spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်လုပ်ငန်းရှင်ကြီးများတွေ့ဆုံ

    ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်လုပ်ငန်းရှင်ကြီးများတွေ့ဆုံ

    -

    ဂျူရီချိုင်း – မွန်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် မွန်စီးပွားရေးလုပ်ငန်းရှင်ကြီးများတို့ ယမန်နေ့၊ နေ့လည် ၁၁ နာရီခွဲတွင် မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရုံး၌ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    မွန်ပြည်နယ် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မွန်လုပ်ငန်းရှင်များက ပြောသည်။

     ရေနက်ဆိပ်ကမ်းအတွက် မွန်ပြည်သစ်ပါတီနှင့်ထိုင်း Power-P တို့ သတ်မှတ်ခဲ့သည့်နေရာ(Photo-IMNA)
    ရေနက်ဆိပ်ကမ်းအတွက် မွန်ပြည်သစ်ပါတီနှင့်ထိုင်း Power-P တို့ သတ်မှတ်ခဲ့သည့်နေရာ(Photo-IMNA)
    မွန်လုပ်ငန်းရှင်နိုင်စိုးမြင့်က “ဝန်ကြီးချုပ်က လုပ်ငန်းတွေလုပ်ဖို့ လိုအပ်တဲ့အကူအညီပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ပြောသည်။

    တလမွန်ကုမ္မဏီမှ မွန်လုပ်ငန်းရှင်ကြီးများဖြစ်ကြသည့် နိုင်ဗညားစန်း ဦးဆောင်ပြီး နိုင်သောင်းကျော်၊ နိုင်မင်းအောင်၊ နိုင်စိုးမြင့်၊ နိုင်လဂွမ်းးတို့ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းကိုနောက်ခံထားပြီး သပြေချောင်းရွာသစ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ကာ ထိုမှတဆင့် အနန်းကွင်း- ဘုရားသုံးဆူနယ်စပ်သို့ မီးရထားလမ်းနှင့် မော်တော်ကားလမ်းဖောက်လုပ်မည့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်ဟု သိရသည်။

    ၄င်းအစီအစဉ်ကို မွန်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်တွင် စီမံကိန်းရေးဆွဲပြီး ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြဦးမည် ဖြစ်သည်။

    ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲခဲ့စဉ် အဆိုပါကုလားကုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား မွန်ပြည်သစ်ပါတီလက်အောက်ခံ ရာမညအင်တာနေရှင်နယ်ကုမ္ပဏီလိမိတက်နှင့် ထိုင်းနိုင်ငံ Power-P ကုမ္ပဏီတို့ပူးပေါင်းပြီး အကောင်အထည်ဖေါ်ခဲ့သော်လည်း ထိုင်းနိုင်ငံစီးပွားရေးအခြေအနေကြောင့် ယင်းစီမံကိန်းကို ရပ်တန့်ခဲ့ရကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

    “၁၉၉၆ ခုနှစ်တွေမှာ ဂြိုလ်တုဆက်တလိုက်နဲ့ လက်ရှိမြေပြင်အနေအထားရိုက်ထားပြီး လမ်းအူကြောင်းလိုလည်း အသေးစိတ်သတ်မှတ်ပြီးခဲ့ပါပြီ၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU တွေလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်၊ အကောင်အထည်ဖေါ်မယ့်ဆဲဆဲမှာ ထိုင်းနိုင်ငံက စီးပွားရေးကမောက်ကမဖြစ်သွားလို့ သူတို့ရပ်လိုက်တာ” ဟု သူကပြောသည်။

    ထို့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ စက်မှုဇုံတည်ဆောင်ရန်၊ လမ်းဟောင်းများ ဖောက်လုပ်ရန်အတွက် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ လာမည့်ဧပြီလတွင် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် ရှိသည်။

    ထို့အတူ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်-မြဝတီမြို့သို့ မော်တော်ကားလမ်းဖေါက်လုပ်နိုင်မည်ဆိုပါက ဒေသခံများအတွက် စက်မှုလယ်ယာအဆင့်တည်ဆောက်နိုင်၍ စိုက်ပျိုးရေးလုပ်ငန်းပိုမိုတိုးတက်လာနိုင်ပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုလည်း ဝန်ကြီးချုပ်ကပြောခဲ့ကြောင်း နိုင်စိုးမြင့်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts