spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းလာမည့်ရွေးကောက်ပွဲတွင် မဲအရေအတွက် လျော့နည်းဖွယ်ရှိဟု AMDP ပြော

    လာမည့်ရွေးကောက်ပွဲတွင် မဲအရေအတွက် လျော့နည်းဖွယ်ရှိဟု AMDP ပြော

    -

    ကျလွန်းထော – လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ဝင်ပြိုင်မည့် မော်လမြိုင်မြို့တွင် မဲအရေအတွက် လျော့နည်းဖွယ်ရှိနိုင်ကြောင်း ပါတီဥက္ကဋ္ဌက ပြောသည်။

    မော်လမြိုင်မြို့မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီပါတီ NLD နှင့် အပြိုင် ဝင်ရွေးရသည့်အတွက် မွန်ပါတီအတွက် မဲလျော့နည်းလာနိုင်ဖွယ် ရှိသော်လည်း မော်လမြိုင်မြို့နယ်ရှိ ကျေးရွာအများစုမှ ထောက်ခံအားပေးမှု ရရှိနေသည်ဟု ပါတီဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

    ၄င်းက “မော်လမြိုင်မြို့ပေါ်မှာတော့ ထောက်ခံမှုအား နည်းနည်းလျော့သွားမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုပါတီကို ထောက်ခံတဲ့သူတွေ များနေတယ်၊ ဒါပေမယ့် အခု စည်းရုံးရေးဆင်းနေတဲ့ကာလမှာတော့ ရွာတွေဘက်မှာဆိုရင် မွန်လူထုတွေရဲ့ ထောက်ခံ အားပေးမှု အပြည့်အဝရှိနေပါတယ်”

    AMDP သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့တွင် တနေရာသာ ဝင်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၄၁) နေရာတွင် စည်းရုံးရေးဆင်းနေသည်။

    “အခု ရွေးကောက်ပွဲဝင် ဒေါ်မြင့်မြင့်ဝေနဲ့အတူ စည်းရုံးရေး ဆင်းနေဆဲပဲ၊ ပါတီဝင်ထားတဲ့အိမ်ကို သွားတယ်၊ ပြီးတော့ ပြည်သူတွေကို စုပြီး ဟောပြော စည်းရုံးပါတယ်” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။

    မွန်ပြည်နယ်၌ လစ်လပ်နေသည့် တစ်ခုတည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာတွင် AMDP မှ ဒေါ်မြင့်မြင့်ဝေ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီ (NLD) မှ ဒေါ်ခင်ဌေးကြွယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးအောင်သန်းဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

    မဲဆွယ်ကာလအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ပါတီရုံးများအပြင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် တနင်္သာရီတိုင်း၊ ရေးဖြူမြို့တို့တွင် ရုံးသစ်များ ထပ်မံဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ပါတီ (ဗဟို) ရုံးတာဝန်ခံ နိုင်စံတင်က ပြောသည်။

    နိုင်စံတင် “ဒီမော်လမြိုင်မြို့ပေါ်မှာကြတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ကျေးရွာရုံးတွေ ဖွင့်ထားတယ်၊ ပြီးတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာလည်း ရုံးဖွင့်ဖို့ ခွင့်ရထားပြီးပြီ၊ လောလောဆယ်တော့ မဖွင့်ရသေးဘူး” ရုပ်မြင်သံကြား မဲဆွယ်စည်းရုံးရေးကို လာမည့် မတ်လ ၉ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် အသံလွှင့်သွားမည်ဖြစ်ပြီး မည်သူ တာဝန်ယူ အသံလွှင့်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ၄င်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ကြားဖြတ်ရွှေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့ထိ စည်းရုံးရေး ဆင်းသွားမည် ဖြစ်ကြောင်း ပါတီက ပြောသည်။
    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ အမာတ်လောင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရရှိခဲ့သည်။

    ကြားဖြတ်ရွှေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံးတွင် လစ်လပ်နေရာ (၄၈) ခုရှိပြီး ပါတီပေါင်း (၁၉) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts