မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဘီလူးကျွန်းချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပုံရှင်းလင်း

ဘီလူးကျွန်းချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပုံရှင်းလင်း

ရေးသားသူ:

ခတ္တာနန်း– မွန်ပြည်နယ်၊ ဘီလူကျွန်း-ချောင်းဆုံမြို့နယ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့မှဦးဆောင်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဥပဒေနှင့် စပ်လျှဉ်းသည့် ရှင်လင်းချက်များကို ကျေးရွာများတွင် ပြုလုပ်လျှက်ရှိသည်။

မွန်ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ အခုဆိုရင် ကွမ်ရိုက်၊ တော်ကနာ၊ ကမာမိုရွာတွေနဲ့ အနီးပတ်ဝန်းကျင် ရွာတွေလောက်ပဲရသေးတယ်၊ ” ဟု ပြောသည်။

အစိုးရသတင်းစာမှရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေကြေညာချက်
ပီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဥပဒေနှင့် စပ်လျှဉ်းသည့် ရှင်လင်းချက်များကို ယခုလ ၁၂ ရက်နေ့မှစတင်၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး ဦးဆောင် ရှင်းလင်းနေသည်ဟု သိရသည်။

ဒေါက်တာအောင်နိုင်ဦးက “ ဝါသနာပါတဲ့လူတွေကိုဖိတ်ပြီး ပထမအဆင့်မှာ လက်ဖက်ရေကြမ်းစကားဝိုင်းပုံစံ ဆွေးနွေးပွဲလုပ်တယ်၊ အဲဒီကတဆင့် လူအများနဲ့ဆက်ပြီး ဆွေးနွေးပွဲပုံစံ သင်တန်းလိုပုံစံမျိုးသွားတယ်၊ စိတ်ဝင်စားတဲ့လူတွေ အတော်များပါတယ်” ဟု ဆက်ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပတ်သက်သော ဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ်(၁)အဖြစ် အတည်ပြုပြဌာန်းခဲ့ပြီးနောက် ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးမှူး ရွေးချယ်ရေးနှင့် ပတ်သက်သောသင်တန်းဆွေးနွေးပွဲကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုး (ဥပဒေ) က “ ဒီဥပဒေမှာ ထူးခြားချက်နည်းနည်းပါးပါးပါတယ်၊ ဖွဲ့စည်းပုံမှာက မြို့ကရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ခန့်တယ်၊ အခုပြုပြင်ပြောင်းလဲလိုက်တဲ့ ဥပဒေမှာက အရင်ကလိုမြို့ကနေ တိုက်ရိုက်ခန့်တာမဟုတ်တော့ဘူး၊ ၁၀ အိမ်ခေါင်းတွေကို လျှို့ဝှက်မဲနဲ့ခန့်မယ်၊ ပြီးရင် အဲဒီ ၁၀ အိမ်ခေါင်းတွေကိုစုပြီးတော့ ကိုယ့်ရဲ့ ရပ်/ကျေးမှာထပ်ပြီး လျှို့ဝှက်မဲနဲ့ ရွေးမယ်၊ အဲဒီလို လျှို့ဝှက်မဲနဲ့ ရွေးတာဟာတစုံတရာ ပြောင်းလဲမှုရှိနိုင်တာကြောင့် ကောင်းပါတယ်” သုံးသပ်သည်။

၂၀၁၁ ခုနှစ်တွင်လည်း မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က ကျေးရွာတစ်ရွာလျှုင်အုပ်ချုပ်ရေးမှူး ၂ ဦးစီကြိုတင်ရွေးချယ်စေခဲ့ပြီး ၎င်းအနက် ကျေးရွာမှနှစ်သက်သူတစ်ဦးကို အတည်ပြုခန့်အပ်ပေးခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ကြိုတင်သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နဝမအကြိမ်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် မဖြစ်မြောက်ကြောင်း သိရသည်။ …

%d bloggers like this: