spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောခွင့်ပါမစ်မရ

    မော်လမြိုင်မြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောခွင့်ပါမစ်မရ

    -

    ကျလွန်းထော – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်၌ ကျင်းပပြုလုပ်မည့် NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲအစီအစဉ်ကို ပြည်နယ်စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်မရသဖြင့် နေရာပြောင်းလဲလိုက်ရသည်။

    လာမည့်မတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြို့ လုထုဟောပြောပွဲအစီအစဉ်ကို ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဥယျာဉ်တွင် ကျင်းပပြုလုပ်ရန် မူလကကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

    “သံလွင်ဥယျာဉ်မှာ လူထုဟောပြောပွဲလုပ်ဖို့ သူတို့ခွင့်မပေးဘူးဗျ၊ အဆင့်မြင့်ဥယျာဉ် လုပ်မယ်ဆိုလား အကြောင်းပြပြီးတော့ ဟောပြောခွင့် လက်မခံဘူး၊ အခု ကျေးရွာဘောလုံးကွင်းပဲ၊ ခွင့်ပြုချက်ရသွားပြီ” ဟု မော်လမြိုင်မြို့ NLD ပါတီရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ နယ်စည်းရုံးရေးခရီးစဉ်တစ်ခု(Photo-face book)
    ထို့ကြောင့် မော်လမြိုင်မြို့-ကျိုက်မရောမြိုလမ်းဘေးရှိ ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းတွင် ဟောပြောပွဲ ပြုလုပ်သွားမည်ဟု ဦးကိုကိုဇော်က ပြောသည်။

    အဆိုပါကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းသည် မော်လမြိုင်မြို့နှင့် ၆ မိုင်ခန့် ဝေးကွာသည့်အတွက် မြို့ပေါ်မှ လူထုများသွားလာရေးအခက်အခဲ အနည်းငယ်ရှိနိုင်သည်ဟု သူကဆက်ပြောသည်။

    “ဒီဘောလုံးကွင်းက ကားလမ်းနဲ့တော့ နီးပါတယ်၊ ဒါပေမယ့် မြို့နဲ့ နည်းနည်းအလှမ်းဝေးနေတာ့ သွားရေးလာရေး သိပ်အဆင်ပြေမှာ မဟုတ်ဘူး၊ မြို့ပေါ်ကလူတွေ ကားနဲ့၊ ဆိုင်ကယ်နဲ့လာမှ ရမယ်ခင်ဗျ” ဟု ဦးကိုကိုဇော် ကပြောသည်။

    အလားတူ ဖျာပုံခရီးစဉ်မှစ၍ လှည်းကူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တံတားဦး၊ နေပြည်တော် စသည့် ဒေသများတွင်လည်း မော်လမြိုင်မြို့နည်းတူ နေရာပြောင်းလဲကျင်းပရသည့်အတွက် ကသိကအောက်ဖြစ်ခဲ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိမည်ဟုသိရပြီး ၄င်းညတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (mndf) နှင့် မိတ်ဆုံညစာစားပွဲ ဖိတ်ကြားထားကြောင်း (MNDF) အထွေထွေအတွင်းရေးမှုး ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    ဒေါက်တာမင်းစိုးလင်းက “ဒေါ်စုက ၁၀ ရက်နေ့ မော်လမြိုင်မှာအိပ်မယ်၊ ကျနော်တို့ ပါတီခေါင်းဆောင်တွေနဲ့ ညစာစားပွဲ ဖိတ်ထားပါတယ်၊ နေရာအတိအကျမသတ်မှတ်ရသေးဘူး၊ လူထုဟောပြောပွဲကိုတော့ ၁၁ ရက်နေ့ မနက်စောစောမှာ စမယ်လို့တော့ ပြောတယ်၊ အဲဒီနေ့ပဲ ရန်ကုန်ကို ပြန်ဖို့ သူတို့ စီစဉ်ထားတယ်” ဟု ပြောသည်။

    မော်လမြိုင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ လစ်လပ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုထုဟောကြားမှုများ အင်းအားတောင့်တင်းနေသည့်အတွက် မော်လမြိုင်မြို့နယ်မဲဆန္ဒရှင်များက NLD ပါတီကို ပိုမိုထောက်ခံအားပေးလိမ့်မည်ဟု မွန်သံဃာတော်များက သုံးသပ်ပြောဆို နေကြသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. ပတ္တမြားရွှေဂူ

      ပြစ်မရှိ ပြစ်ရှာ
      လမင်းကို ခွေးဟောင်လို့
      ရွှေလရောင် ပြောင်မပျက်တယ်
      ထွန်းလျက်ပင်သာ။
      မြရွှေဂူ ပတ္တမြားကိုလ
      ဝက်များက ငြူစူစွာ
      ညွန်လူးကာတိုက်နဲ။
      ပွတ်လေလေ
      ဂူရွှေမှာ အရောင်ထွက်တယ်
      ရှေးကထက်ကဲ။
      ( မန်လည်ဆရာတော် )

    2. မွန်လူမျိုးအပေါင်းတို့ခင်ဗျားကရင်ပြည်နယ်ဘုရားသုံးဆူမြို့တွင်“မွန်ပြည်ပြန်လည်ထူးထောင်ရေး”အဖွဲ့ဆိုပြီးငွေကြေးချမ်းသာသူများအားပြန်ပေးဆွဲဖုန်းဆက်ငွေတောင်းနေပါတယ်….
      မွန်ပြည်သစ်ပါတီမှလူများဟုပြောဆိုနေကြပါတယ်..တကယ်ပဲမွန်တွေဟာသူပုန်တွေလား..
      ဒမြတွေလားသိချင်ပါတယ်…

    3. စကားပြောတာဟာကြည့်ပြီးပြောပါခင်ဗျာ..မျိုးဂုဏ်သိက်ခါတော့မပတ်သက်စေနဲ့..လက်မ.မကောင်းရင်လက်မဖြတ်ပါ..ဗမာစစ်တပ်ကရော ခွေးစစ်တတ်လား..ဗမာစည်းရုံးရေးကရော ခွေးစည်းရုံးရေးလား..ဗမာစိတ်ဓါတ်ကရော
      ခွေးစိတ်ဓါတ်လား..

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts