့လူပါ၊ အရင်ကလည်းထုတ်ပြောခဲ့ပြီပဲ၊ ကျနော်ပါတီတွင်းက ပေါင်းဖို့၊မပေါင်းဖို့ ဖြစ်နေရာမှာ မပေါင်းလိုတဲ့ဘက်က များနေတယ်၊ သင်္ကြာန်အလွန်မှာ ညှိနှိုင်းအစည်းအဝေးပွဲ ထပ်လုပ်မယ်၊ အဲဒီအခါကျရင်တစ်ပါတီအဖြစ်မပေါင်းဖြစ်က ကျနော်နှုတ်ထွက်မယ်”ဟု နိုင်ငွေသိန်းက ပြောသည်။

    ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့တွင် အထင်ကရ မွန်သံဃာဆရာတော်ကြီးများက ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှစ်ဖက်ကိုယ်စားလှယ်တို့ကို ပါတီပေါင်းစည်းရေးဆွေးနွေးရန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ကြံ့ခိုင်ရေးရပ်ကွက်ရှိ ဟံသာထောမွန်ပရိယတ္တိကျောင်းတိုက်သို့ ဖိတ်ကြားခဲ့သည်။

    MNDF, AMDP,NMSP ကိုယ်စားလှယ်များ(Photo-IMNA)
    အဆိုပါဆွေးနွေးပွဲသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ဂျနူမွန်(ခေါ်) နိုင်ငွေသိန်း၊ မွန်အမျိုးသားဒီမိုရေစီအဖွဲ့ဒုဥက္ကဌ နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာမင်းကြည်ဝင်း၊ မွန်ရာဇာ(မင်းစိုးဝင်း)၊ မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီတို့လည်း တက်ရောက်ခဲ့ကြသည်။

    “ကျနော်အနေနဲ့ပါတီကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တက်ရောက်တာမဟုတ်ပါ၊ ပုဂ္ဂိုလ်ရေးအရ လာရောက်ဆွေးနွေးတာဖြစ်တယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။

    ဤဆွေးနွေးပွဲသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ တရားဝင်ကိုယ်စားလှယ်မစေလွှတ်ခဲ့သောကြောင့် နှစ်ပါတီဆွေးနွေးပွဲထပ်မံပြုလုပ်ရန် လာမည့်ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်းတိုက်သို့ ချိန်းဆိုသတ်မှတ်လိုက်ကြသည်ဟု မွန်ဆရာတော်တစ်ပါးထံမှသိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မွန်ဒီမိုကရေစီ နှစ်ပါတီကိုတစ်ပါတီကြီးဖြစ်အောင်ပူးပေါင်ခြင်းမဖြစ်နိ ုင်ပါက မွန်ဒေသလုံးဆိုင်ရာပါတီဥက္ကဌကြီး
      နိုင်ဂျနူမွန်(နိုင်ငွေသိန်း)က ပါတီဥက္ကဌကနေနှုပ်ထွက်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းသတင်းသည် နိုင်ဂျနူမွ
      န်အတွက်တကဲ့အရည်အချင်းပြည့်ဝတဲ့မွန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်၊ကနေ့အချိန်မှာမွန်တစ်မျိုးသားလုံးမျှော်
      လင့်နေတဲ့ မွန်အမျိုးသားပေါင်းစည်းမှုအင်းအား၊ မွန်နိုင်ငံရေးပေါင်းစည်းမှုအင်းအား၊ မွန်လူမျိုးကိုကာကွယ်မှု
      စောင့်ရှောက်မှုအင်းအားတွေ ခိုင်မာတောင့်တင်းလာအောင်ကြိုးစားတည်ဆောက်နေတဲ့အချိန်ဖြစ်ပြီးတကဲ့ကိုအ
      ရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်၊ မဖြစ်ဖြစ်အောင်လုပ် ရမည့်အချိန်လည်းရောက်နေပြီလေ၊ ဒါကြောင့် အဓိက
      အားဖြင့် ပါတီကြီးနှစ်ပါတီစလုံးက ပါတီအဖွဲ့ ဝင်တွေအားလုံး ကိုယ်ကျိုးအတွက်ဘေးဖယ်ထားပြီး မွန််တစ်မျိုး
      သားလုံးရဲ့အနာဂတ် ရှေ့ရေးအကျိုးအတွက်အောင်မြင်ဖို့ အမြန်ဆုံးပူးပေါင်းလိုက်ပါ၊ အမြန်ဆုံးဆုံးဖြတ်လိုက်ပါ၊

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts