spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ပြည်တွင်းရေကြောင်းပိုင်သင်္ဘောအချို့ ပြန်လည်ပြေးဆွဲ

    မွန်ပြည်နယ်ပြည်တွင်းရေကြောင်းပိုင်သင်္ဘောအချို့ ပြန်လည်ပြေးဆွဲ

    -

    မင်းတော်လဝီ – ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အရှုံးပေါ်နေသည့်အတွက် ယမန်နှစ်တွင် သင်္ဘောခရီးစဉ်များ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါကုန်ပစ္စည်းများတင်ဆောင်မှုအသုံးများလာ၍ သင်္ဘောလိုင်းအချို့ ပြန်လည်ပြေးဆွဲနေသည်။

    “မော်လမြိုင်-ဘားအံ -ရွှေဂွန်းသင်္ဘောလိုင်းကို နေ့စဉ်ပုံမှန်တစ်စီး ဆွဲနေတယ်၊ လူနည်းပေမယ့်ကုန်ပစ္စည်းများတယ်၊ အထူးသဖြင့် ရွှေဂွန်းမြို့အထိကုန်များများတင်နိုင်တယ်” ဟုမော်လမြိုင်မြို့ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းတဦးက ပြောသည်။

    မော်လမြိုင်-ဖားအံ သင်္ဘော(Photo-Internet)
    ၂၀၁၁ ခုနှစ်တွင် မော်လမြိုင်-ရွှေဂွန်းခရီးစဉ်အရှုံးပေါ်ခဲ့၍ သင်္ဘောပြေးဆွဲခြင်းကိုရပ်နားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် တင်ဆောင်ခစျေးနှုံးအသစ်ပြန်လည်သတ်မှတ်ကာ ရွေဂွန်းသင်္ဘောလိုင်း ပြန်လည်ပြေးဆွဲခြင်း ဖြစ်သည်။

    ထို့အတူ မော်လမြိုင်-ကြာအင်းဆိပ်ကြီး အတ္ထရန်သင်္ဘောလိုင်းနှင့် မော်လမြိုင်မြို့ဆိပ်ကမ်းမှ ဘီလူးကျွန်းချောင်းဆုံမြို့နယ်သို့ ပြည်တွင်းရေကြောင်းပိုင် နှစ်ထပ်သင်္ဘောများ၊ ဇက်ကလပ်များလည်း နေ့စဉ်ပုံမှန်ပြေးဆွဲနေသည်ဟု အထက်ပါဝန်ထမ်းက ပြောသည်။

    “ကုန်းလမ်းကကုန်ကျစရိတ်ကြီးတယ်၊ရေလမ်းကကုန်းလမ်းထက်စရိတ်သက်သာတယ်။ ရေလမ်းကအမြတ်ပိုရတယ်၊ သင်္ဘောဆိပ်ရှိတဲ့ထုံးအိုင်ရွာလို၊ ဘားအံမြို့နဲ့ရွှေဂွန်းလိုမြို့တွေ ပိုပြီးအဆင်ပြေနေတယ်”ဟု ဘားအံမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့ဆိပ်ကမ်းကိုဗဟိုပြု၍ သံလွင်မြစ်တွင်းရေကြောင်း၊ အတ္ထရန်မြစ်တွင်းရေကြောင်း၊ ဂျိုင်းမြစ်တွင်း ရေကြောင်းနှင့် ဘီလူးကျွန်း-ကလွီ၊ နတ်မှော်ရေကြောင်းလမ်းများသည် မွန်ပြည်နယ်မြို့နယ်များနှင့် ကရင်ပြည်နယ်သို့ အဓိကဆက်သွယ်သည့်ရေကြောင်းလိုင်း ဖြစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts