spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းတရုတ်သို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေမှုရပ်ဆိုင်းရန် ရွှေဂက်စ်မှတောင်းဆို

    တရုတ်သို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေမှုရပ်ဆိုင်းရန် ရွှေဂက်စ်မှတောင်းဆို

    -

    ခတ္တာနွန် – ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ လက်ရှိသွယ်တန်းနေသော သဘာဝဓါတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(ရွှေဂတ်စ်)အဖွဲ့မှ ဦးဆောင်၍ ရ ကြိမ်မြောက်လှုပ်ရှားမှုတစ်ရပ်ကို ထိုင်းနိုင်ငံတွင် နှစ်နေရာခွဲ၍ ပြုလုပ်ခဲ့သည်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့နှင့် ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တို့၌ ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ အခုသွယ်တန်းနေတဲ့ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ရပ်ဆိုင်းပေးဖို့ကိုပဲ အဓိကတောငး်ဆိုနေတာဖြစ်ပါတယ်၊ ဒီတစ်ချက်ကိုပဲ တောင်းဆိုတာပါ” ဟု ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောသည်။

    တရုတ်ပြည်မှသဘာဝဓာတ်ငွေ့ပိုက်လိုင်းများ(Photo-Internet)
    တရုတ်ပြည်မှသဘာဝဓာတ်ငွေ့ပိုက်လိုင်းများ(Photo-Internet)
    ယင်စီမံကိန်းနှင့် စပ်လျှဉ်း၍ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို မီးမောင်းထိုးပြနိုင်ရန်နှင့် ဒေသခံတိုင်းရင်းသားများအရေး အကာအကွယ်ပေးနိုင်ရန်အတွက် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းဆိုင်းငံ့ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

    “ကျနော်တို့ ဆိုင်းပုဒ်တွေ ထောင်တယ်၊ ပိုစတာကပ်တယ်၊ တောင်းဆိုချက်တွေကို ဖတ်ပြတယ်၊ ကြွေးကျော်သံတွေကိုလည်း ကျနော်တို့ အော်တယ်” ဟု ဦးဝင်းအောင်က ဆက်ပြောသည်။

    ၎င်းလှုပ်ရှားမှုတွင်ရွှေဂက်စ်အဖွဲ့ဝင်များအပြင် ဒီမိုကရေစီတက်ကြွလှုပ်ရှာသူများအင်အား ၃၀ ကျော်လည််းပါဝင်ကြောင်း ဦးဝင်းအောင်ပြောပြချက်အရ သိရသည်။

    “ဒီလှုပ်ရှားမှုက ရခိုင်လူထုရဲ့ ဆန္ဒကို ဖော်ထုတ်တာပဲ၊ ဒါဟာ ရခိုင်လူထုရဲ့ ဆန္ဒလည်းဖြစ်နေတယ်၊ ဒါကို အစိုးရအနေနဲ့ အလေးထားသင့်ပါတယ်၊ ဒီဓါတ်ငွေပိုက်လိုင်းကို အစိုးရကရခိုင်ပြည်သူတွေအတွက် အသုံးပြုခွင့်ပေးမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ၂၄ နာရီ မီးရရှိမယ်” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ပြောသည်။

    လက်ရှိမြန်မာအစိုးရအကောင်အထည်ဖေါ်နေသော ပိုက်လိုင်းသွယ်တန်းနေသည့်အစီအစဉ်သည် ရခိုင်ဒေသမှ ထွက်သောသဘာဝဓာတ်ငွေများကို ရခိုင်ပြည်သူများ သုံးစွဲခွင့်မရရှိသည့်အတွက် လုံးဝသဘာဝမကျကြောင်း ဦးခိုင်စိုးနိုင်အောင်က သုံးသပ်သည်။

    သဘာဝဓာတ်ငွေ့ ၂ဝဝ ဘီလီယံ ကုဗမီတာ ထွက်ရှိမည့် ရခိုင်ကမ်းလွန်ပင်လယ်ပြင် အတွင်းရှိ ရွှေဂက်စ်လုပ်ကွက်များကို ၂ဝဝ၃ ခုနှစ်မှ စတင်တွေ့ရှိခဲ့ပြီး ၂,၈ဝဝ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သွယ်တန်းယူဆောင်မည် ဖြစ်သည်။

    ရခိုင်ပြည်နယ်မှသဘာဝဓါတ်ငွေ့သည် ခန့်မှန်းကုဗပေ ၄.၅ ထြီလီလျံ မှ ရ.၇ ထြီလီလျံထိ ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ်မှ နှစ်ပေါင်း ၃၀ ခန့်အတွင်း ဒေါ်လာ ၂၉ ဘီလီယံခန့်ရရှိမည်ဟု သတင်းမှတ်တမ်းများတွင်ရေးသားကြသည်။

    ယနေ့ရွှေဂက်စ်လှုပ်ရှားမှုသည် ထိုင်းနိုင်ငံအပြင်၊ မြန်မာနိုင်ငံအတွင်းနှင့် အခြားသောကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ပြုလုပ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts