မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် (ဥပဒေပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၄ ) အားဝေဖန်ဆန်းစစ်ချက်။

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် (ဥပဒေပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၄ ) အားဝေဖန်ဆန်းစစ်ချက်။

ရေးသားသူ:

ဦးမျိုး (ဥပဒေ)။ ။ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ (ဥပဒေအမှတ်- ၁၄/၂၀၁၁) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ -ရက်နေ့တွင် ပြည်ထောင်စု လွတ်တော်က ပြဌာန်းခဲ့ပါသည်။ ဤဥပဒေပါ ပုဒ်မ များကို အောက်ပါအတိုင်း သုံးသပ်ပါသည်။

၁။ “ဤဥပဒေ ပုဒ်မ- ၂(က) အရ ကိုယ်ပိုင်ကျောင်းတွင် ပညာရေးဝန်ကြီးက သတ်မှတ်သော အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ် များအတိုင်း ဖြစ်စေ၊ အဆိုပါဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံ ပညာကျောင်းကို ဆိုလိုသည်” ဟုဖော်ပြထားပါသည်။

မွန်အမျိုးသားပညာရေးဌာနမှကျောင်းသားများ(Photo-MNEC)
မွန်အမျိုးသားပညာရေးဌာနမှကျောင်းသားများ(Photo-MNEC)

သတ်မှတ်သည့် သင်ရိုးညွှန်းတမ်းပါ စာကိုသာ သင်ရမည်ဟု ဆိုခြင်းမှာ ယခင်က ရှိနှင့်ပြီးသား သင်ရိုးညွှန်းတမ်းများပါ၀င်နေမည်ဖြစ်ပြီး၊ သင်ရိုးညွှန်းတမ်းကို ပြင်လွယ်၊ ပြုလွယ် ဖြစ်သင့်ပါသည်။ တင်းကြပ်သည့် သင်းရိုးညွန်တမ်းများ ရေးဆွဲမည့်မူ မဖြစ်သင့်ပါ။

“သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော” -ဟုဆိုရာ၌ ထပ်ဆောင်းရမည့် သင်ခန်းစာများကို အတိအကျ ဖော်ပြထားချက် မပါရှိပါ။

၂။ အခန်း (၂) လုပ်ငန်းတာဝန်များ တွင်ပါရှိသည့် “ဤ ဥပဒေပုဒ်မ -၃(ခ) အရ ညွှန်ကြားရေးမှုးချုပ်များနှင့် ပညာရေးအရာရှိများက လိုအပ်သလို လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။

ပုဒ်မ -၃(ဂ) အရ ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ထပ်ဆောင်းသင်ခန်းစာများ အတွက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။

ပုဒ်မ -၃(ဃ) အရ တည်ထောင်ခွင့် ပြုရန်ငြင်းပယ်ခြင်း၊ သို့မဟုတ် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်း။

ပုဒ်မ- ၃(င) အရ ပြည်ထောင်စု အစိုးရအဖွဲ့က အခါအားလျှော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း” ဟုပါရှိပါသည်။

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်နှင့် ကိုယ်ပိုင်ကျောင်း ဆရာလက်မှတ်ကို မည်သည့်အချိန်အခါတွင် မဆို ပယ်ဖျက်နိုင်ကြောင်း တွေ့ရပါသည်။ ဆရာနှင့် ကျောင်း၏ လွတ်လပ်မှုကို ထိန်းချုပ်ကြီးကြပ်ထားခြင်း ဖြစ်ပါသည်။

အစိုးရအဖွဲ့က အခါအားလျှော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းဆိုရာတွင် ပညာရေးဝန်ထမ်းများကို အစိုးရလုပ်ငန်းများတွင် တာဝန်ပေး ထမ်းဆောင်စေခြင်းမျိုး မဖြစ်သင့်ပါ။ ပညာရေးတွင် အုပ်ချုပ်ရေး၏ ၀င်ရောက်စွက်ဖက်မှုကို နည်းနိုင်သမျှနည်းအောင် ကာကွယ်သင့်ပါသည်။

၃။ ဤဥပဒေ ပုဒ်မ-၇(က) (၁)အရ ပြည်ပ နိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရ။

ပုဒ်မ-၇(က)(၂) အရ နိုင်ငံခြား အဖွဲ့အစည်းမှ ဦးစီးတည်ထောင်ဖွင့်လှစ်သော -သို့မဟုတ်- ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရ။

ပုဒ်မ- ရ(က) (၃) အရ သာသနာပြုကျောင်း မဖြစ်စေရ။ ဟုဖော်ပြထားပါသည်။

အမေ့အိမ်(ပညာရေးဒါန) မှကျောင်းသားများ(Photo-Internet)
အမေ့အိမ်(ပညာရေးဒါန) မှကျောင်းသားများ(Photo-Internet)
ပညာရေးဆိုင်ရာ နိုင်ငံတကာ အကူအညီများကို လုံးဝပိတ်ပင်တားမြစ်ရာ ကျနေပါသဖြင့် UNESCO နိုင်ငံတကာ ဥပဒေများနှင့် ဆန့်ကျင်နေပါသည်။ မြန်မာ့ပညာရေးကို အမြဲမပြတ် ကူညီနေသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ စေတနာကို မျက်ကွယ်ပြုရာရောက်သည်ဟု ထင်မြင်ယူဆသွားလျှင် မသင့်တော်ပါ။ နိုင်ငံတကာ့ အကူအညီကို လေးစားရပါမည်။

မြန်မာနိုင်ငံတွင်ရောက်ရှိခဲ့သည့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ၀န်ကြီး Mr.Christian Friis Bach က ၂၀၁၂ – ၂၀၁၅ ကာလတွင် ပညာရေး ကဏ္႑အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းကူညီဖို့ ရည်ရွယ်ထားကြောင်းပြောသည်။ဒိန်းမတ် နို်င်ငံအနေဖြင့် မြန်မာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးတို့အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ကူညီခဲ့ကြောင်းသိရသည်။
(ပြည်သူခေတ်ဂျာနယ်။ အတွဲ -၂၊ အမှတ်-၇၇၊ စာ-၂၂)

၄။ ဤဥပဒေ ပုဒ်မ -၈(က) အရ “အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်း ကိုဖွင့်လှစ်ရန် စီမံထားရှိခြင်း”ဟု ဖော်ပြထားရာ မြန်မာနိုင်ငံတွင် မသင်မနေရ မူလတန်းပညာရေး စနစ်သော်မှ မအောင်မြင်သေး ဖြစ်နေသည်ကို ထောက်ရှုစာနာသင့်ပါသည်။

မြန်မာနိုင်ငံ တဝန်းလုံးတွင် မူလတန်းအဆင့် စတင်တက်ရောက်သည့် ကျောင်းသားကျောင်းသူ ရာခိုင်နှုန်း ၂၀ -ခန့် မူလတန်းပညာ မပြီးဆုံးကြောင်း စက်တင်ဘာ ၃ -ရက်နေ့က ပညာရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးအေးကြူက ပြောကြားခဲ့သည်။ (The Myanmer Post 15- Sept- 2011)

မူလတန်းပညာရေးကိုပင် အောင်မြင်ရန်ကျိုးပမ်းနေသည့်အဆင့်တွင် ပညာရေး တိုးတက်ရန် ပညာရေး လွတ်လပ်မှုရှိဖို့လိုပါသည်။

၅။ ဤဥပဒေ ပုဒ်မ ရ(ခ)(၂) အရ “အဖွဲ့အစည်းက တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့ဝင် အားလုံးသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း” ဟုဖော်ပြထားပါသည်။ နိုင်ငံခြားသား ကျောင်းဆရာ၊ ကျောင်းဆရာမများ ပါ၀င်နိုင်မှုကို လုံးဝပိတ်ပင်ထားရာ ရောက်နေပါသည်။ ပညာရေး တွင်လည်း စီးပွားရေးကဲ့သို့ ပွင့်လင်းမြင်သာမှု၊ တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးသင့်ပါသည်။ နိုင်ငံ အဆင်းရဲဆုံးနိုင်ငံ ဘဝက မကျွတ်လွတ်နိုင်သေးသည်ကို သတိပြုရန် လိုပါသည်။

၆။ ဤဥပဒေ ပုဒ်မ -၁၀(င) အရ “ခွင့်ပြုခြင်း/ ငြင်းပယ်ခြင်းတွင် ချမှတ်သော ”ပညာရေး ၀န်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။”ဟုပြဌာန်းချက်မှာ တရားရုံးတရားစီရင်ရေး စနစ်ကို ငြင်းပယ် မျက်ကွယ်ပြုထားခြင်း ဖြစ်ပါသည်။ ပညာရေး ဆိုင်ရာကိစ္စတိုင်းမှာ ဌာနတခုတည်းနှင့် သာစပ်ဆိုင်သည့် ကိစ္စမျိုးမဟုတ်ပါ။ စာပေ၊ယဉ်ကျေးမှု။ ဓလေ့ထုံးတမ်း။ နိုင်ငံရေး၊ စီးပွားရေး။ လူမှုရေး အားလုံးနှင့် သက်ဆိုင်ပါသည်။ တရားရုံး တရားစီရင်ရေး စနစ်၏ အဆုံးအဖြတ်ကိုသာ ခံယူထိုက်ပါသည်။ တရားဥပဒေ စိုးမိုးရေး၏ အနှစ်သာရကို ပညာရေးဌာနများက စံပြလိုက်နာသင့်ပါသည်။

၇။ ဤဥပဒေ ပုဒ်မ -၁၆ (စျ) အရ ထပ်ဆောင်း သင်ခန်းစာများအား တိကျစွာ သင်ကြားနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း ဟု ပါရှိပါသည်။ ထပ်ဆောင်း သင်ခန်းစာများ ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လို၍ ပြဌာန်းခြင်းဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို အုပ်ချုပ်ရေး သက်သက်ဖြင့် မချုပ်ချယ်သင့်ပါ။ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်အား ဆရာရော ကျောင်းသားကိုပါပေးရပါမည်။ ကျောင်းသားအဓိက ထားရမည့် ပညာရေစနစ်အား ပျိုးထောင်သင့်ပါသည်။ တလမ်းသွား ဆရာကချည်း သင်ကြားပြီး ကျောင်းသားက ဘာမှမေးမြန်းပိုင်ခွင့်မရှိသည့် စနစ်ဟောင်း ပညာရေးစနစ်မှ လမ်းကြောင်းပြောင်း လမ်းသစ်ထွင်သင့်ပါသည်။

၈။ ဤဥပဒေ ပုဒ်မ ၁၆ (ဓ) အရ ဘာသာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချခွင့် မပြုခြင်း။ မှာ ဘုန်းကြီးကျောင်း ပညာရေးကို ဖျက်သိမ်းလို၍ ဖြစ်ကြောင်း ပေါ်လွင်လွန်းလှပါသည်။ လုံးဝမသင့်တော်ပါ။ အမျိုး။ဘာသာ၊ သာသနာကို ထိန်းသိမ်းကြ၍သာ အင်္ဂလိပ် ကျွန်သဘောက်အောက်က လွတ်မြောက်ခဲ့ရသည့် သမိုင်းသင်ခန်းစာကို လုံးဝမမေ့အပ်ပါ။ ဗလ သုံးတန်တွင် စာရိတ္တ မဏ္႑ိုင်သည် အဓိက အခရာကျပါသည်။ ၎င်းကိုထောက်ကူပေးသည့် ဘာသာရေးစာပေကို နှုတ်ပယ်ပစ်လျှင် စာပေကိုယ်ခန္ဓာ၏ အူလမ်းကြောင်းကို အဖောက်ခံရ သလိုဖြစ်ပါတော့မည်။ ယဉ်ကျေးမှု ထိန်းသိမ်းရာ ဘဏ္႑ာတိုက်ကြီးများကို မဖျက်ဆီးသင့်ပါ။ စာပေမြင့်မှ လူမျိုးတင့်ပါမည်။

၉။ ဤဥပဒေပုဒ်မ-၁၇(ခ) အရ အတွေ့အကြုံ အနည်းဆုံး(၅) နှစ်ရှိသူသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားခွင့်ရှိသည်ဟု ဖော်ပြထားသည်။ မူလတန်း ပြဆရာတဦး ဖြစ်ရန် ဘွဲ့ရပညာတတ်တဦး ကိုလုပ်သက်အရ ၅ နှစ်ရှိရမည်ဟု ကန့်သတ်ချက်မှာ အလုပ်လက်မဲ့ဦးရေကို တိုးပွားစေပြီး၊ ဆင်းရဲမွဲတေမှုကျဆင်းရေး ကို ဆန့်ကျင်နေကြောင်းတွေ့ရပါသည်။ ၅-နှစ်ဆိုသည့် လုပ်သက်မှာ များလွန်းနေပါသဖြင့် အနည်းဆုံး

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

%d bloggers like this: