spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းအပစ်ခတ်ရပ်စဲရေးကို အဓိကထား ဆွေးနွေးမည်ဟု KNPP ပြော

    အပစ်ခတ်ရပ်စဲရေးကို အဓိကထား ဆွေးနွေးမည်ဟု KNPP ပြော

    -

    လွတ်လပ်သောမွန်သတၚ်အေဂျၚ်စီ – ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ လာမည့် မတ်လ ပထမအပတ်တွင်တွေ့ဆုံကြမည်ဖြစ်ပြီး ထိုတွေ့ဆုံပွဲ၌ အပစ်ခတ်ရပ်စဲရေးကိစ္စကို အဓိကထား ဆွေးနွေးသွားမည် KNPP က ပြောသည်။

    အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နှင့် KNPP တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Ktime)
    “ကျနော်တို့ စစ်ရေးကိစ္စကို အဓိကထား ပြေလည်အောင် ဆွေးနွေးမှာပါ၊ အစိုးရဘက်က အပစ်ရပ်ဖို့ လက်မှတ်ထိုးစေချင်တယ်၊ တခြားအဖွဲ့တွေ လက်မှတ်ထိုးခဲ့သလိုပဲ ကျနော်တို့ကိုလည်း လက်မှတ်ထိုးဖို့ ယေဘုယျသဘောဖြင့် ပြီးခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြောထားတာရှိတယ်၊ ဒါပေမယ့် စစ်ကိစ္စ ပြေလည်မှပဲ လက်မှတ်ထိုးနိုင်ဖို့အခြေအနေရှိမှ လက်မှတ်ထိုးမှာပါ” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

    KNPP အနေဖြင့် အပစ်ခတ်ရပ်စဲရေးအပြင် ပြည်တွင်းရှိ ဒုက္ခရောက်နေကြသည့် ကရင်နီပြည်သူများကိစ္စ၊ လယ်ယာမြေသိမ်းခံရခြင်းကိစ္စ၊ နယ်မြေသတ်မှတ်ခြင်း၊ ကရင်နီတပ်ဖွဲ့တို့၏ နေရာချထားမှု၊ လုပ်ကိုင်စားသောက်မှုနှင့် နေထိုင်သွားလာမှုကိစ္စ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားမှုကိစ္စ အစရှိသည်တို့ကိုလည်း အသေးစိတ်ဆွေးနွေးသွားမည်ဟု ခူဦးရယ်က ပြောသည်။

    ၄င်းက “လယ်မြေသိမ်းတဲ့ကိစ္စလည်း ထပ်ဆွေးနွေးသွားမှာပါ၊ ပြီးခဲ့တဲ့အပတ်ကလည်း အခုလို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကာလမှာ ကရင်နီဒေသအတွင်းက လယ်ယာမြေသိမ်းဆည်းမှုတွေ စီမံကိန်းတွေကို ရပ်တန့်ထားပေးဖို့ တင်ပြထားတာရှိတယ်”

    KNPP သည် တတိယအကြိမ်အနေဖြင့် မတ်လမထပအပတ်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

    မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံမည်ဟု ဝန်ကြီးဦးအောင်မင်းပြောဆိုခြင်းသည် နှစ်ဖက်ညှိနှိုင်းမှုမရှိပဲ တဘက်သတ် ပြောဆိုခြင်းဖြစ်သည်ဟုလည်း ခူဦးရယ်က ပြောသည်။

    ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဦးအောင်မင်းဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁ ခူဦးရယ်ဦးဆောင်ပြီး ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်နှင့် ဗဟိုကော်မတီဝင် ပလုရယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။

    ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

    ထိုတွေ့ဆုံပွဲတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အပြန်အလှန် ဆက်ဆံရေး အဖွဲ့ ထားရှိပြီး ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားရှိရန်၊ လက်နက် မပါဘဲ နယ်မြေ ဖြတ်ကျော်ခွင့်အပြင် ဗဟိုအစိုးရနှင့် ဆွေးနွေးရန်၊ အချိန်နှင့် တွေ့ဆုံမည့် နေရာ သတ်မှတ်ရန် စသည့်အချက်များ အစိုးရကိုယ်စားလှယ်ဘက်က တင်ပြဆွေးနွေးခဲ့ကြသည်။

    KNPP နှင့် အစိုးရတို့ကြား အပစ်ခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး နဝတ၊ နအဖ အစိုးရတို့ လက်ထက်ကပင် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်မှာ ယနေ့ထိပင်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts